Button Text! Submit original article and get paid. Find out More

ဒီလိုအက်င့္စရိုက္မ်ိဳး ရွိတဲ့မိန္းကေလးေတြဟာ ဘယ္သူ႔အခ်ဳပ္အေႏွာင္ကိုမွ ခံမွာမဟုတ္ပါဘူး

မိန္းကေလးေတြထဲမွာ ဘယ္သူ႔ရဲ႔ အခ်ဳပ္အေႏွာင္ကိုမွ မခံပဲ ျပတ္သားရဲရင့္ျပီး လြတ္လပ္မႈကို ျမတ္ႏိုးတဲ့ မိန္းကေလးေတြ ရွိပါတယ္။ သင္ဟာ ဒီလိုမိန္းကေလးမ်ိဳးထဲ ပါမပါဆိုတာ ေအာက္ကအခ်က္ေလးေတြနဲ႔ တိုက္ၾကည့္လိုက္ပါဦး။

(၁) ကုိယ့္အေၾကာင္းကိုယ္ေကာင္းေကာင္းသိတယ္

သင္လုပ္တဲ့ အေၾကာင္းအရာေတြ၊ သင့္ရဲ႕ခံစားခ်က္ေတြကို သင့္ကိုယ္သင္ ေကာင္းေကာင္းသိပါတယ္။ သင့္ဆံုးျဖတ္ခ်က္တိုင္းဟာလည္း ေသခ်ာအၾကိမ္ၾကိမ္စဥ္းစားျပီးမွ ဆံုးျဖတ္ထားတာျဖစ္တဲ့အတြက္ သူမ်ားေတြက မွားတယ္လို႔ ဘယ္ေလာက္ေျပာေျပာ သင္ဂရုမစိုက္သလို ျပနျ္ပင္မွာလည္း မဟုတ္ပါဘူး။ သင္ဒီလုိလုပ္ကိုလုပ္ရတဲ့ အေၾကာင္းအရင္း အခိုင္အမာရွိေနလို႔ပါ။

(၂) ကိုယ့္ကိုယ္ကိုလက္ခံတယ္

သင္ဟာ ေခ်ာသည္ျဖစ္ေစ၊ ရုပ္ဆိုးသည္ျဖစ္ေစ၊ ပိန္သည္ျဖစေ္စ၊ ဝသည္ျဖစ္ေစ ဘယ္လိုလူမ်ိဳးပဲျဖစ္ေနပါေစ သင့္ကိုယ္သင္ အရွိအတိုင္းလက္ခံျပီး အရွိအတိုင္းမွာ ေက်နပ္ေနတတ္သူျဖစ္ပါတယ္။ သူမ်ားေတြအျမင္ထက္ သင့္ကိုသင္ ျမင္တဲ့အျမင္က သင့္အတြက္ပိုအေရးၾကီးပါတယ္။ သင္ဟာ လူေတြအထင္ၾကီးေအာင္၊ လူေတြ ဝမ္းသာေအာင္ တမင္လုပ္ယူေနရတာမ်ိဳးကိုမုန္းသလို ဘယ္ေတာ့မွလည္း လုပ္ေလ့မရွိပါဘူး။

(၃) သင့္မွာေဘာင္ေတြစည္းေတြရွိတယ္

သင္ဟာ လူအမ်ားနဲ႔အဆင္ေျပေအာင္ေနတတ္တယ္၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေပါ့ေပါ့ပါးပါး ေနတတ္တယ္။ ဒါေပမယ့္ သင့္မွာ ေဘာင္ေတြ၊ စည္ေးတြရွိပါတယ္။ သင္ကလည္း သူတစ္ပါးရဲ႕စည္းကို ဘယ္ေတာ့မွ စမေကာ်္သလို၊ သင့္ရဲ႕ေဘာင္ကို ေက်ာ္လာရင္လည္း ျပင္းထန္စြာ တုန္႔ျပန္တတ္တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ သင္သည္ ေပ်ာ္ေပ်ာ္ေနတတ္ေပမယ့္ ေပါတယ္လို႔ေတာ့ လံုးဝအထင္မခံခ်င္တဲ့သူတစ္ေယာက္ပါ။

(၄) ရည္မွန္းခ်က္အၾကီးၾကီးရွိတယ္

မျဖစ္ႏိုင္ဘူးလို႔ ဘယ္သူေတြ ဘယ္ေလာက္ေျပာေျပာ သင္ျဖစ္ခ်င္ျပီဆိုရင္ အတားအဆီးေတြ ဘယ္ေလာက္ရွိရွိ ရေအာင္လုပ္မယ့္သူမ်ိဳးပါ။ ေနာက္ဆံုး ေအာင္ျမင္တာ၊ မေအာင္ျမင္တာ အသာထား မလုပ္ပဲနဲ႔ လက္ေလွ်ာ့တတ္တဲ့သူမ်ိဳး လံုးဝမဟုတ္ပါဘူး။ သင္ဘယ္ေလာက္ အရႈံးနဲ႔ၾကံဳၾကံဳ လြယ္လြယ္လက္ေလွ်ာ့မယ့္ သူမ်ိဳးလည္းမဟုတ္ပါဘူး။

(၅) ကိုယ့္ကိုယ္ကိုေလးစားတယ္

သင့္ကို မေပ်ာ္ရႊင္ေစတဲ့အရာေတြကို ေရွာင္ပါတယ္။ အထူးသျဖင့္ ကိုယ့္ကို မလိုခ်င္တဲ့သူကို ကုိယ္ကလည္း လိုက္တြယ္ကပ္ မေနတတ္တဲ့ သူမ်ိဳးပါ။ ဒါေၾကာင့္ သင့္ဘဝမွာ ျမိဳသိပ္ရတာေတြ၊ စြန္႔လႊတ္လိုက္ရတာေတြ မ်ားေနတတ္ေပမယ့္ အဲဒီ့အရာေတြအတြက္ ေနာင္တလညး္ရမေနတတ္ပါဘူး။

Em Em(Auntymay)

……………………………..

unicode

မိန်းကလေးတွေထဲမှာ ဘယ်သူ့ရဲ့ အချုပ်အနှောင်ကိုမှ မခံပဲ ပြတ်သားရဲရင့်ပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းကလေးတွေ ရှိပါတယ်။ သင်ဟာ ဒီလိုမိန်းကလေးမျိုးထဲ ပါမပါဆိုတာ အောက်ကအချက်လေးတွေနဲ့ တိုက်ကြည့်လိုက်ပါဦး။

(၁) ကိုယ့်အကြောင်းကိုယ်ကောင်းကောင်းသိတယ်

သင်လုပ်တဲ့ အကြောင်းအရာတွေ၊ သင့်ရဲ့ခံစားချက်တွေကို သင့်ကိုယ်သင် ကောင်းကောင်းသိပါတယ်။ သင့်ဆုံးဖြတ်ချက်တိုင်းဟာလည်း သေချာအကြိမ်ကြိမ်စဉ်းစားပြီးမှ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် သူများတွေက မှားတယ်လို့ ဘယ်လောက်ပြောပြော သင်ဂရုမစိုက်သလို ပြနြ်ပင်မှာလည်း မဟုတ်ပါဘူး။ သင်ဒီလိုလုပ်ကိုလုပ်ရတဲ့ အကြောင်းအရင်း အခိုင်အမာရှိနေလို့ပါ။

(၂) ကိုယ့်ကိုယ်ကိုလက်ခံတယ်

သင်ဟာ ချောသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ၊ ပိန်သည်ဖြစေ်စ၊ ဝသည်ဖြစ်စေ ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ သင့်ကိုယ်သင် အရှိအတိုင်းလက်ခံပြီး အရှိအတိုင်းမှာ ကျေနပ်နေတတ်သူဖြစ်ပါတယ်။ သူများတွေအမြင်ထက် သင့်ကိုသင် မြင်တဲ့အမြင်က သင့်အတွက်ပိုအရေးကြီးပါတယ်။ သင်ဟာ လူတွေအထင်ကြီးအောင်၊ လူတွေ ဝမ်းသာအောင် တမင်လုပ်ယူနေရတာမျိုးကိုမုန်းသလို ဘယ်တော့မှလည်း လုပ်လေ့မရှိပါဘူး။

(၃) သင့်မှာဘောင်တွေစည်းတွေရှိတယ်

သင်ဟာ လူအများနဲ့အဆင်ပြေအောင်နေတတ်တယ်၊ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါး နေတတ်တယ်။ ဒါပေမယ့် သင့်မှာ ဘောင်တွေ၊ စည်ေးတွရှိပါတယ်။ သင်ကလည်း သူတစ်ပါးရဲ့စည်းကို ဘယ်တော့မှ စမကောျ်သလို၊ သင့်ရဲ့ဘောင်ကို ကျော်လာရင်လည်း ပြင်းထန်စွာ တုန့်ပြန်တတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သင်သည် ပျော်ပျော်နေတတ်ပေမယ့် ပေါတယ်လို့တော့ လုံးဝအထင်မခံချင်တဲ့သူတစ်ယောက်ပါ။

(၄) ရည်မှန်းချက်အကြီးကြီးရှိတယ်

မဖြစ်နိုင်ဘူးလို့ ဘယ်သူတွေ ဘယ်လောက်ပြောပြော သင်ဖြစ်ချင်ပြီဆိုရင် အတားအဆီးတွေ ဘယ်လောက်ရှိရှိ ရအောင်လုပ်မယ့်သူမျိုးပါ။ နောက်ဆုံး အောင်မြင်တာ၊ မအောင်မြင်တာ အသာထား မလုပ်ပဲနဲ့ လက်လျှော့တတ်တဲ့သူမျိုး လုံးဝမဟုတ်ပါဘူး။ သင်ဘယ်လောက် အရှုံးနဲ့ကြုံကြုံ လွယ်လွယ်လက်လျှော့မယ့် သူမျိုးလည်းမဟုတ်ပါဘူး။

(၅) ကိုယ့်ကိုယ်ကိုလေးစားတယ်

သင့်ကို မပျော်ရွှင်စေတဲ့အရာတွေကို ရှောင်ပါတယ်။ အထူးသဖြင့် ကိုယ့်ကို မလိုချင်တဲ့သူကို ကိုယ်ကလည်း လိုက်တွယ်ကပ် မနေတတ်တဲ့ သူမျိုးပါ။ ဒါကြောင့် သင့်ဘဝမှာ မြိုသိပ်ရတာတွေ၊ စွန့်လွှတ်လိုက်ရတာတွေ များနေတတ်ပေမယ့် အဲဒီ့အရာတွေအတွက် နောင်တလညး်ရမနေတတ်ပါဘူး။

Em Em(Auntymay)