Button Text! Submit original article and get paid. Find out More

အျပစ္မရွိဘဲ ျပစ္ဒဏ္က်ခံေနရတဲ့ ငါန္းဇြန္နယ္က ကေလးမေလးကုိ သမၼတႀကီး ကယ္တင္ေပးပါ။

အျပစ္မရွိဘဲ ျပစ္ဒဏ္က်ခံေနရတဲ့ ငါန္းဇြန္နယ္က ကေလးမေလးကုိ သမၼတႀကီး ကယ္တင္ေပးပါ။

သူမအမႈက အေမရိကန္ႏိုင္ငံသားတစ္ဦးက ေဆးေျခာက္အႏြယ္ဝင္ ေလွ်ာ္ပင္ကို စမ္းသပ္စိုက္ပ်ဳိးတဲ ့ၿခံကို မူးယစ္ေဆး ထုတ္လုပ္ႏိုင္မွဳနဲ ့ဖမ္းေတာ့ အလုပ္သမအျဖစ္ရွိေနခ်ိန္ျဖစ္လို ့အမွဳတြဲ ပါလာရတယ္။

ဆင္းရဲလို ့သူတပါးထံမွာ အလုပ္သမားျဖစ္ရခ်ိန္မွာ မိမိကိုယ္တိုင္မသိဘဲ ဥပေဒနဲ ့ၿငိစြန္းလို ့ျဖစ္ရတဲ ့အမွဳဗ်ာ။ ရုံးထုတ္မွာ သူမကိုျမင္ရတဲ ့တာဝန္က်ရဲဝန္ထမ္း စိတ္ခံစားေနရပုံနဲ ့ သူမ၏ မိဘေတြ ခံစားေနရပုံကေတာ့ျဖင့္ က်ေနာ္ အလြန္စိတ္ထိခိုက္မိပါတယ္

ဟိုတစ္ႏွစ္ဆီကလည္း ဆယ္တန္းကိုဂုဏ္ထူးေတြနဲ ့ေအာင္ထားတဲ ့ကေလးမတစ္ဦး ေငြလိုလို ့ေဈးဆိုင္မွာ အေရာင္းဝင္ လုပ္တယ္။ ဆိုင္က မူးယစ္ေဆးနဲ ့ၿငိလို ့အဖမ္းခံရ ေထာင္က်တယ္။ ႏိုင္ငံေတာ္ သမၼတႀကီး ေမတၱာေၾကာင့္ လြတ္ၿငိမ္းခြင့္ ရတယ္။ ငါန္းဇြန္က ကေလးမကိုလည္း သူမတကယ္မသိလို ့အလုပ္ဝင္ပါတယ္ဆိုတာ ထင္ရွားလွ်င္ သမၼတႀကီး ေမတၱာ ထားေပးပါခင္ဗ်ာ။

အလုပ္ရွင္မ်ား၏ မရိုးသားမွဳေၾကာင့္ ကေလးေတြ ဒုကၡေရာက္ၾကတာျဖင့္ အျဖဴကို အနက္ဆိုးလိုက္ၾကလိုပါဘဲ။ အလုပ္ရွင္ ဆိုတာ အလုပ္သမားေတြကို မိမိညီအကိုေမာင္ႏွမ သားသမီးလို သေဘားထားရတယ္ ဒါမွ အလုပ္သမားေတြ ဘဝလုံၿခံဳ တယ္။

လူတစ္ေယာက္ဗ်ာ။ သူ႔အိမ္မွာ အလုပ္လုပ္တဲ ့အလုပ္သမားေကာင္မေလး ေရခ်ဳိးၿပီး အဝတ္လဲေနတာကို ေန႔စဥ္ ေခ်ာင္းၾကည့္တယ္။ မိန္းကေလးက မိသြားေတာ့ ေတာင္းပန္သလိုနဲ ့ ကိုင္တြယ္တယ္။ က်ေနာ့ အာေဘာ္အတိုင္း သူ ့ကို ခပ္ရႊန္းရႊန္းနာမည္ေျပာင္ေပးလိုက္တာ သူ ့အေၾကာင္းသိသူေတြအၾကား ၿပံဳးတုံ ့တုံ ့ျဖစ္ကုန္ေတာ့ ဒိလူ က်ေနာ့ကို စိတ္ဆိုးေလရဲ ့။ အလုပ္ရွင္တိုင္း အလုပ္သမားေတြ ဘဝကို ကာကြယ္ပါ လုံၿခံဳမွဳေပးၾကပါ။

Credit – Zaw Naing

……………………………………..

unicode

အပြစ်မရှိဘဲ ပြစ်ဒဏ်ကျခံနေရတဲ့ ငါန်းဇွန်နယ်က ကလေးမလေးကို သမ္မတကြီး ကယ်တင်ပေးပါ။

သူမအမှုက အမေရိကန်နိုင်ငံသားတစ်ဦးက ဆေးခြောက်အနွယ်ဝင် လျှော်ပင်ကို စမ်းသပ်စိုက်ပျိုးတဲ ့ခြံကို မူးယစ်ဆေး ထုတ်လုပ်နိုင်မှုနဲ ့ဖမ်းတော့ အလုပ်သမအဖြစ်ရှိနေချိန်ဖြစ်လို ့အမှုတွဲ ပါလာရတယ်။

ဆင်းရဲလို ့သူတပါးထံမှာ အလုပ်သမားဖြစ်ရချိန်မှာ မိမိကိုယ်တိုင်မသိဘဲ ဥပဒေနဲ ့ငြိစွန်းလို ့ဖြစ်ရတဲ ့အမှုဗျာ။ ရုံးထုတ်မှာ သူမကိုမြင်ရတဲ ့တာဝန်ကျရဲဝန်ထမ်း စိတ်ခံစားနေရပုံနဲ ့ သူမ၏ မိဘတွေ ခံစားနေရပုံကတော့ဖြင့် ကျနော် အလွန်စိတ်ထိခိုက်မိပါတယ်။

ဟိုတစ်နှစ်ဆီကလည်း ဆယ်တန်းကိုဂုဏ်ထူးတွေနဲ ့အောင်ထားတဲ ့ကလေးမတစ်ဦး ငွေလိုလို ့ဈေးဆိုင်မှာ အရောင်းဝင် လုပ်တယ်။ ဆိုင်က မူးယစ်ဆေးနဲ ့ငြိလို ့အဖမ်းခံရ ထောင်ကျတယ်။ နိုင်ငံတော် သမ္မတကြီး မေတ္တာကြောင့် လွတ်ငြိမ်းခွင့် ရတယ်။ ငါန်းဇွန်က ကလေးမကိုလည်း သူမတကယ်မသိလို ့အလုပ်ဝင်ပါတယ်ဆိုတာ ထင်ရှားလျှင် သမ္မတကြီး မေတ္တာ ထားပေးပါခင်ဗျာ။

အလုပ်ရှင်များ၏ မရိုးသားမှုကြောင့် ကလေးတွေ ဒုက္ခရောက်ကြတာဖြင့် အဖြူကို အနက်ဆိုးလိုက်ကြလိုပါဘဲ။ အလုပ်ရှင် ဆိုတာ အလုပ်သမားတွေကို မိမိညီအကိုမောင်နှမ သားသမီးလို သဘေားထားရတယ် ဒါမှ အလုပ်သမားတွေ ဘဝလုံခြုံ တယ်။

လူတစ်ယောက်ဗျာ။ သူ့အိမ်မှာ အလုပ်လုပ်တဲ ့အလုပ်သမားကောင်မလေး ရေချိုးပြီး အဝတ်လဲနေတာကို နေ့စဉ် ချောင်းကြည့်တယ်။ မိန်းကလေးက မိသွားတော့ တောင်းပန်သလိုနဲ ့ ကိုင်တွယ်တယ်။ ကျနော့ အာဘော်အတိုင်း သူ ့ကို ခပ်ရွှန်းရွှန်းနာမည်ပြောင်ပေးလိုက်တာ သူ ့အကြောင်းသိသူတွေအကြား ပြံုးတုံ ့တုံ ့ဖြစ်ကုန်တော့ ဒိလူ ကျနော့ကို စိတ်ဆိုးလေရဲ ့။ အလုပ်ရှင်တိုင်း အလုပ်သမားတွေ ဘဝကို ကာကွယ်ပါ လုံခြံုမှုပေးကြပါ။

Credit – Zaw Naing