Button Text! Submit original article and get paid. Find out More

ဆရာဝန္၃ဦး ေသဆံုးသည့္ ဖ်ာပုံယာဥ္တိုက္မႈျဖစ္စဥ္မွ ဆယ္ဘီးကား ယာဥ္ေမာင္း ထြက္ေျပးေန…

ဆရာဝန္၃ဦး ေသဆံုးသည့္ ဖ်ာပုံယာဥ္တိုက္မႈျဖစ္စဥ္မွ ဆယ္ဘီးကား ယာဥ္ေမာင္း ထြက္ေျပးေန

ဧရာဝတီတိုင္း ဖ်ာပုံ – က်ိဳက္လတ္ လမ္းမႀကီး ေခ်ာင္းတြင္း တံတားအနီးတြင္ ဇြန္လ ၁၁ရက္ နံနက္ပိုင္းက ဓာတ္တိုင္မ်ားတင္ေဆာင္ကာ ရပ္ထားသည့္ ဆယ္ဘီးကားကို ဆရာဝန္မ်ားေမာင္းႏွင္းလာေသာ ကားက ေနာက္မွ ဝင္တိုက္မိၿပီး ကားေပၚတြင္လိုက္ပါလာေသာ ဆရာဝန္ ၃ဦး ေနရာတြင္ ေသဆုံးခဲ့သည္

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဖ်ာပံုၿမိဳ႕နယ္ရဲစခန္းႏွင့္ အမွတ္ ၈၀ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွဴးတို႔က ပူးေပါင္းကာ ယာဥ္မရပ္ေနရာတြင္ ရပ္တန္႔ထားေသာ ဆယ္ဘီးကားေမာင္းႏွင္သူကို စံုစမ္းလ်က္ရွိၿပီး လက္ရွိခ်ိန္တြင္ တရားခံထြက္ေျပးတိမ္းေရွာင္လ်က္ရွိသည္ဟု အမွတ္(၈၀)ယာဥ္ထိန္းရဲတပ္ဖြဲ႔မွဴး ေခတၱတပ္ဖြဲ႔စုမႈး ရဲအုပ္ဇာနည္ထြန္းက ဆိုသည္

“က်ေနာ္တို႔ကားပိုင္ရွင္ကို စံုစမ္းသိရွိရတာက ေတာင္ဒဂံုကလို႔ေတာ့သိရတယ္။ သူ႔ကိုဆက္သြယ္ၿပီး ေနရာအတိအက်သိရေအာင္ စံုစမ္းတာေတြလုပ္ေနတယ္။ တရားခံကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနတုန္းပဲ”ဟုရဲအုပ္ ဇာနည္ထြန္းကဆိုသည္

ဆရာဝန္ ၆ ဦး စီးႏွင္လာေသာ မစ္ဆူ ဘီရွီ ကားသည္ ယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေမာင္း ေဒါက္တာေဝယံမ်ဳိးထက္၊ ေဒါက္တာေအးျမတ္သူ၊ ေဒါက္တာပန္ဂ်ာထြယ္တုိ႔ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း၊ က်န္ဆရာ၀န္ ၃ ဦးမွာ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရွိရသည္။

ဆယ္ဘီးကား ေမာင္းႏွင္ေသာ ယာဥ္ေမာင္းကို ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄- က(လူေသေစမႈ)၊ ပုဒ္မ၃၃၇ (နာက်င္ေစမႈ)၊ ပုဒ္မ ၃၃၈ (အျပင္းအထန္ဒဏ္ရာရမႈ)၊ ပုဒ္မ ၂ဝ၂ (ျပစ္မႈက်ဴးလြန္ေၾကာင္း သတင္းေပးရန္ ပ်က္ကြက္မႈ) တုိ႔ျဖင့္ ဖ်ာပုံျမဳိ႕နယ္ရဲစခန္းတြင္ အမွတ္(၈၀)ယာဥ္ထိန္းရဲတပ္ဖြဲ႔မွဴး ေခတၱတပ္ဖြဲ႔စုမႈး ရဲအုပ္ဇာနည္ထြန္းက တရားလိုျပဳလုပ္ကာ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဓာတ္ပုံ- ေဒါက္တာေ၀ယံမ်ဳိးထက္၊ ေဒါက္တာပန္ဂ်ာထြယ္၊ ေဒါက္တာေအးျမတ္သူ။ အခင္းျဖစ္ပြားမႈ ျမင္ကြင္း။

Photo Credit – Facebook

Khit Thit Media

………………………….

unicode

ဆရာဝန်၃ဦး သေဆုံးသည့် ဖျာပုံယာဉ်တိုက်မှုဖြစ်စဉ်မှ ဆယ်ဘီးကား ယာဉ်မောင်း ထွက်ပြေးနေ

ဧရာဝတီတိုင်း ဖျာပုံ – ကျိုက်လတ် လမ်းမကြီး ချောင်းတွင်း တံတားအနီးတွင် ဇွန်လ ၁၁ရက် နံနက်ပိုင်းက ဓာတ်တိုင်များတင်ဆောင်ကာ ရပ်ထားသည့် ဆယ်ဘီးကားကို ဆရာဝန်များမောင်းနှင်းလာသော ကားက နောက်မှ ဝင်တိုက်မိပြီး ကားပေါ်တွင်လိုက်ပါလာသော ဆရာဝန် ၃ဦး နေရာတွင် သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖျာပုံမြို့နယ်ရဲစခန်းနှင့် အမှတ် ၈၀ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးတို့က ပူးပေါင်းကာ ယာဉ်မရပ်နေရာတွင် ရပ်တန့်ထားသော ဆယ်ဘီးကားမောင်းနှင်သူကို စုံစမ်းလျက်ရှိပြီး လက်ရှိချိန်တွင် တရားခံထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု အမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ခေတ္တတပ်ဖွဲ့စုမှုး ရဲအုပ်ဇာနည်ထွန်းက ဆိုသည်။

“ကျနော်တို့ကားပိုင်ရှင်ကို စုံစမ်းသိရှိရတာက တောင်ဒဂုံကလို့တော့သိရတယ်။ သူ့ကိုဆက်သွယ်ပြီး နေရာအတိအကျသိရအောင် စုံစမ်းတာတွေလုပ်နေတယ်။ တရားခံကတော့ ထွက်ပြေးတိမ်းရှောင်နေတုန်းပဲ”ဟုရဲအုပ် ဇာနည်ထွန်းကဆိုသည်။

ဆရာဝန် ၆ ဦး စီးနှင်လာသော မစ်ဆူ ဘီရှီ ကားသည် ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်၊ ဒေါက်တာအေးမြတ်သူ၊ ဒေါက်တာပန်ဂျာထွယ်တို့ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ကျန်ဆရာဝန် ၃ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆယ်ဘီးကား မောင်းနှင်သော ယာဉ်မောင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က(လူသေစေမှု)၊ ပုဒ်မ၃၃၇ (နာကျင်စေမှု)၊ ပုဒ်မ ၃၃၈ (အပြင်းအထန်ဒဏ်ရာရမှု)၊ ပုဒ်မ ၂ဝ၂ (ပြစ်မှုကျူးလွန်ကြောင်း သတင်းပေးရန် ပျက်ကွက်မှု) တို့ဖြင့် ဖျာပုံမြို့နယ်ရဲစခန်းတွင် အမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ခေတ္တတပ်ဖွဲ့စုမှုး ရဲအုပ်ဇာနည်ထွန်းက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ- ဒေါက်တာဝေယံမျိုးထက်၊ ဒေါက်တာပန်ဂျာထွယ်၊ ဒေါက်တာအေးမြတ်သူ။ အခင်းဖြစ်ပွားမှု မြင်ကွင်း။

Photo Credit – Facebook

Khit Thit Media

Leave a Reply