Button Text! Submit original article and get paid. Find out More

ေယာက်ၤားနဲ႔ ခ်ိန္းေတြ႔တဲ႔ မယားငယ္ကို ဓားနဲ႔ခုတ္တဲ႔ မယားႀကီး (၂) ရက္ထဲႏွင့္ ျပန္လြတ္လာ

ေယာက်ၤားျဖစ္သူနဲ႔ ခ်ိန္းေတြ႔တဲ႔ မယားငယ္ကို ဓားနဲ႔ခုတ္တဲ႔ အမ်ိဳးသမီး (၂) ရက္ထဲႏွင့္ ျပန္လြတ္လာ

မႏၲေလးတိုင္းေဒသျကီး ။အမရပူရျမိဳ႕နယ္ ။ အိုးေတာ္တိုက္နယ္ မွိုက္စု ရပ္ကြက္မွ က်ူးေက်ာ္တဲအုပ္စုထဲမွာ 2.5.2019 ည၇ နာရီေလာက္မွာဓားခုတ္မွုျဖစ္ပြားခဲ႔ပါတယ္။ လက္၂ဖက္လံုးအရိုးေတြေပါ္ျပီး ေသြးထြက္လြန္သတိေမ့သြားပါတယ္။အခုထိေဆးရံုမွာပါ။

အခုတ္ခံရသူက မပပ ျဖစ္ျပီး ခုတ္သူက မခင္ေဆြပါ။ ခုတ္ရတဲ႔ အေျကာင္းကေတာ့ မခင္ေဆြေယာက်ၤား ကိုေက်ာ္ဦးနဲ႔ မပပ ခ်ိန္းေတြ႔ေနတုန္းအိမ္ေရွ႔က အျပန္လမ္းမွာေစာင့္ခုတ္တာပါ။ 2 ရက္ေန့ညကခုတ္လို့ဖမ္းသြားတာ 4 ရက္ေန့ ျပန္လြတ္လာပါျပီ ။မပပကို ၆သိန္း ရဲကို ၂သိန္းေပးရပါတယ္လို့ေျပာပါတယ္။

မပပ ေယာက်ၤားကေတာ့ေထာင္ထဲမွာပါ ။ကိုေက်ာ္ဦးကလည္းေထာင္ထြက္ပါ။ ကိုေက်ာ္ဦးေရာမခင္ေဆြ ၂ ေယာက္စလံုး အမရပူရျမို့နယ္တရားရံုးမွာ လူရိုက္မွုနဲ႔ အခုလက္ရွိ အမွုရင္ဆိုင္ေနရဆဲပါ။ ” ငါးခံုးမတေကာင္ေျကာင့္တေလွလံုးပုပ္ ” ဆိုသလို အခုလိုမျကာခဏ ရာဇဝတ္မွုက်ူးလြန္တတ္တဲ႔ ရွုပ္ေထြးေပြလီေနတဲ႔က်ူးေက်ာ္ရပ္ကြက္ေျကာင့္ က်ြန္ေတာ္တို့ အမရပူရ မိွုက္စုသားေတြပါေရာျပီး နာမည္ပ်က္ေနတာျကာပါျပီ။

ပထမျကားတာက အာမခံနဲ႔လြတ္သလိုလိုနဲ႔ အခုေနာက္ဆံုးျကားသိရသေလာက္ကေတာ့ ၂ဖက္ညွိႏွိုင္းေရာ္ေျကးေပးေျကေအးျပီးအမွုပိတ္လိုက္ျပီလို့သိရပါတယ္။မပပကို ၆သိန္းရဲကို၂သိန္းေပးရပါတယ္။ ေနာက္ဆက္တြဲသတင္းေတြလည္းဆက္တင္ေပးသြားပါမယ္။

က်ြန္ေတာ္တို့သိလိုတာက ဓားခုတ္မွု အာမခံေပးလို့ရလား ေျကေအးလို့ရလားဆိုတာကိုပါ။ က်ူးလြန္သူဟာ တရားရံုးမွာအာမခံနဲ႔အမွုရင္ဆိုင္ေနဆဲမွာ ထပ္မံျပစ္မွုက်ူးလြန္တာပါ။ အခုေကာထပ္ျပီးက်ူးလြန္မလား မက်ူးလြန္ဘူးလားဘယ္သူမွမသိႏိုင္ပါ။

ရပ္ကြက္လူျကီး ဦးသိန္းမင္းစိုး လည္း သူတို့ကိုမထိမ္းနိုင္ပါ။ ဖဲဝိုင္းျဖစ္လို့တိုင္ျကည့္ ။လာဖမ္းရင္မမိဘူး ။ခုေတာ့ဘယ္သူမွလည္းမတိုင္ေတာ့ဘူးေလ။ တိုင္လည္းေမာတာအဖတ္တင္တာပဲ။

ငါးခိုးမွု က်ူးေက်ာ္မွု ဖဲဝိုင္း ေတြလြတ္တာသိပ္ျပီးစိတ္ထဲမထားပါဘူး ။ဓားခုတ္မွုလြတ္ေနတာေတာ့ရပ္ကြက္အေနနဲ႔မလံုျခံဳသလိုခံစားရပါတယ္။ သူမ်ားေတြေမးရင္မိွုက္စုသားလို့ေျပာရတာလည္းရွက္လွပါျပီ။ တခ်ို့က မွိုက္စုရပ္ကို အမွိုက္စုရပ္တဲ႔ဗ်ာ ။ လူ့အမွိုက္ေတြစုေနတာတဲ႔ ။ေသခ်ာလည္းစံုစမ္းျကည့္ပါဗ်ာ

။ေရွးဘုရင့္လက္ထက္ကတည္းက နန္တြင္းကိုေရႊထည္ေတြလုပ္ျပီးဆက္သတဲ႔အခါထြက္လာတဲ႔ေရႊမွိုက္ကိုစုျပီးေရႊျပန္ထုတ္ေပးခဲ႔ရတဲ႔ ” ေရႊရပ္ကြက္ “ပါဗ်ာ။ အခု က်ူးေတြေရာက္လာတဲ႔ ၂နွစ္ေလာက္ကစျပီးနာမည္ပ်က္လာတာပါ ။ဆရာ ေဒါက္တာေဇာ္ျမင့္ေမာင္ ေရအားကိုပါရေစဗ်ာ ။

ဆရာ့ဇာတိေျမ ျငိမ္းခ်မ္းေရးအ တြက္တခ်က္ေလာက္ငဲ႔ျကည့္ပါဦးဗ်ာ ။

အမရပူရအိုးေတာ္ရပ္ကြက္လူျကီး ဦးသိန္းမင္းစိုး 09798646878+09771888054

Myo Min Zaw

…………………………….

unicode

ယောကျင်္ားဖြစ်သူနဲ့ ချိန်းတွေ့တဲ့ မယားငယ်ကို ဓားနဲ့ခုတ်တဲ့ အမျိုးသမီး (၂) ရက်ထဲနှင့် ပြန်လွတ်လာ

မန္တလေးတိုင်းဒေသကြီး ။အမရပူရမြို့နယ် ။ အိုးတော်တိုက်နယ် မှိုက်စု ရပ်ကွက်မှ ကျူးကျော်တဲအုပ်စုထဲမှာ 2.5.2019 ညရ နာရီလောက်မှာဓားခုတ်မှုဖြစ်ပွားခဲ့ပါတယ်။ လက်၂ဖက်လုံးအရိုးတွေပေါ်ပြီး သွေးထွက်လွန်သတိမေ့သွားပါတယ်။အခုထိဆေးရုံမှာပါ။

အခုတ်ခံရသူက မပပ ဖြစ်ပြီး ခုတ်သူက မခင်ဆွေပါ။ ခုတ်ရတဲ့ အကြောင်းကတော့ မခင်ဆွေယောကျင်္ား ကိုကျော်ဦးနဲ့ မပပ ချိန်းတွေ့နေတုန်းအိမ်ရှေ့က အပြန်လမ်းမှာစောင့်ခုတ်တာပါ။ 2 ရက်နေ့ညကခုတ်လို့ဖမ်းသွားတာ 4 ရက်နေ့ ပြန်လွတ်လာပါပြီ ။မပပကို ၆သိန်း ရဲကို ၂သိန်းပေးရပါတယ်လို့ပြောပါတယ်။

မပပ ယောကျင်္ားကတော့ထောင်ထဲမှာပါ ။ကိုကျော်ဦးကလည်းထောင်ထွက်ပါ။ ကိုကျော်ဦးရောမခင်ဆွေ ၂ ယောက်စလုံး အမရပူရမြို့နယ်တရားရုံးမှာ လူရိုက်မှုနဲ့ အခုလက်ရှိ အမှုရင်ဆိုင်နေရဆဲပါ။ ” ငါးခုံးမတကောင်ကြောင့်တလှေလုံးပုပ် ” ဆိုသလို အခုလိုမကြာခဏ ရာဇဝတ်မှုကျူးလွန်တတ်တဲ့ ရှုပ်ထွေးပွေလီနေတဲ့ကျူးကျော်ရပ်ကွက်ကြောင့် ကျွန်တော်တို့ အမရပူရ မှိုက်စုသားတွေပါရောပြီး နာမည်ပျက်နေတာကြာပါပြီ။

ပထမကြားတာက အာမခံနဲ့လွတ်သလိုလိုနဲ့ အခုနောက်ဆုံးကြားသိရသလောက်ကတော့ ၂ဖက်ညှိနှိုင်းရော်ကြေးပေးကြေအေးပြီးအမှုပိတ်လိုက်ပြီလို့သိရပါတယ်။မပပကို ၆သိန်းရဲကို၂သိန်းပေးရပါတယ်။ နောက်ဆက်တွဲသတင်းတွေလည်းဆက်တင်ပေးသွားပါမယ်။

ကျွန်တော်တို့သိလိုတာက ဓားခုတ်မှု အာမခံပေးလို့ရလား ကြေအေးလို့ရလားဆိုတာကိုပါ။ ကျူးလွန်သူဟာ တရားရုံးမှာအာမခံနဲ့အမှုရင်ဆိုင်နေဆဲမှာ ထပ်မံပြစ်မှုကျူးလွန်တာပါ။ အခုကောထပ်ပြီးကျူးလွန်မလား မကျူးလွန်ဘူးလားဘယ်သူမှမသိနိုင်ပါ။

ရပ်ကွက်လူကြီး ဦးသိန်းမင်းစိုး လည်း သူတို့ကိုမထိမ်းနိုင်ပါ။ ဖဲဝိုင်းဖြစ်လို့တိုင်ကြည့် ။လာဖမ်းရင်မမိဘူး ။ခုတော့ဘယ်သူမှလည်းမတိုင်တော့ဘူးလေ။ တိုင်လည်းမောတာအဖတ်တင်တာပဲ။

ငါးခိုးမှု ကျူးကျော်မှု ဖဲဝိုင်း တွေလွတ်တာသိပ်ပြီးစိတ်ထဲမထားပါဘူး ။ဓားခုတ်မှုလွတ်နေတာတော့ရပ်ကွက်အနေနဲ့မလုံခြုံသလိုခံစားရပါတယ်။ သူများတွေမေးရင်မှိုက်စုသားလို့ပြောရတာလည်းရှက်လှပါပြီ။ တချို့က မှိုက်စုရပ်ကို အမှိုက်စုရပ်တဲ့ဗျာ ။ လူ့အမှိုက်တွေစုနေတာတဲ့ ။သေချာလည်းစုံစမ်းကြည့်ပါဗျာ

။ရှေးဘုရင့်လက်ထက်ကတည်းက နန်တွင်းကိုရွှေထည်တွေလုပ်ပြီးဆက်သတဲ့အခါထွက်လာတဲ့ရွှေမှိုက်ကိုစုပြီးရွှေပြန်ထုတ်ပေးခဲ့ရတဲ့ ” ရွှေရပ်ကွက် “ပါဗျာ။ အခု ကျူးတွေရောက်လာတဲ့ ၂နှစ်လောက်ကစပြီးနာမည်ပျက်လာတာပါ ။ဆရာ ဒေါက်တာဇော်မြင့်မောင် ရေအားကိုပါရစေဗျာ ။

ဆရာ့ဇာတိမြေ ငြိမ်းချမ်းရေးအ တွက်တချက်လောက်ငဲ့ကြည့်ပါဦးဗျာ ။

အမရပူရအိုးတော်ရပ်ကွက်လူကြီး ဦးသိန်းမင်းစိုး 09798646878+09771888054

Myo Min Zaw