Button Text! Submit original article and get paid. Find out More

ကားရဲ႕Black Box ကေန ထြက္ေပၚလာတာတေြက သံသယျဖစ္စရာေကာင္းေနတယ္လုိ႔ တာ၀န္ရွိသူေတြက ေျပာထားၾကပါတယ္

ၿပီးခဲ့တဲ့ ေမလ ၈ ရက္ေန႔မွာေတာ့ ကိုရီးယားမင္းသမီး Han Jisung ဟာ အျမန္လမ္းမႀကီးေပၚမွာ ကား ၂ စီးဆင့္တုိက္ခံရမႈေၾကာင့္ ကြယ္လြန္သြားခဲ့ရပါတယ္။ အင္ခၽြန္းေလဆိပ္ကိုသြားတဲ့ အျမန္လမ္းတစ္ေနရာမွာ တကၠစီတစ္စီးနဲ႔ အိမ္စီးဆလြန္းကားတစ္စီးရဲ႕ ဆင္႔တိုက္ျခင္းကို ခံခဲ႔ရတာ ျဖစ္ပါတယ္။ Han Jisung ဟာ ခင္ပြန္းျဖစ္သူနဲ႔အတူသြားခဲ့တာျဖစ္ၿပီး ခရီးသည္ခံုမွာ ထိုင္လာတဲ႔ ခင္ပြန္းျဖစ္သူက သန္႔စင္ခန္းသံုးဖို႔ အလ်င္လိုလာတာေၾကာင္႔ ကားကို အခ်က္ျပမီးဖြင္႔ျပီး နီးရာမွာရပ္လိုက္ပါတယ္။ အဲဒီမွာ Han Jisung အေနနဲ႔ ကားအျပင္ဘက္ကို ထြက္ေနတဲ့အခ်ိန္မွာ အဲဒီျဖစ္ရပ္ျဖစ္ပြားခဲ့တာပါ

အေစာပိုင္းမွာေတာ့ ခင္ပြန္းသည္ဟာ သူအေနနဲ႔ သန္႔စင္ခန္းသြားခ်င္လုိ႔ ကားကိုရပ္ခိုင္းခဲ့ေၾကာင္း၊ သူျပန္လာတဲ့အခိ်န္မွာ ယာဥ္တုိက္မႈဟာ ျဖစ္ပြားၿပီးၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကို ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။ ဒါေပ မယ့္ ရဲတပ္ဖြဲ႕ေတြက Han Jisung ကားရဲ႕ Black Box ကို စစ္ၾကည့္လိုက္တဲ့အခါမွာေတာ့ ခင္ပြန္းျဖစ္သူေျပာတဲ့စကားနဲ႔ ကြဲလြဲခ်က္ေတြရွိေနတာေတြ႕ရပါတယ္

Black Box က ဗီဒီယိုဖိုင္ဟာ အသံံမပါေပမယ့္ ရုပ္ေတြကိုေတာ့ ေသေသခ်ာခ်ာ ကြဲကြဲျပားျပား ေတြ႕ျမင္ခဲ့ရပါတယ္။ Black Box မွာေတာ့ ခင္ပြန္းျဖစ္သူ ကားလမ္းတစ္ဖက္ကိုကူးမသြားခင္ ကတည္းက Han Jisung ဟာ ကားထဲကေန ထြက္ခဲ့တာျဖစ္ေၾကာင္း ေတြ႕ျမင္ခဲ့ရပါတယ္

ေနာက္ၿပီး ယာဥ္တုိက္မႈုျဖစ္ပြားတဲ့အခ်ိန္ဟာ ခင္ပြန္းသည္ လမ္းတစ္ဖက္ကိုေရာက္ၿပီး ၁၀ စကၠန္႔အၾကာမွာ ျဖစ္ပြားခဲ့တာျဖစ္ပဲ ျဖစ္ပါတယ္။ ဒါဟာ ခင္ပြန္းသည္အေနနဲ႔ ယာဥ္တုိက္မႈျဖစ္ပြားတာကို လံုး၀မသိႏုိင္စရာမရွိတဲ့ အေျခအေနပါ

ေနာက္ၿပီး ေမလ ၉ ရက္ေန႔မွာ စစ္ေဆးခ်က္ေတြအရလည္း ခင္ပြန္းသည္ဟာ သူ႔ရဲ႕ထြက္ဆုိခ်က္တခ်ိဳ႕ကို ေျပာင္းလဲပစ္ခဲ့ပါတယ္။ ခင္ပြန္းသည္က သူ႕အေနနဲ႕ အဲဒီညမွာ အရက္ေသာက္ထားတဲ့အေၾကာင္းဖြင့္ဟခဲ့တာပါ။ မ်က္ျမင္သက္ေသတစ္ေယာက္ကလည္း “အခုေလးတင္ အဲဒီေနရာကေန ကၽြန္ေတာ္ျဖတ္လာတာပါ။ တစ္စံုတစ္ေယာက္က ကားေနာက္ကေန တစ္ခုခုကို ပစ္ေနတာကိုေတြ႕ခဲ့တယ္”ဆုိၿပီး ေျပာခဲ့ပါတယ္

ကိုရီးယားျပည္သူေတြကလည္း Han Jisung ရဲ႕ေသဆံုးမႈဟာ သာမန္ေသြးရိုးသားရိုးမျဖစ္ႏုိင္ဘဲ ေနာက္ကြယ္မွာ တစ္ခုခုရွိေနႏုိင္တယ္လုိ႔ သံုးသပ္ေနၾကပါတယ္။ ရဲတပ္ဖြဲ႕၀င္ေတြကေတာ့ ဒီကိစၥကိုဆက္လက္စစ္ေဆးမႈ ေတြျပဳလုပ္လ်က္ရွိေနပါတယ္။ ေလာေလာဆယ္မွာေတာ့ သူတို႔ရဲ႕ Credit Card အသံုးျပဳမႈေတြကို စစ္ေဆးလ်က္ရွိေနၿပီး ေသဆံုးသူ Han Jisung နဲ႔ ခင္ပြန္းျဖစ္သူတို႔ အရက္ေသာက္တာကို ေတြ႕ျမင္တဲ့သူေတြကိုလည္း ရွာေဖြလ်က္ရွိေနပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ရွိ Han Jisung ဟာ Kpop အဖဲြ႕တစ္ဖြဲ႕ျဖစ္တဲ့ B.Doll အဖြဲ႕ရဲ႕ အဖြဲ႕၀င္ေဟာင္းတစ္ေယာက္ျဖစ္ၿပီး ၂၀၁၀ ခုႏွစ္မွာ စတင္ Debut လုပ္ခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ Han Jisung ဟာ မင္းသမီး အျဖစ္ ေျပာင္းလဲခဲ့ၿပီး ‘Second to Last Love’ Happy Sisters’ ‘Moonlit Gymnastics’ Sori: Voice from the Heart’ စတဲ့ဇာတ္လမ္းေတြကို ရိုက္ကူးခဲ့ပါတယ္။ Han Jisung ဟာ ၿပီးခဲ့တဲ့ မတ္လကမွ ထိမ္းျမားလက္ ထက္ခဲ့သူျဖစ္ၿပီး သူမရဲ႕စ်ာပနအခမ္းအနားကိုေတာ့ ေမလ ၁၀ ရက္ေန႔မွာ ျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။

credit – momolay

………………………….

unicode

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာတော့ ကိုရီးယားမင်းသမီး Han Jisung ဟာ အမြန်လမ်းမကြီးပေါ်မှာ ကား ၂ စီးဆင့်တိုက်ခံရမှုကြောင့် ကွယ်လွန်သွားခဲ့ရပါတယ်။ အင်ချွန်းလေဆိပ်ကိုသွားတဲ့ အမြန်လမ်းတစ်နေရာမှာ တက္ကစီတစ်စီးနဲ့ အိမ်စီးဆလွန်းကားတစ်စီးရဲ့ ဆင့်တိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ Han Jisung ဟာ ခင်ပွန်းဖြစ်သူနဲ့အတူသွားခဲ့တာဖြစ်ပြီး ခရီးသည်ခုံမှာ ထိုင်လာတဲ့ ခင်ပွန်းဖြစ်သူက သန့်စင်ခန်းသုံးဖို့ အလျင်လိုလာတာကြောင့် ကားကို အချက်ပြမီးဖွင့်ပြီး နီးရာမှာရပ်လိုက်ပါတယ်။ အဲဒီမှာ Han Jisung အနေနဲ့ ကားအပြင်ဘက်ကို ထွက်နေတဲ့အချိန်မှာ အဲဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ

အစောပိုင်းမှာတော့ ခင်ပွန်းသည်ဟာ သူအနေနဲ့ သန့်စင်ခန်းသွားချင်လို့ ကားကိုရပ်ခိုင်းခဲ့ကြောင်း၊ သူပြန်လာတဲ့အချိန်မှာ ယာဉ်တိုက်မှုဟာ ဖြစ်ပွားပြီးပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဒါပေ မယ့် ရဲတပ်ဖွဲ့တွေက Han Jisung ကားရဲ့ Black Box ကို စစ်ကြည့်လိုက်တဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူပြောတဲ့စကားနဲ့ ကွဲလွဲချက်တွေရှိနေတာတွေ့ရပါတယ်။

Black Box က ဗီဒီယိုဖိုင်ဟာ အသံံမပါပေမယ့် ရုပ်တွေကိုတော့ သေသေချာချာ ကွဲကွဲပြားပြား တွေ့မြင်ခဲ့ရပါတယ်။ Black Box မှာတော့ ခင်ပွန်းဖြစ်သူ ကားလမ်းတစ်ဖက်ကိုကူးမသွားခင် ကတည်းက Han Jisung ဟာ ကားထဲကနေ ထွက်ခဲ့တာဖြစ်ကြောင်း တွေ့မြင်ခဲ့ရပါတယ်။

နောက်ပြီး ယာဉ်တိုက်မှုုဖြစ်ပွားတဲ့အချိန်ဟာ ခင်ပွန်းသည် လမ်းတစ်ဖက်ကိုရောက်ပြီး ၁၀ စက္ကန့်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပဲ ဖြစ်ပါတယ်။ ဒါဟာ ခင်ပွန်းသည်အနေနဲ့ ယာဉ်တိုက်မှုဖြစ်ပွားတာကို လုံးဝမသိနိုင်စရာမရှိတဲ့ အခြေအနေပါ။

နောက်ပြီး မေလ ၉ ရက်နေ့မှာ စစ်ဆေးချက်တွေအရလည်း ခင်ပွန်းသည်ဟာ သူ့ရဲ့ထွက်ဆိုချက်တချို့ကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ခင်ပွန်းသည်က သူ့အနေနဲ့ အဲဒီညမှာ အရက်သောက်ထားတဲ့အကြောင်းဖွင့်ဟခဲ့တာပါ။ မျက်မြင်သက်သေတစ်ယောက်ကလည်း “အခုလေးတင် အဲဒီနေရာကနေ ကျွန်တော်ဖြတ်လာတာပါ။ တစ်စုံတစ်ယောက်က ကားနောက်ကနေ တစ်ခုခုကို ပစ်နေတာကိုတွေ့ခဲ့တယ်”ဆိုပြီး ပြောခဲ့ပါတယ်။

ကိုရီးယားပြည်သူတွေကလည်း Han Jisung ရဲ့သေဆုံးမှုဟာ သာမန်သွေးရိုးသားရိုးမဖြစ်နိုင်ဘဲ နောက်ကွယ်မှာ တစ်ခုခုရှိနေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဒီကိစ္စကိုဆက်လက်စစ်ဆေးမှု တွေပြုလုပ်လျက်ရှိနေပါတယ်။ လောလောဆယ်မှာတော့ သူတို့ရဲ့ Credit Card အသုံးပြုမှုတွေကို စစ်ဆေးလျက်ရှိနေပြီး သေဆုံးသူ Han Jisung နဲ့ ခင်ပွန်းဖြစ်သူတို့ အရက်သောက်တာကို တွေ့မြင်တဲ့သူတွေကိုလည်း ရှာဖွေလျက်ရှိနေပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ Han Jisung ဟာ Kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ B.Doll အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ စတင် Debut လုပ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ Han Jisung ဟာ မင်းသမီး အဖြစ် ပြောင်းလဲခဲ့ပြီး ‘Second to Last Love’ Happy Sisters’ ‘Moonlit Gymnastics’ Sori: Voice from the Heart’ စတဲ့ဇာတ်လမ်းတွေကို ရိုက်ကူးခဲ့ပါတယ်။ Han Jisung ဟာ ပြီးခဲ့တဲ့ မတ်လကမှ ထိမ်းမြားလက် ထက်ခဲ့သူဖြစ်ပြီး သူမရဲ့စျာပနအခမ်းအနားကိုတော့ မေလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

credit – momolay