Button Text! Submit original article and get paid. Find out More

အြန္လိုင္းမွာ ပ်ံ႔ေနတဲ႔ ျမန္မာမိသားစုရဲ႕ ၀မ္းနည္းစရာ ဓာတ္ပံုတစ္ပံု ႏွင့္ ထိုင္းအာဏာပိုင္ေတြရဲ႕ ေလးစားဖြယ္ လုပ္ရပ္

ထိုင္းျမန္မာနယ္စပ္ မဲဆိုင္ျမိဳ ့ လမ္းမေပၚမွာ ေရာဂါခံစားေနရတဲ့ ကေလး (ေအာက္ဆီဂ်င္ဗူးတတ္ထားရ)ကို ဆိုင္ကယ္ေပၚတင္ျပီး ေဆးရံုကေန ျပန္လာေနတဲ့ ျမန္မာတိုင္းရင္းသား မိဘႏွစ္ပါးပံု ဟာ အြန္လိုင္းမွာ ျပန္ ့ေနခဲ႔ပါတယ္

ဒီကေန ့ေတာ့ မယ္ဆိုင္ ျမိဳ ့ပိုင္ကိုယ္တိုင္ သူနာျပဳယာဥ္ေတြနဲ ့အတူ ကေလးရွိတဲ့ေနရာကို လိုက္ရွာျပီး ေဆးရံုျပန္ တင္ေပးခဲ့ေၾကာင္းသိရပါတယ္။

ထိုင္းနိုင္ငံမွာ ေနထိုင္ေနတာ ၁၅ႏွစ္ၾကာရွိေနျပီျဖစ္တဲ့ေ၇ာဂါရွင္ကေလးရဲ ့မိဘေတြဟာ ဘာလက္မွတ္မရွိလို ့ ေဆးရံုတင္စရိတ္မတတ္နိုင္ျဖစ္ေနတာေၾကာင့္ ေဆးရံုက လွည့္ျပန္လာခဲ႔တာလို ့လည္း သိရပါတယ္။

ဒါဟာလည္း အြန္လိုင္းရဲ႕ အက်ိဳးေက်းဇူးတစ္ခုလို႔ ေျပာရမွာ ျဖစ္ပါတယ္။ ကိုယ့္ႏိုင္ငံသားမဟုတ္တဲ႔သူကိုေတာင္ ခုလိုကူညီေပးတဲ႔ ထိုင္းအာဏာပိုင္ေတြရဲ႕ လုပ္ရပ္ဟာလည္း တကယ္ကို ေလးစားစရာျဖစ္ပါတယ္။

………………………….

unicode

ထိုင်းမြန်မာနယ်စပ် မဲဆိုင်မြို့ လမ်းမပေါ်မှာ ရောဂါခံစားနေရတဲ့ ကလေး (အောက်ဆီဂျင်ဗူးတတ်ထားရ)ကို ဆိုင်ကယ်ပေါ်တင်ပြီး ဆေးရုံကနေ ပြန်လာနေတဲ့ မြန်မာတိုင်းရင်းသား မိဘနှစ်ပါးပုံ ဟာ အွန်လိုင်းမှာ ပြန့်နေခဲ့ပါတယ်။

ဒီကနေ့တော့ မယ်ဆိုင် မြို့ပိုင်ကိုယ်တိုင် သူနာပြုယာဉ်တွေနဲ့အတူ ကလေးရှိတဲ့နေရာကို လိုက်ရှာပြီး ဆေးရုံပြန် တင်ပေးခဲ့ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်နေတာ ၁၅နှစ်ကြာရှိနေပြီဖြစ်တဲ့ရောဂါရှင်ကလေးရဲ့မိဘတွေဟာ ဘာလက်မှတ်မရှိလို့ ဆေးရုံတင်စရိတ်မတတ်နိုင်ဖြစ်နေတာကြောင့် ဆေးရုံက လှည့်ပြန်လာခဲ့တာလို့လည်း သိရပါတယ်။

ဒါဟာလည်း အွန်လိုင်းရဲ့ အကျိုးကျေးဇူးတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံသားမဟုတ်တဲ့သူကိုတောင် ခုလိုကူညီပေးတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာလည်း တကယ်ကို လေးစားစရာဖြစ်ပါတယ်။

Leave a Reply