Button Text! Submit original article and get paid. Find out More

ရဲေတြ ၿဖိဳခြင္းၿပီးတဲ့ေနာက္ ဘိလပ္ေျမစက္ရံုကို ရြာသားေတြ မီးရိႈ႕လိုက္ပါျပီ

ဘိလပ္ေျမစက္ရံုစီမံကိန္းကို ကန့္ကြက္ေနတဲ့ မႏၱေလးတိုင္းေဒသၾကိး ပုသိမ္ၾကီးျမိဳ ့နယ္ထဲက ေအာင္သေျပရြာသားေတြကို ရဲတပ္ဖြဲ႔က ေသနတ္နဲ့ ပစ္ေဖာက္ျဖိဳခြင္ၿပီး တဲ့ေနာက္ ရြာသားေတြက စက္ရံုစီမံကိန္းအေဆာက္အအံုေတြကို မီးရႈိ႔လိုက္ပါျပီ။

ပုဂၢလိကေက်ာက္မီးေသြးစြမ္းအင္သုံး အယ္လ္ဖာ ဘိလပ္ေျမစက္႐ုံ စီမံကိန္းဖ်က္သိမ္းေပးဖို့နဲ႔ ဖမ္းဆီးထားတဲ့ ေတာင္သူေတြကို အျမန္ဆုံးလႊတ္ေပးဖို့ ေဒသခံရြာသားေတြက ေမလ ၁၄ ရက္ကတည္းက ေက်း႐ြာအဝင္လမ္းကို ပိတ္ဆို႔ကာ ဆႏၵျပခဲ့ျကတာပါ

ဒီကေန့ ေမ ၁၅ ရက္ နံနက္ ၅ နာရီေလာက္မွာေတာ့ လမ္းပိတ္ထားတဲ့ ရြာသားေတြကို ရဲတပ္ဖြဲ႔ဝင္အလံုးအရင္းနဲ႔ ေသနတ္ပစ္ေဖာက္ ၿဖိဳးခြင္းခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္

ရဲတပ္ဖြဲ႕က ၿဖိဳခြင္းၿပီးတဲ့ေနာက္ ရြာသားေလးဦးကို ဖမ္းဆီးသြားတယ္လို႔သိရပါတယ္။ အခုအခ်ိန္မွာေတာ့ စက္ရံုအတြင္းပိုင္းမီးေလာင္က်ြမ္းေနၿပီး မီးခိုးေတြထြက္ေနတာကို ေတြ႕ရပါတယ္

လက္ရွိျဖစ္ေပၚေနတဲ့အေပၚ အစိုးရအဖြဲ႔အေနနဲ႔ လာေရာက္ေျဖရွင္းဖို့ ေဒသခံေတြကေတာင္းဆိုေနပါတယ္။ ဒီျပသနာဟာ ႏွစ္ႏွစ္ေက်ာ္ျကာျမင့္ေနၿပီျဖစ္ၿပီးေတာ့ ဆႏၵျပေတာင္းဆိုခဲ့မွုေျကာင့္ ရြာသား ၁၈ ဦးေလာက္ တ ရားစြဲဆိုခံထားရတာပါ

7Day TV

…………………………………….

unicode

ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်နေတဲ့ မန္တလေးတိုင်းဒေသကြိး ပုသိမ်ကြီးမြို ့နယ်ထဲက အောင်သပြေရွာသားတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ဖောက်ဖြိုခွင်ပြီး တဲ့နောက် ရွာသားတွေက စက်ရုံစီမံကိန်းအဆောက်အအုံတွေကို မီးရှို့လိုက်ပါပြီ။

ပုဂ္ဂလိကကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက်သိမ်းပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ တောင်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ဒေသခံရွာသားတွေက မေလ ၁၄ ရက်ကတည်းက ကျေးရွာအဝင်လမ်းကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြတာပါ

ဒီကနေ့ မေ ၁၅ ရက် နံနက် ၅ နာရီလောက်မှာတော့ လမ်းပိတ်ထားတဲ့ ရွာသားတွေကို ရဲတပ်ဖွဲ့ဝင်အလုံးအရင်းနဲ့ သေနတ်ပစ်ဖောက် ဖြိုးခွင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်

ရဲတပ်ဖွဲ့က ဖြိုခွင်းပြီးတဲ့နောက် ရွာသားလေးဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ အခုအချိန်မှာတော့ စက်ရုံအတွင်းပိုင်းမီးလောင်ကျွမ်းနေပြီး မီးခိုးတွေထွက်နေတာကို တွေ့ရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အပေါ် အစိုးရအဖွဲ့အနေနဲ့ လာရောက်ဖြေရှင်းဖို့ ဒေသခံတွေကတောင်းဆိုနေပါတယ်။ ဒီပြသနာဟာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီးတော့ ဆန္ဒပြတောင်းဆိုခဲ့မှုကြောင့် ရွာသား ၁၈ ဦးလောက် တ ရားစွဲဆိုခံထားရတာပါ။

7Day TV