Button Text! Submit original article and get paid. Find out More

“လိုင္စင္အသိမ္းခံရလို႔ Sexy မဝတ္ပဲေတာ့ မေနပါဘူးဆိုတဲ့ နန္းေမြစံ”

Sexy ဆန္ဆန္္အဝတ္အစားေတြ ဝတ္စားမႈေၾကာင့္ ဆရာဝန္လိုင္စင္ သိမ္းခံလိုက္ ရတဲ့ နန္းေမြစံက သူမအေနနဲ႔ ဒီျဖစ္ရပ္အေပၚမွာ ဘယ္လိုမ်ိဳးဆက္လက္လုပ္ေဆာင္သြားမလဲဆိုတာ ပရိသတ္ၾကီးသိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္

ဒီေန႔တင္လိုက္တဲ့ စာရြက္က ျပီးခဲ့တဲ့ ၃ရက္ထဲက ရထားတာပါ။ အခုမွအကုန္လံုးကိုျပလိုက္တာေပါ့ေနာ္။ ဒီလိုစာရြက္ေတြကလည္းေရွ႕မွာ ၃.၄ရြက္ေလာက္ရွိေနပါျပီ။ မွတ္ေတာင္မမွတ္မိေတာ့ဘူး။ အိမ္ကို တစ္ခ်ိန္လံုးစာေရာက္ေနတာ။ ဒီလိုတင္လုိက္ေတာ့ စာရြက္က ပရိသတ္ေတြလက္ထဲေရာက္သြားတာပါ

ေရွ႕ဆက္ျပီးကေတာ့ အႏုပညာအလုပ္ေတြဆက္လုပ္သြားမွာပါ။ ဒါေပမယ့္ လူတိုင္းက တစ္ခ်ိန္က်ရင္ အသက္ေတြၾကီးလာမွာ အဲ့ခ်ိန္က်ရင္ ဘယ္သူမွ မရပ္ခိုင္းလည္းရပ္သြားမွာပါ။ ေလာေလာဆယ္ကေတာ့ ဆက္လုပ္သြားမွာပါ။ ဆရာဝန္အလုပ္က နဂိုထဲက မလုပ္ျဖစ္ဘူး။ ေဆးခန္းလည္း မဖြင့္ဘူး၊ ေနာက္ျပီး အစိုးရဝန္ထမ္းလည္း မလုပ္ဘူး။ ဒါေပမယ့္ ကိုယ့္အတြက္ Effect အရမ္းၾကီး မျဖစ္ေပမယ့္ ကိုယ္ၾကိဳးစားခဲ့ရတဲ့ ႏွစ္ေတြအတြက္ေတာ့ ႏွေျမာမိတယ္။ ဒါကျဖစ္လာမယ္ဆိုတာလည္း ၾကိဳေတြးထားျပီးသားပါ။ တကယ္ၾကံဳလုိက္တဲ့အခ်ိန္မွာေတာ့ Shock ရသြားတယ္။ စိတ္မေကာင္းလည္းျဖစ္သြားတယ္

လိုင္စင္က အပ္တာေတာ့အပ္လုိ႔ရတယ္။ ဒါေပမယ့္ MMC ပေရာ္ဖက္ဆာ ေတြကို သြားျပီးေတာင္းပန္မယ္လို႔ေတာ့ စဥ္းစားထားပါတယ္။ ေနာက္တစ္ခုက ဒါ Surrender လုပ္တာေပါ့၊ ဒါကို ခဏေလး အပ္ထားျပီးေတာ့ ေနာင္တစ္ခ်ိန္ ျပန္ထုတ္လို႔ရေအာင္ေတာ့ ေျပာၾကည့္မယ္ေပါ့။ ဒါေပမယ့္ ရမရေတာ့ မသိေသးပါဘူး။ ပရိသတ္ကေတာ့ အမ်ိဳးမ်ိဳးေျပာၾကတာေပ့ါ။ ေမြစံဘက္ကေန ဝမ္းနည္းေပးၾကတဲ့ ပရိသတ္ေတြကိုလည္း အရမ္းေက်းဇူးတင္ပါတယ္။ပထမအၾကိမ္တုန္းကေတာ့ သတိေပးတာေပ့ါ။ ဒါေတြမလုပ္ဖို႔။ ေမြစံဘက္ကလည္း ေတာ္ေတာ္ေလး ေလ်ာ့သြားပါတယ္။ အဲ့ခ်ိန္မွာပဲ မထင္မွတ္ပဲ Press Show တစ္ခုမွာ ဝတ္လိုက္တာေၾကာင့္ ပဲလားေတာ့ မသိဘူး။ စာကေနာက္တစ္ေန႔ ခ်က္ခ်င္းအိမ္ေရာက္လာတာပဲ။ ေတာ္ေတာ္ေလးေတာ့ စိတ္မေကာင္းပါဘူး။ ဒီ၁ရက္၂ရက္အတြင္းေတာ့ အေမတို႔နဲ႔ သြားေပးျဖစ္မယ္ထင္တယ္။ ေတာင္းလည္း ေတာင္းပန္ၾကည့္ရမွာေပါ့။ စိတ္မေကာင္းျဖစ္ေပမယ့္ ၾကိဳသိျပီးသားဆိုေတာ့ အရမ္းၾကီးေတာ့ စိတ္ထဲသိမ့္မျဖစ္ပါဘူး။ ကိုယ့္စိတ္ကိုေတာ့ ခိုင္ခို္င္ထားထားပါတယ္

သနားခံမယ္ဆိုတာ ဒီအႏုပညာအလုပ္ကို မလုပ္ေတာ့ဘူးဆိုျပီးသြားေျပာမွာ မဟုတ္ဘူး။ ဒီလတ္မွတ္ကို ခဏေလး အပ္ထားမယ္ေပါ့။ တစ္ခ်ိ္န္က်ရင္ ျပန္ထုတ္ခြင့္ေပးပါဆိုျပီးေျပာမယ္ေပါ့။ အခုလည္း ဒီအလုပ္လုပ္ျဖစ္ေနတာမဟုတ္ဘူးေလ။ ေနာင္တစ္ခ်ိန္ ၅ႏွစ္ျဖစ္ျဖစ္ ၁၀ႏွစ္ျဖစ္ျဖစ္ သြားထုတ္ဖို႔ကိုေျပာမယ္လို႔စဥ္းစားထားပါတယ္။

ႏိုင္ငံတကာ မွာဘယ္လိုလုပ္ေနလဲေတာ့ မသိဘူး။ ကၽြန္မအထင္ကေတာ့ ကၽြန္မေၾကာင့္ လူနာေတြေသသြားတာလည္း မရွိဘူး။ လူနာေတြတစ္ခုခုဆံုးရႈံးသြားတာလည္း မဟုတ္ဘူး။ ကၽြန္မကိုယ္တုိင္လည္း အခေၾကးေငြယူျပီးေဆးကုေနတာ မဟုတ္ဘူးေလ။ အဲ့ေတာ့ ဘာမွမဆိုင္တဲ့ Professional ႏွစ္ခုေပါ့ တစ္ခုမွာယဥ္ေက်းမႈနဲ႔ပတ္သတ္ျပီးေတာ့ သူတို႔အေနနဲ႔အျမင္မေတာ္လို႔ ဒီဘက္မွာ ဆမ သိမ္းလိုက္တယ္ဆိုတာေတာ့ မျဖစ္သင့္ဘူးလို႔ထင္ပါတယ္။ ျမန္မာလိုလည္း ဝတ္ျဖစ္မွာပါ။ Sexy ကလည္း ပြဲငွားတာရွိရင္ ဝတ္ျဖစ္သြားမွာပါ။ မွ်မွ်တတေလး ဝတ္သြားပါမယ္။

အခုဆရာဝန္ ဘြဲ႔ရထားတဲ့ သရုပ္ေဆာင္ေတြမွအမ်ားၾကီးပဲ။ Miss ေတြလည္းရွိတယ္။ အမ်ားၾကီးရွိတယ္ေပါ့ေနာ္။ ဒီလိုေတြအမ်ားၾကီးထဲမွ ဘာမွမျဖစ္ပဲ ေမြစံက်မွ ဆမ သိမ္းတယ္ဆိုေတာ့ ဘာမ်ား လိုအပ္ေနလဲ၊ ဘာမ်ားလြဲေခ်ာ္ေနလည္းဆိုတာေတာ့ ေမးစရာရွိပါတယ္။ ေမြစံ ဘက္ကေန သနားေပးၾကတဲ့ ပရိသတ္ၾကီးလည္း စိတ္မေကာင္းမျဖစ္ပါနဲ႔ ေမြစံအစိုးရနဲ႔ အေကာင္းဆံုးျဖစ္ေအာင္ညွိႏိႈင္းသြားမွာပါ။ ပရိသတ္ၾကီး အားလံုး က်န္းမာခ်မ္းသာၾကပါေစလို႔ သူမကဆုမြန္ေကာင္းေတာင္းေပးခဲ့ပါတယ္။

Credit: ေျပာခ်င္လြန္းလို႔

………………………..

unicode

Sexy ဆန်ဆန်အဝတ်အစားတွေ ဝတ်စားမှုကြောင့် ဆရာဝန်လိုင်စင် သိမ်းခံလိုက် ရတဲ့ နန်းမွေစံက သူမအနေနဲ့ ဒီဖြစ်ရပ်အပေါ်မှာ ဘယ်လိုမျိုးဆက်လက်လုပ်ဆောင်သွားမလဲဆိုတာ ပရိသတ်ကြီးသိအောင် ဖော်ပြပေးလိုက်ပါတယ်။

ဒီနေ့တင်လိုက်တဲ့ စာရွက်က ပြီးခဲ့တဲ့ ၃ရက်ထဲက ရထားတာပါ။ အခုမှအကုန်လုံးကိုပြလိုက်တာပေါ့နော်။ ဒီလိုစာရွက်တွေကလည်းရှေ့မှာ ၃.၄ရွက်လောက်ရှိနေပါပြီ။ မှတ်တောင်မမှတ်မိတော့ဘူး။ အိမ်ကို တစ်ချိန်လုံးစာရောက်နေတာ။ ဒီလိုတင်လိုက်တော့ စာရွက်က ပရိသတ်တွေလက်ထဲရောက်သွားတာပါ။

ရှေ့ဆက်ပြီးကတော့ အနုပညာအလုပ်တွေဆက်လုပ်သွားမှာပါ။ ဒါပေမယ့် လူတိုင်းက တစ်ချိန်ကျရင် အသက်တွေကြီးလာမှာ အဲ့ချိန်ကျရင် ဘယ်သူမှ မရပ်ခိုင်းလည်းရပ်သွားမှာပါ။ လောလောဆယ်ကတော့ ဆက်လုပ်သွားမှာပါ။ ဆရာဝန်အလုပ်က နဂိုထဲက မလုပ်ဖြစ်ဘူး။ ဆေးခန်းလည်း မဖွင့်ဘူး၊ နောက်ပြီး အစိုးရဝန်ထမ်းလည်း မလုပ်ဘူး။ ဒါပေမယ့် ကိုယ့်အတွက် Effect အရမ်းကြီး မဖြစ်ပေမယ့် ကိုယ်ကြိုးစားခဲ့ရတဲ့ နှစ်တွေအတွက်တော့ နှမြောမိတယ်။ ဒါကဖြစ်လာမယ်ဆိုတာလည်း ကြိုတွေးထားပြီးသားပါ။ တကယ်ကြုံလိုက်တဲ့အချိန်မှာတော့ Shock ရသွားတယ်။ စိတ်မကောင်းလည်းဖြစ်သွားတယ်။

လိုင်စင်က အပ်တာတော့အပ်လို့ရတယ်။ ဒါပေမယ့် MMC ပရော်ဖက်ဆာ တွေကို သွားပြီးတောင်းပန်မယ်လို့တော့ စဉ်းစားထားပါတယ်။ နောက်တစ်ခုက ဒါ Surrender လုပ်တာပေါ့၊ ဒါကို ခဏလေး အပ်ထားပြီးတော့ နောင်တစ်ချိန် ပြန်ထုတ်လို့ရအောင်တော့ ပြောကြည့်မယ်ပေါ့။ ဒါပေမယ့် ရမရတော့ မသိသေးပါဘူး။ ပရိသတ်ကတော့ အမျိုးမျိုးပြောကြတာပေ့ါ။ မွေစံဘက်ကနေ ဝမ်းနည်းပေးကြတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ပထမအကြိမ်တုန်းကတော့ သတိပေးတာပေ့ါ။ ဒါတွေမလုပ်ဖို့။ မွေစံဘက်ကလည်း တော်တော်လေး လျော့သွားပါတယ်။ အဲ့ချိန်မှာပဲ မထင်မှတ်ပဲ Press Show တစ်ခုမှာ ဝတ်လိုက်တာကြောင့် ပဲလားတော့ မသိဘူး။ စာကနောက်တစ်နေ့ ချက်ချင်းအိမ်ရောက်လာတာပဲ။ တော်တော်လေးတော့ စိတ်မကောင်းပါဘူး။ ဒီ၁ရက်၂ရက်အတွင်းတော့ အမေတို့နဲ့ သွားပေးဖြစ်မယ်ထင်တယ်။ တောင်းလည်း တောင်းပန်ကြည့်ရမှာပေါ့။ စိတ်မကောင်းဖြစ်ပေမယ့် ကြိုသိပြီးသားဆိုတော့ အရမ်းကြီးတော့ စိတ်ထဲသိမ့်မဖြစ်ပါဘူး။ ကိုယ့်စိတ်ကိုတော့ ခိုင်ခိုင်ထားထားပါတယ်။

သနားခံမယ်ဆိုတာ ဒီအနုပညာအလုပ်ကို မလုပ်တော့ဘူးဆိုပြီးသွားပြောမှာ မဟုတ်ဘူး။ ဒီလတ်မှတ်ကို ခဏလေး အပ်ထားမယ်ပေါ့။ တစ်ချိန်ကျရင် ပြန်ထုတ်ခွင့်ပေးပါဆိုပြီးပြောမယ်ပေါ့။ အခုလည်း ဒီအလုပ်လုပ်ဖြစ်နေတာမဟုတ်ဘူးလေ။ နောင်တစ်ချိန် ၅နှစ်ဖြစ်ဖြစ် ၁၀နှစ်ဖြစ်ဖြစ် သွားထုတ်ဖို့ကိုပြောမယ်လို့စဉ်းစားထားပါတယ်။

နိုင်ငံတကာ မှာဘယ်လိုလုပ်နေလဲတော့ မသိဘူး။ ကျွန်မအထင်ကတော့ ကျွန်မကြောင့် လူနာတွေသေသွားတာလည်း မရှိဘူး။ လူနာတွေတစ်ခုခုဆုံးရှုံးသွားတာလည်း မဟုတ်ဘူး။ ကျွန်မကိုယ်တိုင်လည်း အခကြေးငွေယူပြီးဆေးကုနေတာ မဟုတ်ဘူးလေ။ အဲ့တော့ ဘာမှမဆိုင်တဲ့ Professional နှစ်ခုပေါ့ တစ်ခုမှာယဉ်ကျေးမှုနဲ့ပတ်သတ်ပြီးတော့ သူတို့အနေနဲ့အမြင်မတော်လို့ ဒီဘက်မှာ ဆမ သိမ်းလိုက်တယ်ဆိုတာတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ မြန်မာလိုလည်း ဝတ်ဖြစ်မှာပါ။ Sexy ကလည်း ပွဲငှားတာရှိရင် ဝတ်ဖြစ်သွားမှာပါ။ မျှမျှတတလေး ဝတ်သွားပါမယ်။

အခုဆရာဝန် ဘွဲ့ရထားတဲ့ သရုပ်ဆောင်တွေမှအများကြီးပဲ။ Miss တွေလည်းရှိတယ်။ အများကြီးရှိတယ်ပေါ့နော်။ ဒီလိုတွေအများကြီးထဲမှ ဘာမှမဖြစ်ပဲ မွေစံကျမှ ဆမ သိမ်းတယ်ဆိုတော့ ဘာများ လိုအပ်နေလဲ၊ ဘာများလွဲချော်နေလည်းဆိုတာတော့ မေးစရာရှိပါတယ်။ မွေစံ ဘက်ကနေ သနားပေးကြတဲ့ ပရိသတ်ကြီးလည်း စိတ်မကောင်းမဖြစ်ပါနဲ့ မွေစံအစိုးရနဲ့ အကောင်းဆုံးဖြစ်အောင်ညှိနှိုင်းသွားမှာပါ။ ပရိသတ်ကြီး အားလုံး ကျန်းမာချမ်းသာကြပါစေလို့ သူမကဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

Credit: ပြောချင်လွန်းလို့