Button Text! Submit original article and get paid. Find out More

Live လႊင့္ၿပီး ေရဘဝဲ အစိမ္းစားျပရာ ေရဘဝဲ၏ တိုက္ခိုက္ျခင္းကို ခံရေသာ အမ်ဳိးသမီး

ပင္လယ္စာေတြကို ကမာၻတစ္ဝွမ္းက လူေတြက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စားသုံးၾကပါတယ္။ ပင္လယ္စာကို နည္းအမ်ိဳးမ်ိဳးနဲ႔ ဖန္တီးၿပီး စားေသာက္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ ေရခဲေသတၱာထဲေတာင္ မထည့္ဘဲ လတ္လတ္ဆတ္ဆတ္ အစိမ္းစား ၾကပါတယ္။

ေရဘဝဲက ပန္းကန္ထဲမွာ လူးလြန႔္ေနၿပီး ေရဘဝဲရဲ႕ လက္ေတြကိုစားတဲ့ Video ေတြ အမ်ားႀကီး ရွိပါတယ္။ တခ်ိဳ႕ဆို ေရဘဝဲ အရွင္ရဲ႕ လက္ေတြကို အခ်ဥ္ရည္ထဲ ႏွစ္ၿပီး စားၾကပါတယ္။ ၿပီးေတာ့ ေရဘဝဲ လက္ေတြက လွ်ာနဲ႔လည္ေခ်ာင္းကို မရစ္တြယ္ခင္မွာ ျမန္ျမန္ ဝါးစားလိုက္ ၾကပါတယ္

အဲဒီလို အစိမ္းစားလိုက္တာဟာ အေတာ္ကို အသည္းယားစရာ ေကာင္းပါတယ္။ Jiangsu စီရင္စု Lianyungang ၿမိဳ႕က အမ်ိဳးသမီးတစ္ေယာက္ဟာ ျပည္ႀကီးငါး ေပါက္စေတြကို စားလို႔ရရဲ႕သားနဲ႔ သူမရဲ႕ေခါင္းထက္ ႀကီးတဲ့ ေရဘဝဲေတြကို ကိုင္ၿပီး စားျပႏိုင္တယ္လို႔ ကိုယ့္ကိုယ္ကိုယုံၾကည္ခဲ့ပါတယ္

ဒီအမ်ိဴးသမီးက Seaside Girl Little Seven ဆိုၿပီးSocial Media ေတြေပၚမွာ ထင္ရွားပါတယ္။ သူမဟာ Live လႊင့္ၿပီးေတာ့ အစာစားျပတဲ့ Blogger တစ္ဦးလည္းျဖစ္ပါတယ္။ တစ္ေန႔မွာေတာ့ သူမဟာ အႀကံေကာင္း တစ္ခုကို ရသြားပါတယ္။

50 sec ၾကာျမင့္တဲ့ Video ထဲမွာ သူမဟာ မ်က္ႏွာနီးပါး ႀကီးမားတဲ့ ေရဘဝရဲ႕ လက္တစ္ေခ်ာင္းကို ကိုက္ဖို႔ ႀကိဳးစားေနပါတယ္။ ဒါေပမယ့္ ေရဘဝဲက သူမရဲ႕မ်က္ႏွာ ဘယ္ဘက္ကို လာကပ္တဲ့ အတြက္ေၾကာင့္ Seaside Girl အလန႔္တၾကား ေအာ္မိသြားပါတယ္

Seaside Girl ဟာ ေရဘဝဲကို မ်က္ႏွာကေန ဖယ္ထုတ္ပါတယ္။ သူမထင္ထားတာထက္ ကိုခက္ခဲေနပါတယ္။ ေရဘဝဲဟာ ေသသြားခဲ့ေပမယ့္ လက္ေတြက ရွင္သန္ေနေသးတာကို သူမ မသိခဲ့တာပါ…

ေရဘဝရဲ႕ လက္ေတြက သူမရဲ႕ ႏႈတ္ခမ္း၊ ပါး၊ မ်က္ခြံေတြမွာ ခိုင္ခိုင္ၿမဲၿမဲ တြယ္ကပ္ေနလို႔ နာၿပီးေအာ္ငိုေနခဲ့ပါတယ္။ 30 sec ၾကာ ဖယ္ရွားၿပီးတဲ့ေနာက္မွာေတာ့ ေရဘဝဲက မ်က္ႏွာကို မကပ္ေတာ့ပါဘူး။ ေနာက္ Video မွာ ေရဘဝဲ စားျပမယ္လို႔လဲ ၾကည့္ရွဴသူေတြကို ေျပာပါတယ္။

ေရဘဝဲရဲ႕ လက္ေတြက သူမရဲ႕ မ်က္ႏွာကို ကပ္တြယ္သြားတာေၾကာင့္ အေပါက္ေလးေတြ ျဖစ္သြားၿပီး ေသြးထြက္ေနခဲ့ပါတယ္။ ေရဘဝဲကေတာ့ ေသသြားေပမယ့္ အစြမ္းရွိသေလာက္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္သြား ခဲ့ပါတယ္…

Zombie(Loveအတိုအစေလးမ်ား)

…………………………….

unicode

ပင်လယ်စာတွေကို ကမ္ဘာတစ်ဝှမ်းက လူတွေက နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပါတယ်။ ပင်လယ်စာကို နည်းအမျိုးမျိုးနဲ့ ဖန်တီးပြီး စားသောက်ကြပါတယ်။ တချို့ကတော့ ရေခဲသေတ္တာထဲတောင် မထည့်ဘဲ လတ်လတ်ဆတ်ဆတ် အစိမ်းစား ကြပါတယ်။

ရေဘဝဲက ပန်းကန်ထဲမှာ လူးလွန့်နေပြီး ရေဘဝဲရဲ့ လက်တွေကိုစားတဲ့ Video တွေ အများကြီး ရှိပါတယ်။ တချို့ဆို ရေဘဝဲ အရှင်ရဲ့ လက်တွေကို အချဉ်ရည်ထဲ နှစ်ပြီး စားကြပါတယ်။ ပြီးတော့ ရေဘဝဲ လက်တွေက လျှာနဲ့လည်ချောင်းကို မရစ်တွယ်ခင်မှာ မြန်မြန် ဝါးစားလိုက် ကြပါတယ်။

အဲဒီလို အစိမ်းစားလိုက်တာဟာ အတော်ကို အသည်းယားစရာ ကောင်းပါတယ်။ Jiangsu စီရင်စု Lianyungang မြို့က အမျိုးသမီးတစ်ယောက်ဟာ ပြည်ကြီးငါး ပေါက်စတွေကို စားလို့ရရဲ့သားနဲ့ သူမရဲ့ခေါင်းထက် ကြီးတဲ့ ရေဘဝဲတွေကို ကိုင်ပြီး စားပြနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်ခဲ့ပါတယ်။

ဒီအမျိူးသမီးက Seaside Girl Little Seven ဆိုပြီးSocial Media တွေပေါ်မှာ ထင်ရှားပါတယ်။ သူမဟာ Live လွှင့်ပြီးတော့ အစာစားပြတဲ့ Blogger တစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမဟာ အကြံကောင်း တစ်ခုကို ရသွားပါတယ်။

50 sec ကြာမြင့်တဲ့ Video ထဲမှာ သူမဟာ မျက်နှာနီးပါး ကြီးမားတဲ့ ရေဘဝရဲ့ လက်တစ်ချောင်းကို ကိုက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ရေဘဝဲက သူမရဲ့မျက်နှာ ဘယ်ဘက်ကို လာကပ်တဲ့ အတွက်ကြောင့် Seaside Girl အလန့်တကြား အော်မိသွားပါတယ်။

Seaside Girl ဟာ ရေဘဝဲကို မျက်နှာကနေ ဖယ်ထုတ်ပါတယ်။ သူမထင်ထားတာထက် ကိုခက်ခဲနေပါတယ်။ ရေဘဝဲဟာ သေသွားခဲ့ပေမယ့် လက်တွေက ရှင်သန်နေသေးတာကို သူမ မသိခဲ့တာပါ…

ရေဘဝရဲ့ လက်တွေက သူမရဲ့ နှုတ်ခမ်း၊ ပါး၊ မျက်ခွံတွေမှာ ခိုင်ခိုင်မြဲမြဲ တွယ်ကပ်နေလို့ နာပြီးအော်ငိုနေခဲ့ပါတယ်။ 30 sec ကြာ ဖယ်ရှားပြီးတဲ့နောက်မှာတော့ ရေဘဝဲက မျက်နှာကို မကပ်တော့ပါဘူး။ နောက် Video မှာ ရေဘဝဲ စားပြမယ်လို့လဲ ကြည့်ရှူသူတွေကို ပြောပါတယ်။

ရေဘဝဲရဲ့ လက်တွေက သူမရဲ့ မျက်နှာကို ကပ်တွယ်သွားတာကြောင့် အပေါက်လေးတွေ ဖြစ်သွားပြီး သွေးထွက်နေခဲ့ပါတယ်။ ရေဘဝဲကတော့ သေသွားပေမယ့် အစွမ်းရှိသလောက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွား ခဲ့ပါတယ်…

Zombie(Loveအတိုအစလေးများ)