Button Text! Submit original article and get paid. Find out More

လူတစ္ဦးကုိကူညီမိလုိ႔ (၈)ႏွစ္စာလစာေငြကုိ ဆုေၾကးအျဖစ္ပုိင္ဆုိင္ခဲ့ရတဲ့အမ်ိဳးသား

သင့္ရဲ႕ဘ၀မွာ အနည္းဆုံး လူတစ္ေယာက္ကုိေတာ့ ကူညီခဲ့ဖူးမွာပါ။ တခ်ိဳ႕ကူညီမႈေတြက ဘာမွ ျပန္မရေပမယ့္ တစ္ခါတရံမွာေတာ့ ကုိယ့္ရဲ႕စိတ္ေစတနာေကာင္းကေန ကုိယ့္ကုိ ျပန္ၿပီး အက်ိဳးေပးတာမ်ိးလည္း သင္ ႀကံဳဖူးမွာပါ။

ေတာင္အာဖရိကႏုိင္ငံ၊ ကိတ္ေတာင္းၿမိဳ႕မွာေနထုိင္တဲ့ အမ္ဘီလီ ဟာ ဓာတ္ဆီဆုိင္တစ္ခုမွာ ဆီျဖည့္ေပးရတဲ့ ၀န္ထမ္းတစ္ဦးပါ။ သူက အသက္ (၂၈)ႏွစ္ ရွိၿပီျဖစ္ၿပီး ဓာတ္ဆီျဖည့္တဲ့အလုပ္ကုိ ႏွစ္အေတာ္ၾကာ လုပ္ေနခဲ့ရတယ္။ တစ္ေန႔မွာေတာ့ သူ႕အေနနဲ႔ လူတစ္ေယာက္ကုိ ကူညီဖုိ႔ အေၾကာင္းေပၚလာခဲ့ပါတယ္။

သူ ကူညီခြင့္ရခဲ့တာကေတာ့ အမ်ိဳးသမီးတစ္ေယာက္ပါ။ သူမ က အသက္ (၂၁)ႏွစ္သာ ရွိေသးၿပီး ဂမ္စဘီၿမိဳ႕မွာေနထုိင္တဲ့ မုိနက္ ဆုိတဲ့အမ်ိဳးသမီးေလးပါပဲ။

မုိနက္ က ကိတ္ေတာင္းၿမိဳ႕စြန္ဖက္ကုိ ကားေမာင္းလာရင္း သူ႕ရဲ႕ကားက ဆီကုန္သြားခဲ့တယ္။ ျဖစ္ခ်င္ေတာ့ သူမ ေရာက္ေနတဲ့ေနရာဟာ ကိတ္ေတာင္းၿမိဳ႕ရဲ႕အၾကမ္းဆုံးရပ္ကြက္ေတြထဲက တစ္ခုျဖစ္္ၿပီး သူ႕အေနနဲ႔ ဒီေနရာကေန ျမန္ျမန္ထြက္ခြာဖုိ႔ လုိေနၿပီလုိ႔ ေတြးမိခဲ့ပါတယ္။

ဒါေပမယ့္ အေျခအေနေတြက မုိနက္ထင္သလုိ ျဖစ္မလာခဲ့ဘူး။ သူမရဲ႕ဘဏ္ကတ္က အိမ္မွာေမ့က်န္ခဲ့သလုိ သူမဆီမွာလည္း ပုိက္ဆံတျပားမွ ပါမလာခဲ့ဘူး။

အဲဒီအခ်ိန္မွာပဲ အမ္ဘီလီ က သူမကုိ ကူညီေပးခဲ့တာပါ။ သူက သူ႕ရဲ႕ ကုိယ္ပုိင္ေငြကုိသုံးၿပီး မုိနက္ရဲ႕ကားကုိ ဓာတ္ဆီျဖည့္ႏုိင္ေအာင္ စီစဥ္ေပးခဲ့တယ္။ အဲဒီေနာက္ အႏၱရာယ္မ်ားတဲ့ေနရာ ျဖစ္တာေၾကာင့္ ျမန္ျမန္ထြက္သြားဖုိ႔လည္း တုိက္တြန္းခဲ့တယ္။

မိုနက္တစ္ေယာက္ အိမ္ျပန္ေရာက္ေရာက္ခ်င္းမွာပဲ သူ႕ကုိ ကူညီခဲ့တဲ့ အမ္ဘီလီရဲ႕အေၾကာင္းကုိ ဆုိရွယ္မီဒီယာကေန တစ္ဆင့္ အသိေပးၿပီး ဒီကယ္တင္ရွင္ကုိ ဆုခ်ီးျမွင့္ဖုိ႔အတြက္ သူမနဲ႔အတူ ပါ၀င္ႏုိင္ေၾကာင္း အလွဴေငြေကာက္ခံတဲ့ ၀က္ဆုိက္တစ္ခုကေန အားလုံးကုိ ဖိတ္ေခၚခဲ့ပါတယ္။

ဒီ ကူညီတတ္တဲ့ ဓာတ္ဆီဆုိင္၀န္ထမ္းရဲ႕အေၾကာင္းက ေတာင္အာဖရိကႏုိင္ငံအတြင္းမွာသာ မကပဲ တျခားေနရာေတြအထိပါ ပ်ံ႕ႏွ႔ံသြားခဲ့ၿပီး အမ္ဘီလီရဲ႕အျပဳအမူကုိ ေလးစားသူေတြက ဆုခ်ီးျမွင့္ေငြေတြ ထည့္၀င္ခဲ့ၾကတယ္။

ပမာဏက တကယ့္ကုိ အံ့ၾသစရာပါပဲ။ အမ္ဘီလီ ဟာ သူ႕ရဲ႕(၈)ႏွစ္တာ လုပ္ခလစာနဲ႔ ညီမွ်တဲ့ ေငြပမာဏကုိ ဆုေၾကးေငြအျဖစ္ ရရွိသြားခဲ့တာပါ။

သူ႕အတြက္ ရရွိတဲ့ ဆုေၾကးေငြ စုစုေပါင္းက ေပါင္(၂၆၆၀၀) ျဖစ္ၿပီး အဲဒါက သူ (၈)ႏွစ္ေလာက္ အလုပ္လုပ္မွ ရမယ့္ ေငြေၾကးပမာဏမ်ိဳးပါပဲ။

ဒီအျဖစ္အပ်က္ေလးက လူေတြကုိ ကူညီတတ္တဲ့သူေတြအတြက္ ကံေကာင္းျခင္းေတြေရာက္လာႏုိင္တယ္ဆုိတာ အသိေပးလုိက္တာပဲျဖစ္ၿပီး ရုိးရုိးသားသား ကူညီမႈေလးတစ္ခုေၾကာင့္ (၈)ႏွစ္စာ လစာပမာဏမ်ိဳး ပုိင္ဆုိင္သြားခဲ့တဲ့ အမ္ဘီလီရဲ႕ အျဖစ္အပ်က္ဟာ လူေတြပါးစပ္ဖ်ားမွာ ေျပာစရာတစ္ခု ျဖစ္သြားခဲ့ပါတယ္။

Linn

………………………..

unicode

သင့်ရဲ့ဘဝမှာ အနည်းဆုံး လူတစ်ယောက်ကိုတော့ ကူညီခဲ့ဖူးမှာပါ။ တချို့ကူညီမှုတွေက ဘာမှ ပြန်မရပေမယ့် တစ်ခါတရံမှာတော့ ကိုယ့်ရဲ့စိတ်စေတနာကောင်းကနေ ကိုယ့်ကို ပြန်ပြီး အကျိုးပေးတာမျိးလည်း သင် ကြုံဖူးမှာပါ။

တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့မှာနေထိုင်တဲ့ အမ်ဘီလီ ဟာ ဓာတ်ဆီဆိုင်တစ်ခုမှာ ဆီဖြည့်ပေးရတဲ့ ဝန်ထမ်းတစ်ဦးပါ။ သူက အသက် (၂၈)နှစ် ရှိပြီဖြစ်ပြီး ဓာတ်ဆီဖြည့်တဲ့အလုပ်ကို နှစ်အတော်ကြာ လုပ်နေခဲ့ရတယ်။ တစ်နေ့မှာတော့ သူ့အနေနဲ့ လူတစ်ယောက်ကို ကူညီဖို့ အကြောင်းပေါ်လာခဲ့ပါတယ်။

သူ ကူညီခွင့်ရခဲ့တာကတော့ အမျိုးသမီးတစ်ယောက်ပါ။ သူမ က အသက် (၂၁)နှစ်သာ ရှိသေးပြီး ဂမ်စဘီမြို့မှာနေထိုင်တဲ့ မိုနက် ဆိုတဲ့အမျိုးသမီးလေးပါပဲ။

မိုနက် က ကိတ်တောင်းမြို့စွန်ဖက်ကို ကားမောင်းလာရင်း သူ့ရဲ့ကားက ဆီကုန်သွားခဲ့တယ်။ ဖြစ်ချင်တော့ သူမ ရောက်နေတဲ့နေရာဟာ ကိတ်တောင်းမြို့ရဲ့အကြမ်းဆုံးရပ်ကွက်တွေထဲက တစ်ခုဖြစ််ပြီး သူ့အနေနဲ့ ဒီနေရာကနေ မြန်မြန်ထွက်ခွာဖို့ လိုနေပြီလို့ တွေးမိခဲ့ပါတယ်။

ဒါပေမယ့် အခြေအနေတွေက မိုနက်ထင်သလို ဖြစ်မလာခဲ့ဘူး။ သူမရဲ့ဘဏ်ကတ်က အိမ်မှာမေ့ကျန်ခဲ့သလို သူမဆီမှာလည်း ပိုက်ဆံတပြားမှ ပါမလာခဲ့ဘူး။

အဲဒီအချိန်မှာပဲ အမ်ဘီလီ က သူမကို ကူညီပေးခဲ့တာပါ။ သူက သူ့ရဲ့ ကိုယ်ပိုင်ငွေကိုသုံးပြီး မိုနက်ရဲ့ကားကို ဓာတ်ဆီဖြည့်နိုင်အောင် စီစဉ်ပေးခဲ့တယ်။ အဲဒီနောက် အန္တရာယ်များတဲ့နေရာ ဖြစ်တာကြောင့် မြန်မြန်ထွက်သွားဖို့လည်း တိုက်တွန်းခဲ့တယ်။

မိုနက်တစ်ယောက် အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ သူ့ကို ကူညီခဲ့တဲ့ အမ်ဘီလီရဲ့အကြောင်းကို ဆိုရှယ်မီဒီယာကနေ တစ်ဆင့် အသိပေးပြီး ဒီကယ်တင်ရှင်ကို ဆုချီးမြှင့်ဖို့အတွက် သူမနဲ့အတူ ပါဝင်နိုင်ကြောင်း အလှူငွေကောက်ခံတဲ့ ဝက်ဆိုက်တစ်ခုကနေ အားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီ ကူညီတတ်တဲ့ ဓာတ်ဆီဆိုင်ဝန်ထမ်းရဲ့အကြောင်းက တောင်အာဖရိကနိုင်ငံအတွင်းမှာသာ မကပဲ တခြားနေရာတွေအထိပါ ပျံ့နှ့ံသွားခဲ့ပြီး အမ်ဘီလီရဲ့အပြုအမူကို လေးစားသူတွေက ဆုချီးမြှင့်ငွေတွေ ထည့်ဝင်ခဲ့ကြတယ်။

ပမာဏက တကယ့်ကို အံ့သြစရာပါပဲ။ အမ်ဘီလီ ဟာ သူ့ရဲ့(၈)နှစ်တာ လုပ်ခလစာနဲ့ ညီမျှတဲ့ ငွေပမာဏကို ဆုကြေးငွေအဖြစ် ရရှိသွားခဲ့တာပါ။

သူ့အတွက် ရရှိတဲ့ ဆုကြေးငွေ စုစုပေါင်းက ပေါင်(၂၆၆၀၀) ဖြစ်ပြီး အဲဒါက သူ (၈)နှစ်လောက် အလုပ်လုပ်မှ ရမယ့် ငွေကြေးပမာဏမျိုးပါပဲ။

ဒီအဖြစ်အပျက်လေးက လူတွေကို ကူညီတတ်တဲ့သူတွေအတွက် ကံကောင်းခြင်းတွေရောက်လာနိုင်တယ်ဆိုတာ အသိပေးလိုက်တာပဲဖြစ်ပြီး ရိုးရိုးသားသား ကူညီမှုလေးတစ်ခုကြောင့် (၈)နှစ်စာ လစာပမာဏမျိုး ပိုင်ဆိုင်သွားခဲ့တဲ့ အမ်ဘီလီရဲ့ အဖြစ်အပျက်ဟာ လူတွေပါးစပ်ဖျားမှာ ပြောစရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။

Linn

Leave a Reply