Button Text! Submit original article and get paid. Find out More

ဘယ္အခ်ိန္ၾကည့္ၾကည့္ စိတ္ဖိစီးမႈမရွိေပ်ာ္ရႊင္ေနသူေတြရဲ႕ အတုယူဖြယ္လွ်ိဳ႕ဝွက္ခ်က္(၈)ခ်က္

ဘဝမွာ ေအာင္ျမင္ဖုိ႕၊ ေပ်ာ္ရႊင္နုိင္ဖို႕၊ အဆင္ေျပေျပေနနိုင္ဖို႕အတြက္ လူတိုင္းအလုပ္လုပ္ၾကရပါတယ္။ အလုပ္လုပ္တဲ့အခါ စိတ္ဖိစီးမႈေတြကိုရင္ဆိုင္ရျပီး ေျဖရွင္းစရာျပႆနာေတြလည္း အမ်ားၾကီးၾကံဳရပါတယ္။ ဒါေပမယ့္ အလုပ္ေတြဘယ္ေလာက္မ်ားမ်ား စိတ္မဖိစီးေအာင္ေနတတ္ဖို႕လိုပါတယ္။ မဟုတ္ရင္ အလုပ္နည္းနည္းရႈပ္သြားတာနဲ႕ စိတ္ဖိစီးမႈေတြျဖစ္ျပီး အျမဲတမ္း ဒီအထဲကရုန္းမထြက္နိုင္ဘဲျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ဘယ္ေလာက္ပဲအလုပ္ေတြရႈပ္ရႈပ္ စိတ္မဖိစီးေအာင္ေနတတ္တဲ့သူေတြရဲ႕ အတုယူဖြယ္ အမူအက်င့္ေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) အကူအညီကိုလက္ခံတယ္

စိတ္ဖိစီးမႈနည္းတဲ့လူေတြဟာ ကိုယ္မနိုင္တဲ့တာဝန္ေတြကို မယူဘဲ ကိုယ္နိုင္သေလာက္ပဲ တာဝန္ယူတယ္။ ကိုယ္မလုပ္နိုင္တာကို အတင္းဖ်စ္ညွစ္ျပီးမလုပ္ေနဘဲ အကူအညီေတာင္းသင့္ရင္ေတာင္းတယ္၊ ဘယ္သူ႕အကူအညီမွမယူနိုင္ဘူးဆိုျပီး တလြဲမာနထားတာမ်ိဳးမရွိပါဘူး။

(၂) ေကာင္းေကာင္းအနားယူတတ္တယ္

လူတစ္ေယာက္က ၾကိဳးစားအားထုတ္ဖို႕လိုသလို၊ အနားယူတတ္ဖို႕လည္း လိုပါတယ္။ အနားယူတယ္ဆိုရာမွာ အိပ္ခ်ိန္လံုလံုေလာက္ေလာက္အိပ္တာ၊ က်န္းမာေရးအတြက္ေကာင္းမြန္တဲ့အစားအေသာက္ေတြစားတာ၊ စိတ္အပန္းေျပေစမယ့္ အမူအက်င့္ေလးေတြလုပ္တာမ်ိဳးေတြကို ဆိုလိုပါတယ္။

(၃) စိတ္ညစ္စရာေပးမယ့္အရာေတြကို တတ္နိုုင္သေလာက္ေရွာင္တယ္

ကိုယ့္အလုပ္ကိစၥ၊ ေက်ာင္းကိစၥေတြနဲ႕ ရႈပ္ေနတဲ့အခ်ိန္မွာ ကိုယ့္ကိုစိတ္ညစ္စရာေပးမယ့္အရာေတြကို ေရွာင္တတ္ဖုိ႕လိုပါတယ္။ သူတို႕ျပႆနာေတြကိုအရမ္းျငီးတြားလြန္းတဲ့ သူငယ္ခ်င္းေတြ၊ ကိုယ္လုပ္ေနတာေတြကို အပ်က္သေဘာေဆာင္တဲ့မွတ္ခ်က္ေပးတဲ့သူေတြ၊ ကိုယ့္ကို ၾကိဳးစားခ်င္စိတ္ေပ်ာက္ေအာင္၊ ေပ်ာ္စရာေတြေပ်ာက္ေအာင္လုပ္မယ့္သူေတြနဲ႕ ေဝးေဝးေနတာအေကာင္းဆံုးပါ။

(၄) သူငယ္ခ်င္းအနည္းစုရွိတယ္

လူတိုင္းက အခက္အခဲေတြကိုတိုင္ပင္ဖို႕၊ ေပ်ာ္စရာေတြကိုေဝမွ်ဖို႕အတြက္ သူငယ္ခ်င္းေတြရွိဖို႕လိုပါတယ္။ သူငယ္ခ်င္းေတြအရမ္းအမ်ားၾကီးရွိတာထက္ တကယ္ရင္းရင္းနွီးနွီးေပါင္းလို႕ရတဲ့ သူငယ္ခ်င္းအနည္းစုရွိတာက စိတ္ဖိစီးမႈေတြမျဖစ္ေအာင္တားေပးနိုင္ပါတယ္။

(၅) ကိုယ္ပိုင္အခ်ိန္ေလးေတြထားထားတယ္

သင္ဟာ ေက်ာင္းတက္ေနတာပဲျဖစ္ျဖစ္၊ အလုပ္လုပ္ေနတာပဲျဖစ္ျဖစ္ ပိတ္ရက္ေလးေတြမွာ တစ္ေယာက္တည္း ေအးေအးေဆးေဆးနားေနရတဲ့အခ်ိန္ေလးေတြထားထားသင့္ပါတယ္။ စေန၊ တနဂၤေႏြလိုေန႕မ်ိဳးမွာ ကိုုယ္ၾကိဳက္တဲ့ေကာ္ဖီဆိုင္ေလးေတြသြားထိုင္တာမ်ိဳး၊ အိမ္မွာေအးေအးေဆးေဆးေနျပီး ရုပ္ရွင္ၾကည့္၊စာအုပ္ဖတ္တာမ်ိဳးေလးေတြေပါ့။

(၆) အားကစား ဒါမွမဟုတ္ အနုပညာမွာေပ်ာ္ေမြ႕တယ္

အားကစားတစ္မ်ိဳးမ်ိဳးလုပ္တဲ့သူ၊ အနုပညာတစ္ခုခုလုပ္တဲ့သူေတြက တျခားသူေတြထက္ စိတ္ဖိစီးမႈေလ်ာ့နည္းပါတယ္။ ဒါေၾကာင့္ သင့္မွာလည္း ဒီလိုဝါသနာတစ္ခုခုရွိရင္ ၾကိဳးစားၾကည့္ပါ။

(၇) အေသးစိတ္ေတြးျပီးခံစားေနတာမ်ိဳးမလုပ္ဘူး

ျပႆနာေတြ၊ အေၾကာင္းအရာေတြဟာ ေတြးရင္ေတြးသေလာက္ ရင္ေမာစရာ၊ စိတ္ညစ္စရာေကာင္းပါတယ္။ ဒါေၾကာင့္ ျပသနာတစ္ခု၊ ေျဖရွင္းစရာတစ္ခုရွိလာရင္ ဒီအရာရဲ႕ အရင္းအျမစ္ကဘာလဲ၊ ဘယ္လိုေျဖရွင္းနိုင္မလဲဆိုတာကလြဲရင္ တျခားေထြေထြထူးထူးစဥ္းစားျပီး မခံစားတာအေကာင္းဆံုးပါ။

(၈) သူတို႕ပိုင္ဆိုင္ခြင့္ရတာေတြကိုတန္ဖိုးထားတယ္

လူတိုင္းက ကိုယ္လိုခ်င္တာေတြခ်ည္းပဲပိုင္ဆိုင္ရတာမဟုတ္ပါဘူး။ မလိုခ်င္တဲ့အရာေတြလည္း ပိုင္ဆိုင္ရပါတယ္။ ဒါေၾကာင့္ ကိုယ္လိုခ်င္သည္ျဖစ္ေစ၊ မလုိခ်င္သည္ျဖစ္ေစ လက္ရွိကိုယ့္မွာရွိေနတာကို တန္ဖိုးထားတတ္ရင္ စိတ္ညစ္စရာေတြထိုက္သင့္သေလာက္နည္းသြားပါလိမ့္မယ္။ ကိုယ့္မွာရွိေနတဲ့ပိုင္ဆိုင္မႈ၊ အရည္အခ်င္းေတြဟာ သူမ်ားေတြတိတ္တဆိတ္အားက်ေနတဲ့အရာေတြျဖစ္ေနနိုင္ပါတယ္။ ဒါေၾကာင့္ ဒီအရာေတြနဲ႕ပတ္သက္လို႕ တန္ဖိုးထားတာက အဆိုးျမင္စိတ္ကိုေလ်ာ့နည္းေစျပီး စိတ္ဖိစီးမႈေတြမျဖစ္ေအာင္ ဟန္႕တားေပးနိုင္ပါတယ္။

MAY THAZINHTOO

……………………..

unicode

ဘဝမှာ အောင်မြင်ဖို့၊ ပျော်ရွှင်နိုင်ဖို့၊ အဆင်ပြေပြေနေနိုင်ဖို့အတွက် လူတိုင်းအလုပ်လုပ်ကြရပါတယ်။ အလုပ်လုပ်တဲ့အခါ စိတ်ဖိစီးမှုတွေကိုရင်ဆိုင်ရပြီး ဖြေရှင်းစရာပြဿနာတွေလည်း အများကြီးကြုံရပါတယ်။ ဒါပေမယ့် အလုပ်တွေဘယ်လောက်များများ စိတ်မဖိစီးအောင်နေတတ်ဖို့လိုပါတယ်။ မဟုတ်ရင် အလုပ်နည်းနည်းရှုပ်သွားတာနဲ့ စိတ်ဖိစီးမှုတွေဖြစ်ပြီး အမြဲတမ်း ဒီအထဲကရုန်းမထွက်နိုင်ဘဲဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဘယ်လောက်ပဲအလုပ်တွေရှုပ်ရှုပ် စိတ်မဖိစီးအောင်နေတတ်တဲ့သူတွေရဲ့ အတုယူဖွယ် အမူအကျင့်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အကူအညီကိုလက်ခံတယ်

စိတ်ဖိစီးမှုနည်းတဲ့လူတွေဟာ ကိုယ်မနိုင်တဲ့တာဝန်တွေကို မယူဘဲ ကိုယ်နိုင်သလောက်ပဲ တာဝန်ယူတယ်။ ကိုယ်မလုပ်နိုင်တာကို အတင်းဖျစ်ညှစ်ပြီးမလုပ်နေဘဲ အကူအညီတောင်းသင့်ရင်တောင်းတယ်၊ ဘယ်သူ့အကူအညီမှမယူနိုင်ဘူးဆိုပြီး တလွဲမာနထားတာမျိုးမရှိပါဘူး။

(၂) ကောင်းကောင်းအနားယူတတ်တယ်

လူတစ်ယောက်က ကြိုးစားအားထုတ်ဖို့လိုသလို၊ အနားယူတတ်ဖို့လည်း လိုပါတယ်။ အနားယူတယ်ဆိုရာမှာ အိပ်ချိန်လုံလုံလောက်လောက်အိပ်တာ၊ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အစားအသောက်တွေစားတာ၊ စိတ်အပန်းပြေစေမယ့် အမူအကျင့်လေးတွေလုပ်တာမျိုးတွေကို ဆိုလိုပါတယ်။

(၃) စိတ်ညစ်စရာပေးမယ့်အရာတွေကို တတ်နိုုင်သလောက်ရှောင်တယ်

ကိုယ့်အလုပ်ကိစ္စ၊ ကျောင်းကိစ္စတွေနဲ့ ရှုပ်နေတဲ့အချိန်မှာ ကိုယ့်ကိုစိတ်ညစ်စရာပေးမယ့်အရာတွေကို ရှောင်တတ်ဖို့လိုပါတယ်။ သူတို့ပြဿနာတွေကိုအရမ်းငြီးတွားလွန်းတဲ့ သူငယ်ချင်းတွေ၊ ကိုယ်လုပ်နေတာတွေကို အပျက်သဘောဆောင်တဲ့မှတ်ချက်ပေးတဲ့သူတွေ၊ ကိုယ့်ကို ကြိုးစားချင်စိတ်ပျောက်အောင်၊ ပျော်စရာတွေပျောက်အောင်လုပ်မယ့်သူတွေနဲ့ ဝေးဝေးနေတာအကောင်းဆုံးပါ။

(၄) သူငယ်ချင်းအနည်းစုရှိတယ်

လူတိုင်းက အခက်အခဲတွေကိုတိုင်ပင်ဖို့၊ ပျော်စရာတွေကိုဝေမျှဖို့အတွက် သူငယ်ချင်းတွေရှိဖို့လိုပါတယ်။ သူငယ်ချင်းတွေအရမ်းအများကြီးရှိတာထက် တကယ်ရင်းရင်းနှီးနှီးပေါင်းလို့ရတဲ့ သူငယ်ချင်းအနည်းစုရှိတာက စိတ်ဖိစီးမှုတွေမဖြစ်အောင်တားပေးနိုင်ပါတယ်။

(၅) ကိုယ်ပိုင်အချိန်လေးတွေထားထားတယ်

သင်ဟာ ကျောင်းတက်နေတာပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတာပဲဖြစ်ဖြစ် ပိတ်ရက်လေးတွေမှာ တစ်ယောက်တည်း အေးအေးဆေးဆေးနားနေရတဲ့အချိန်လေးတွေထားထားသင့်ပါတယ်။ စနေ၊ တနင်္ဂနွေလိုနေ့မျိုးမှာ ကိုုယ်ကြိုက်တဲ့ကော်ဖီဆိုင်လေးတွေသွားထိုင်တာမျိုး၊ အိမ်မှာအေးအေးဆေးဆေးနေပြီး ရုပ်ရှင်ကြည့်၊စာအုပ်ဖတ်တာမျိုးလေးတွေပေါ့။

(၆) အားကစား ဒါမှမဟုတ် အနုပညာမှာပျော်မွေ့တယ်

အားကစားတစ်မျိုးမျိုးလုပ်တဲ့သူ၊ အနုပညာတစ်ခုခုလုပ်တဲ့သူတွေက တခြားသူတွေထက် စိတ်ဖိစီးမှုလျော့နည်းပါတယ်။ ဒါကြောင့် သင့်မှာလည်း ဒီလိုဝါသနာတစ်ခုခုရှိရင် ကြိုးစားကြည့်ပါ။

(၇) အသေးစိတ်တွေးပြီးခံစားနေတာမျိုးမလုပ်ဘူး

ပြဿနာတွေ၊ အကြောင်းအရာတွေဟာ တွေးရင်တွေးသလောက် ရင်မောစရာ၊ စိတ်ညစ်စရာကောင်းပါတယ်။ ဒါကြောင့် ပြသနာတစ်ခု၊ ဖြေရှင်းစရာတစ်ခုရှိလာရင် ဒီအရာရဲ့ အရင်းအမြစ်ကဘာလဲ၊ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကလွဲရင် တခြားထွေထွေထူးထူးစဉ်းစားပြီး မခံစားတာအကောင်းဆုံးပါ။

(၈) သူတို့ပိုင်ဆိုင်ခွင့်ရတာတွေကိုတန်ဖိုးထားတယ်

လူတိုင်းက ကိုယ်လိုချင်တာတွေချည်းပဲပိုင်ဆိုင်ရတာမဟုတ်ပါဘူး။ မလိုချင်တဲ့အရာတွေလည်း ပိုင်ဆိုင်ရပါတယ်။ ဒါကြောင့် ကိုယ်လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ လက်ရှိကိုယ့်မှာရှိနေတာကို တန်ဖိုးထားတတ်ရင် စိတ်ညစ်စရာတွေထိုက်သင့်သလောက်နည်းသွားပါလိမ့်မယ်။ ကိုယ့်မှာရှိနေတဲ့ပိုင်ဆိုင်မှု၊ အရည်အချင်းတွေဟာ သူများတွေတိတ်တဆိတ်အားကျနေတဲ့အရာတွေဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဒီအရာတွေနဲ့ပတ်သက်လို့ တန်ဖိုးထားတာက အဆိုးမြင်စိတ်ကိုလျော့နည်းစေပြီး စိတ်ဖိစီးမှုတွေမဖြစ်အောင် ဟန့်တားပေးနိုင်ပါတယ်။

MAY THAZINHTOO