Button Text! Submit original article and get paid. Find out More

ငါးစိမ္းေရာင္းၿပီး သားျဖစ္သူကို ဆရာ၀န္ျဖစ္တဲ့အထိ ေက်ာင္းထားေပးခဲ့တဲ့ အာဂေမေမ

အသက္(၅၅) ႏွစ္အရြယ္ နာနီတာရြန္ကီလိုဆိုသူ အမ်ိဳးသမီးဟာ ေစ်းမွာ ငါးေရာင္းပါတယ္။ တစ္ေန႔တစ္ေန႔ ငါးေရာင္းရတဲ့ အျမတ္ေငြက ဘယ္ေလာက္မွ မရွိေပမယ့္ နာနီတာဟာ သားျဖစ္သူကို ေဆးေက်ာင္းၿပီးေအာင္ ထားေပးခဲ့တဲ့ စံျပမိခင္တစ္ဦး ျဖစ္ပါတယ္။ နာနီတာဟာ အိမ္ေထာင္ေရးအဆင္မေျပျဖစ္ခဲ့သူပါ။ လင္ေယာက်ာ္းျဖစ္သူရဲ႕ သစၥာေဖာက္ခံရၿပီးတဲ့ေနာက္ သူမဟာ ေနာက္ျပန္လွည့္မၾကည့္ပဲ သားကိုေခၚကာ မိသားစုသစ္ေလးတစ္ခုထူေထာင္ခဲ့သူ ျဖစ္ပါတယ္။ အိမ္ေထာင္ကြဲၿပီးတဲ့ေနာက္ ေစ်းမွာ ငါးေရာင္းရင္း သားျဖစ္သူကို လူလားေျမာက္ေအာင္ ေကြ်းေမြးခဲ့ၿပီး သစၥာေဖာက္သူ ေယာက်ား္ေဟာင္းဆီကလည္း ကေလးနဲ႔ ပတ္သက္လို႔ ဘာတစ္ခုမွ အကူအညီမယူခဲ့ပါဘူး

သားတစ္ေယာက္နဲ႔ single mother အျဖစ္ ျဖတ္သန္းရတဲ့ နာနီတာရဲ႕ ဘ၀ဟာ ခက္ခဲပင္ပန္းခဲ့ပါတယ္။ သူမဟာ ေန႔စဥ္ေန႔တိုင္း ေစ်းကိုသြားၿပီး ငါးေရာင္းပါတယ္။ မနက္(၅) နာရီေလာက္ကတည္းက ေစ်းကို ထြက္ၿပီး ငါးေရာင္းရတဲ့ သူမဟာ ညေန(၅) နာရီ (၆) နာရီေလာက္မွ အိမ္ကို ျပန္လာႏိုင္ပါတယ္။ သူမအေနနဲ႔ အခုေလာက္ထိ ပင္ပင္ပန္းပန္း အလုပ္လုပ္ေနရေပမယ့္ သားျဖစ္သူကိုေတာ့ ကိုယ္ျဖစ္ခ်င္တာကို အိပ္မက္ရန္ လက္မေလ်ာ့ဖို႔နဲ႔ သူမအေနနဲ႔ အစြမ္းကုန္ ပ့ံပိုးေပးမွာျဖစ္ေၾကာင္း တဖြဖြေျပာခဲ့တာပါ

နာနီတာရဲ႕ ငါးေရာင္းရတဲ့ အျမတ္ေငြက သိပ္မရွိလွပါဘူး။ တစ္ေန႔ကို ဖိလစ္ပိုင္ပီဆို (၁,၀၀၀) အေမရိကန္ေဒၚလာ(၁၉) က်ပ္ေလာက္ ရတဲ့ေန႔ေတြ ရွိသလို အျမတ္မက်န္လွတဲ့ ရက္ေတြလည္း ရွိပါတယ္။ နာနီတာရဲ႕ သားနာမည္ကေတာ့ ဂြ်န္ျဖစ္ပါတယ္။ ဂြ်န္ဟာ မိခင္စီးပြားေရး အဆင္မေျပတာေၾကာင့္ ေက်ာင္းထြက္ၿပီး က်ဴရွင္ဖိုးအတြက္ အလုပ္လုပ္ရတဲ့ အခ်ိန္ေတြေတာင္ ရွိခဲ့ပါတယ္။ ဒါေပမယ့္ သားအမိႏွစ္ေယာက္စလံုးဟာ အဆင္မေျပမႈေတြ ၾကားထဲကေန ရုန္းထြက္ၿပီး တစ္ေန႔ေတာ့ ျပည့္စံုလာမယ္ဆိုတဲ့အိပ္မက္ကို ဘယ္ေတာ့မွ လက္မေလ်ာ့ခဲ့ၾကပါဘူး

ဒါေၾကာင့္ ဂြ်န္ရဲ႕ (၄) ႏွစ္တာ ပညာသင္ဘြဲ႔ဟာ အိမ္စီးပြားေရးအေျခအေနေၾကာင့္ (၆) ႏွစ္ၾကာခဲ့ၿပီး (၂၀၁၉)ခုႏွစ္ကမွသာ ဘြဲ႔ရခဲ့ပါတယ္။ အခုဆိုရင္ေတာ့ ဂြ်န္ဟာ မိခင္ျဖစ္သူရဲ႕ ပ့ံပိုးမႈအပါအ၀င္ သူ႔ရဲ႕ ၾကိဳးစားမႈေၾကာင့္ ေဆးေက်ာင္းကေန ဘြဲ႔ရလာခဲ့ၿပီ ျဖစ္ပါတယ္။ ဂြ်န္ဟာ ဆရာ၀န္ေကာင္းတစ္ဦးအျဖစ္ အသက္ေမြး၀မ္းေၾကာင္းဖို႔ ျပင္ဆင္ထားၿပီး သူ႔အတြက္ အစြမ္းကုန္ေပးဆပ္ခဲ့တဲ့ မိခင္နာနီတာကို အေကာင္းဆံုး ျပန္လည္ေစာင့္ေရွာက္ႏိုင္ဖို႔ ၾကိဳးစားေနတယ္လို႔ သိရပါတယ္

Credit: YouTube/GMA Public Affairs

လင္းလင္း (ShweMom)

Ref: GoodTimes

……………………………….

unicode

အသက်(၅၅) နှစ်အရွယ် နာနီတာရွန်ကီလိုဆိုသူ အမျိုးသမီးဟာ စျေးမှာ ငါးရောင်းပါတယ်။ တစ်နေ့တစ်နေ့ ငါးရောင်းရတဲ့ အမြတ်ငွေက ဘယ်လောက်မှ မရှိပေမယ့် နာနီတာဟာ သားဖြစ်သူကို ဆေးကျောင်းပြီးအောင် ထားပေးခဲ့တဲ့ စံပြမိခင်တစ်ဦး ဖြစ်ပါတယ်။ နာနီတာဟာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့သူပါ။ လင်ယောကျာ်းဖြစ်သူရဲ့ သစ္စာဖောက်ခံရပြီးတဲ့နောက် သူမဟာ နောက်ပြန်လှည့်မကြည့်ပဲ သားကိုခေါ်ကာ မိသားစုသစ်လေးတစ်ခုထူထောင်ခဲ့သူ ဖြစ်ပါတယ်။ အိမ်ထောင်ကွဲပြီးတဲ့နောက် စျေးမှာ ငါးရောင်းရင်း သားဖြစ်သူကို လူလားမြောက်အောင် ကျွေးမွေးခဲ့ပြီး သစ္စာဖောက်သူ ယောကျား်ဟောင်းဆီကလည်း ကလေးနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ အကူအညီမယူခဲ့ပါဘူး

သားတစ်ယောက်နဲ့ single mother အဖြစ် ဖြတ်သန်းရတဲ့ နာနီတာရဲ့ ဘဝဟာ ခက်ခဲပင်ပန်းခဲ့ပါတယ်။ သူမဟာ နေ့စဉ်နေ့တိုင်း စျေးကိုသွားပြီး ငါးရောင်းပါတယ်။ မနက်(၅) နာရီလောက်ကတည်းက စျေးကို ထွက်ပြီး ငါးရောင်းရတဲ့ သူမဟာ ညနေ(၅) နာရီ (၆) နာရီလောက်မှ အိမ်ကို ပြန်လာနိုင်ပါတယ်။ သူမအနေနဲ့ အခုလောက်ထိ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရပေမယ့် သားဖြစ်သူကိုတော့ ကိုယ်ဖြစ်ချင်တာကို အိပ်မက်ရန် လက်မလျော့ဖို့နဲ့ သူမအနေနဲ့ အစွမ်းကုန် ပ့ံပိုးပေးမှာဖြစ်ကြောင်း တဖွဖွပြောခဲ့တာပါ။

နာနီတာရဲ့ ငါးရောင်းရတဲ့ အမြတ်ငွေက သိပ်မရှိလှပါဘူး။ တစ်နေ့ကို ဖိလစ်ပိုင်ပီဆို (၁,၀၀၀) အမေရိကန်ဒေါ်လာ(၁၉) ကျပ်လောက် ရတဲ့နေ့တွေ ရှိသလို အမြတ်မကျန်လှတဲ့ ရက်တွေလည်း ရှိပါတယ်။ နာနီတာရဲ့ သားနာမည်ကတော့ ဂျွန်ဖြစ်ပါတယ်။ ဂျွန်ဟာ မိခင်စီးပွားရေး အဆင်မပြေတာကြောင့် ကျောင်းထွက်ပြီး ကျူရှင်ဖိုးအတွက် အလုပ်လုပ်ရတဲ့ အချိန်တွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် သားအမိနှစ်ယောက်စလုံးဟာ အဆင်မပြေမှုတွေ ကြားထဲကနေ ရုန်းထွက်ပြီး တစ်နေ့တော့ ပြည့်စုံလာမယ်ဆိုတဲ့အိပ်မက်ကို ဘယ်တော့မှ လက်မလျော့ခဲ့ကြပါဘူး။

ဒါကြောင့် ဂျွန်ရဲ့ (၄) နှစ်တာ ပညာသင်ဘွဲ့ဟာ အိမ်စီးပွားရေးအခြေအနေကြောင့် (၆) နှစ်ကြာခဲ့ပြီး (၂၀၁၉)ခုနှစ်ကမှသာ ဘွဲ့ရခဲ့ပါတယ်။ အခုဆိုရင်တော့ ဂျွန်ဟာ မိခင်ဖြစ်သူရဲ့ ပ့ံပိုးမှုအပါအဝင် သူ့ရဲ့ ကြိုးစားမှုကြောင့် ဆေးကျောင်းကနေ ဘွဲ့ရလာခဲ့ပြီ ဖြစ်ပါတယ်။ ဂျွန်ဟာ ဆရာဝန်ကောင်းတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းဖို့ ပြင်ဆင်ထားပြီး သူ့အတွက် အစွမ်းကုန်ပေးဆပ်ခဲ့တဲ့ မိခင်နာနီတာကို အကောင်းဆုံး ပြန်လည်စောင့်ရှောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Credit: YouTube/GMA Public Affairs

လင်းလင်း (ShweMom)

Ref: GoodTimes