Button Text! Submit original article and get paid. Find out More
#ရှမ်းပုတ်(မိုမိုလေး)
…………………………
unicode
ချစ်ပါ ဒါပေမယ့် အများကြီး မမျှော်လင့်ထားပါနဲ့
လူတစ်ယောက်ကို ချစ်မိသွားရင် အများကြီး မျှော်လင့်ချက် မထားမိပါစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေမှာ ကိုယ့်မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် ပိုဝမ်းနည်းစွာ အရမ်းခံစားရမှာက နောက်ဆုံး ကိုယ်ကိုယ်တိုင်ပါပဲ။
လူတစ်ယောက်ကို ကိုယ့်ဖက်ကနေ အများကြီး မယုံကြည်မိပါစေနဲ့။ သူ့အပေါ် ကိုယ့်ရဲ့ ယုံကြည်မှုတွေကို ရိုက်ချိုး ဖျက်ဆီးခံရတဲ့အခါ တကယ် နာကျင်ဝမ်းနည်းမိတာက ကိုယ့်ပါပဲ။
တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် စိတ်ထဲမှာ စွဲစွဲလမ်းလမ်း မချစ်မိပါစေနဲ့။ တစ်နေ့နေ့ သူ ကိုယ့်အနားကနေ ထွက်ခွာသွားခဲ့ရင် ကိုယ့်ဘဝတစ်ခုလုံး နာကျင်စွာနဲ့ အဓိပါ္ပယ်မဲ့စွာ နေ့ရက်တိုင်းကို ဖြတ်သန်းသွားရမှာပါ။
တစ်စုံတစ်ယောက်ကို သေလောက်အောင် ချစ်နေပါစေ အများကြီး မပေးဆပ််မိပါစေနဲ့။ ကိုယ့်ဖက်ကနေ ပေးဆပ်မှုတွေ များလာတဲ့အခါ တစ်ခါတလေမှာ လူတွေက တန်းဖိုးမဲ့ သွားတတ်ပါတယ်။
. ကိုယ့်ဖက်ကနေ အရာရာကို အမြဲတမ်း အရှုံးမပေးပါနဲ့။ ကိုယ့်ကလည်း သူလုပ်သလို လုပ်ကြည့်လိုက်ပါ။ ဒါဆို သူအတွက် ကိုယ်က ဘယ်လောက်ထိ အရေးပါသော သူတစ်ယောက်ဖြစ်ကြောင်း သိလာပါလိမ့်မယ်။
#ရှမ်းပုတ်(မိုမိုလေး)