Button Text! Submit original article and get paid. Find out More

အချစ်ရေးကို လက်ထက်ဖြစ်မှ ချပြတာကောင်းတယ်ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

အ ချစ် သီ ချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေ ရင်ထဲကိုရောက်လာတဲ့ အဆိုတော် အိုင်းရင်းဇင်မာမြင့်ကတော့ လက်ရှိမှာ သူ့အချစ်ရေးကတော့ အေးဆေးပဲလို့ ပြောကြားသွားခဲ့ပါတယ်။ ရင့်ကျက်တည်ငြိမ်တဲ့ ပုံစံပြောင်းလဲသွားပြီဖြစ်တဲ့ အိုင်းရင်းဇင်မာမြင့်ကတော့ အချစ်ရေးကို လက်ထက်ဖြစ်မှပဲ ချပြတာကောင်းပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်

အိုင်းရင်းဇာမာမြင့်ကတော့ The Radar နဲ့ အင်တာဗျူးမှာတော့ “အချစ်ရေးကတော့ အားလုံးအေးဆေးပါပဲ။ အများကြီး ပြောရင်လည်း အများကြီး အပြောခံရတယ်လေ။ လက်ထက်တဲ့အချိန်မှ ပြောတာပဲ အဆင်ပြေတယ်လေနော့်။ မဟုတ်လို့ရှိရင် မိန်းကလေး တယောက် ခဏခဏ ချစ်သူထားတယ်ဆိုပြီး ရည်းစားများတယ်လို့ အပြောခံရတယ်။ အညွန့်ချိုးခံရမှာ စိုးတယ်။ ချစ်သူအတွက်လည်း မကောင်းသလို ကိုယ့်အတွက်လည်း မကောင်းဘူးပေါ့…

“ကိုယ် ကိုယ် တိုင် လည်း အသက်ရွယ်ရလာပြီဆိုတော့ စိတ်ဓါတ်ကလည်း အရမ်း ပျော့ညံနေလို့ မရဘူးလေ။ ပတ်ဝန်းကျင်ဆိုတာကလည်း ရှိသေးတယ်။ နောက်ပြီးတော့ ဆဲဆိုထားတဲ့အရာတွေ ခံရတော့ ရင့်ကျက်သွားတာပေါ့။ အရင်တုန်းကတော့ သွေးဆူတယ်။ အခုကတော့ နည်းနည်း ရင့်ကျက်တည်ငြိမ်လာပြီပေါ့။ သွေးဆူတာက ပြသာနာများပါတယ်…

“တ ခါ တေ လကျတော့လည်း ဘယ်အရာမှ ကောင်းတယ်ဆိုတာ မရှိပါဘူး။ ကောင်းလိုက်ဆိုးလိုက်ပါပဲ။ ဒါကြောင့်အရာရာကို ကောင်းတာနဲ့ပဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတယ်။ တခုခုဆို Public ချပြဖို့တွေ လုပ်မနေတော့ဘူး။

ဘာလို့လည်းဆိုတော့ ကိုယ်က အနုပညာသမားလည်း ဖြစ်တယ်။ ဒါကြောင့် ကောင်းခြင်းတွေကိုပဲ ကိုယ့်ပရိသတ်တွေကို ပေးချင်တယ်။ ဝမ်းနည်းစရာတွေကိုတော့ ပရိသတ်တွေကို မပေးချင်ပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်…

…………………………….

unicode




