Button Text! Submit original article and get paid. Find out More

အင်ဂျလီနာဂျိုလီ သာ မြန်မာနိုင်ငံမှာမွေးကြည့် သူ့ရုပ်ဘယ်လောက်လှလှ ဘာဖြစ်သွားမလဲ?


အော်ပရာဝင်းဖရေးသာ မြန်မာနိုင်ငံမှာ မွေးကြည့်… ကမ္ဘာကျော်ရုပ်သံ တင်ဆက်သူဖြစ်လာဖို့ဝေးစွ ” သူက အသက် ၁၃ နှစ်လောက်ကတည်းက အကြိမ်ကြိမ် မုဒိန်းကျင့်ခံရတာလေ” မသန့်ရှင်းတော့ဘူး… သူနဲ့မပတ်သတ်နဲ့” ” သူကို မယူနဲ့နော် … ဘယ်လိုအနေအထိုင်မတတ်လို့ ငယ်ငယ်က မုဒိန်းကျင့်ခံရလဲမှ မသိတာ” စတဲ့ မစာမနာ အထင်သေးကဲ့ရဲ့တဲ့ စကားတွေကြားမှာ လူမွှေးသူမွှေးတောင် ပြောင်မှာ မဟုတ်ဘူး…





Credit john Vinoth

……………………………

unicode

အင်ဂျလီနာဂျိုလီ သာ မြန်မာနိုင်ငံမှာမွေးကြည့်… သူ့ရုပ်ဘယ်လောက်လှလှ Sexy ဘယ်လောက်ဖြစ်ဖြစ် “အဲဒီကောင်မက ဆေးသုံးတာ” ” ငယ်ငယ်ကတည်းက အဖေက ပစ်သွားတာလေ… စာရိတ္တလည်း မကောင်းဘူး” စတဲ့ အပြစ်တင် အနိုင်ကျင့်စကားလုံးတွေကြားမှာ ကုလသမဂ္ဂ သံတမန်ဖြစ်လာဖို့ မပြောနဲ့…စိတ်ဓာတ်တွေ အကြိမ်ကြိမ် ရိုက်ချိုးခံရပြီး ဆေးသမားဘဝနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်…

အော်ပရာဝင်းဖရေးသာ မြန်မာနိုင်ငံမှာ မွေးကြည့်… ကမ႓ာကျော်ရုပ်သံ တင်ဆက်သူဖြစ်လာဖို့ဝေးစွ ” သူက အသက် ၁၃ နှစ်လောက်ကတည်းက အကြိမ်ကြိမ် မုဒိန်းကျင့်ခံရတာလေ” မသန့်ရှင်းတော့ဘူး… သူနဲ့မပတ်သတ်နဲ့” ” သူကို မယူနဲ့နော် … ဘယ်လိုအနေအထိုင်မတတ်လို့ ငယ်ငယ်က မုဒိန်းကျင့်ခံရလဲမှ မသိတာ” စတဲ့ မစာမနာ အထင်သေးကဲ့ရဲ့တဲ့ စကားတွေကြားမှာ လူမွှေးသူမွှေးတောင် ပြောင်မှာ မဟုတ်ဘူး…

နိုင်ငံခြားကို အဲဒီလိုနေရာတွေမှာ အထင်ကြီးတယ်… သူတို့ရဲ့ Growing Environment က သိပ်ကောင်းတယ်… လဲနေသူကို ထူပေးတယ်… မှားနေသူကိုလည်း အမှန်မြင်လို့ ပြန်ပြင်ရင် လူကောင်းအဖြစ်နဲ့ ပြန်လက်ခံပေးတယ်… အတိတ်က အရိပ်ဆိုးတွေကို ခဏခဏပြန်အစဖော်ပြီး စိတ်ဒုက္ခမပေးဘူး… ခုလက်ရှိ အချိန်မှာ သူဘယ်လို အကောင်းဆုံး ကြိုးစားရပ်တည်နေလဲဆိုတာကိုပဲ ကြည့်ကြတယ်… Positive Thinking… Positive View တွေနဲ့ပဲ ကူညီပေးကြတယ်…

မြန်မာနိုင်ငံက လူအများစုက သူတစ်ပါးကို အရမ်း Judgement လုပ်လွန်းအားကြီးတယ်… အဲဒီလို Judgement လုပ်နေရအောင် တရားသူကြီးတွေလည်း မဟုတ်ကြဘူး…

တကယ်လို့ အကြောင်းအရာ တစ်ခုဖတ်ရသိရလို့ ကိုယ်တိုင်ပါဝင်မကူညီပေးနိုင်တောင် ကိုယ့်အတွက် အသိတရားတစ်ခုရယူပြီး ဒါမကောင်းဘူး… မဖြစ်သင့်ဘူး… ငါ့အလှည့်ကျမဖြစ်အောင် ဆင်ခြင်ရမယ်” လို့ တွေးတောတတ်ရင်ရပါပြီ…

ဝဋ်ဆိုတာကလည်း နောက်ဘဝမကူးဘဲ အခုဘဝမှာပဲ လည်တတ်တာမို့ အရိုးမရှိတဲ့လျှာလေးကို အသိ သတိလေးနဲ့ဆင်ခြင်ပီး သူတစ်ပါးအပေါ်ပြစ်တင်ရှုတ်ချ ဝေဖန်တာမျိုးကို ရှောင်ရှားကြပါလို့ တိုက်တွန်းရင်း…

Credit john Vinoth

Leave a Reply