Button Text! Submit original article and get paid. Find out More

ေလာကမွာ “မေသေသာေဆးသမား မမွားေသာေ႐ွ႕ေန” ဆိုတာလည္း ေနရာတိုင္းလူတိုင္း ရိွေနႏိုင္တယ္ေလ။

ဘဝမွာ ကိုယ္မွန္တယ္လို႔ ထင္တဲ့အရာတိုင္းက

တစ္ဖက္မွာ အမွားလည္းျဖစ္ေနႏိုင္တယ္ ”

တစ္ခါတစ္ရံ ကိုယ့္တစ္ဖက္သတ္အေတြးေတြနဲ႔

မွန္တယ္လို႔ ဆံုးျဖတ္လိုက္တဲ့ ျပသနာတိုင္းက တစ္ပါးသူအတြက္ အမွားလည္းျဖစ္ေနတတ္တယ္။

ဘဝမွာ ကိုယ္သိတိုင္းေျပာလိုက္တဲ့ စကားေတြကတစ္ဖက္သား သိကၡာကိုထိခိုက္ေစတဲ့ အရာေတြလည္းျဖစ္ေနတတ္တယ္ ”

တစ္ခါတစ္ရံ ကိုယ္သိတိုင္း မေျပာခဲ့တဲ့စကားေတြက ကိုယ္ညံ့လို႔ ကိုယ္အ”လို႔မဟုတ္ပဲ တစ္ဖက္သားအေပၚအားနာလို႔လည္းျဖစ္ေနတတ္ျပန္တယ္။

ဘဝမွာ ကိုယ္ခံစားရသမ်ွနဲ႔ ႏိႈင္းၿပီး အရာရာတြက္ခ်က္ သူတစ္ပါးလည္း ဒီလိုပဲလို႔ေကာက္ခ်က္ဆဲြ”တယူတန္အေတြးေတြရိွေနတတ္တယ္ ”

တစ္ခါတစ္ရံ ကိုယ့္အေပၚနာက်င္ေစတဲ့သူေတြတိုင္း ကိုယ့္ပတ္ဝန္းက်င္က သူေတြမဟုတ္ႏိုင္ဘူးဆိုတာ ေမ့ေနတတ္တယ္။

ဘဝမွာ ကိုယ္တိုင္ယံုၾကည္မႈ မရိွသမ်ွ လူတိုင္းအေပၚယံုၾကည္မႈမဲ့ေနတတ္တယ္ ”

တစ္ခါတစ္ရံ ကိ္ုယ္တိုင္က သူတစ္ပါးအေပၚ ယံုၾကည္မႈမထားရိွပဲနဲ႔ ကိုယ့္အေပၚသူတစ္ပါးမယံုၾကည္တာကိုလက္မခံႏိုင္တဲ့အတၱေတြလည္း ရိွေနတတ္ျပန္တယ္။

ဘဝမွာ ကိုယ္တိုင္သာ မႀကိဳးစားၾကည့္ပဲနဲ႔ ေအာင္ျမင္မႈရေန သူတိုင္းကို မနာလိုတဲ့ ဝန္တိုစိတ္မ်ိဳးလည္းျဖစ္ေနတတ္တယ္ ” ေအာင္ျမင္မႈဆိုတာ ႀကိဳးစားသူတိုင္းရဲ႕ဆုလာဒ္ဆိုတာ သတိမရႏိုင္ေအာင္ ေလာဘစိတ္ေတြတစ္ခါတစ္ရံ ႀကီးစိုးေနတတ္ျပန္တယ္။

ေနာက္ဆံုးေတာ့ ကိုယ့္အျမင္ ကိုယ္အေတြးေတြကတစ္ခါတစ္ရံ မမွန္ႏိုင္သလို ကိုယ္တိုင္အရာရာ လက္ခံႏိုင္စြမ္းမရိွပဲနဲ႔ ကိုယ့္လုပ္ရပ္တိုင္းကလည္း အျမဲတမ္းမွန္ကန္ေနတယ္လို႔ မဆိုလိုႏိုင္ဘူးေလ” ေလာကမွာ

“မေသေသာေဆးသမား မမွားေသာေ႐ွ႕ေန” ဆိုတာလည္း ေနရာတိုင္းလူတိုင္း ရိွေနႏိုင္တယ္ေလ။

©®♥မိုးရည္ စက္မ်ား

………………………….

unicode

ဘဝမှာ ကိုယ်မှန်တယ်လို့ ထင်တဲ့အရာတိုင်းက

တစ်ဖက်မှာ အမှားလည်းဖြစ်နေနိုင်တယ် ”

တစ်ခါတစ်ရံ ကိုယ့်တစ်ဖက်သတ်အတွေးတွေနဲ့

မှန်တယ်လို့ ဆုံးဖြတ်လိုက်တဲ့ ပြသနာတိုင်းက တစ်ပါးသူအတွက် အမှားလည်းဖြစ်နေတတ်တယ်။

ဘဝမှာ ကိုယ်သိတိုင်းပြောလိုက်တဲ့ စကားတွေကတစ်ဖက်သား သိက္ခာကိုထိခိုက်စေတဲ့ အရာတွေလည်းဖြစ်နေတတ်တယ် ”

တစ်ခါတစ်ရံ ကိုယ်သိတိုင်း မပြောခဲ့တဲ့စကားတွေက ကိုယ်ညံ့လို့ ကိုယ်အ”လို့မဟုတ်ပဲ တစ်ဖက်သားအပေါ်အားနာလို့လည်းဖြစ်နေတတ်ပြန်တယ်။

ဘဝမှာ ကိုယ်ခံစားရသမျှနဲ့ နှိုင်းပြီး အရာရာတွက်ချက် သူတစ်ပါးလည်း ဒီလိုပဲလို့ကောက်ချက်ဆွဲ”တယူတန်အတွေးတွေရှိနေတတ်တယ် ”

တစ်ခါတစ်ရံ ကိုယ့်အပေါ်နာကျင်စေတဲ့သူတွေတိုင်း ကိုယ့်ပတ်ဝန်းကျင်က သူတွေမဟုတ်နိုင်ဘူးဆိုတာ မေ့နေတတ်တယ်။

ဘဝမှာ ကိုယ်တိုင်ယုံကြည်မှု မရှိသမျှ လူတိုင်းအပေါ်ယုံကြည်မှုမဲ့နေတတ်တယ် ”

တစ်ခါတစ်ရံ ကိ်ုယ်တိုင်က သူတစ်ပါးအပေါ် ယုံကြည်မှုမထားရှိပဲနဲ့ ကိုယ့်အပေါ်သူတစ်ပါးမယုံကြည်တာကိုလက်မခံနိုင်တဲ့အတ္တတွေလည်း ရှိနေတတ်ပြန်တယ်။

ဘဝမှာ ကိုယ်တိုင်သာ မကြိုးစားကြည့်ပဲနဲ့ အောင်မြင်မှုရနေ သူတိုင်းကို မနာလိုတဲ့ ဝန်တိုစိတ်မျိုးလည်းဖြစ်နေတတ်တယ် ” အောင်မြင်မှုဆိုတာ ကြိုးစားသူတိုင်းရဲ့ဆုလာဒ်ဆိုတာ သတိမရနိုင်အောင် လောဘစိတ်တွေတစ်ခါတစ်ရံ ကြီးစိုးနေတတ်ပြန်တယ်။

နောက်ဆုံးတော့ ကိုယ့်အမြင် ကိုယ်အတွေးတွေကတစ်ခါတစ်ရံ မမှန်နိုင်သလို ကိုယ်တိုင်အရာရာ လက်ခံနိုင်စွမ်းမရှိပဲနဲ့ ကိုယ့်လုပ်ရပ်တိုင်းကလည်း အမြဲတမ်းမှန်ကန်နေတယ်လို့ မဆိုလိုနိုင်ဘူးလေ” လောကမှာ

“မသေသောဆေးသမား မမှားသောရှေ့နေ” ဆိုတာလည်း နေရာတိုင်းလူတိုင်း ရှိနေနိုင်တယ်လေ။

©®♥မိုးရည် စက်များ

Leave a Reply