Button Text! Submit original article and get paid. Find out More

ပြည့်တန်ဆာအဖြစ် ခိုင်းစားခံခဲ့ရတဲ့ အသက် ၁၄ နှစ် နဲ့  ၁၇ နှစ်သာရှိသေးတဲ့ မ၀ါနဲ့ မပန်(ရုပ်သံ)





Video ကြည့်ရန်

Source – True News

………………………..

unicode

ချစ်ခင်ရတဲ့ စာရှုသူတို့ ခင်ဗျာ..

ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဆင်းရဲမွဲတေ မှုရဲ့ ဒဏ်ကို ပြည်သူတွေဟာ လိမ့်နေအောင် ခံစားခဲ့ရပါတယ်။ဒီတော့ အသက်ရှင်ရပ်တည်ဖို့အတွက် ရေကြည်ရာ မြက်နုရာကို ရှာကြရပါတော့တယ်..။အလုပ်အကိုင် အခွင့်အလမ်း တွေနည်းနေတဲ့တိုင်းပြည်ကနေ အလုပ်အကိုင် အခွင့်အလမ်းတွေရှိနိုင်မယ်ထင်တဲ့ တိုင်းပြည်ကို တရားဝင်ရော တရားမဝင်ရော သွားရောက်လုပ်ကိုင်ကြပါတယ်။

အားလုံးဟာ သမာအာဇီဝ နဲ့ လုပ်ကိုင်စားသောက်ချင်ပေမယ့် အစကတော့ အလုပ်ရမယ်လို့ ခေါ်သွားပြီး ဟိုရောက်တော့မှတရုတ်မယားအဖြစ် ရောင်းစားတာ၊ ပြည့်တန်ဆာအဖြစ် ရောင်းစားတာ။ ဇိမ်မယ် အဖြစ်ရောင်းစားတာတွေကို မြန်မာနိုင်ငံက အမျိုးသမီးတော်တော်များများ ကြုံတွေ့နေရပါတယ်။

သူတို့ရဲ့ ဘဝတွေဟာ ဘယ်လောက်ထိ သနားဖို့ကောင်းလဲ ဆိုတာ တွေးတောင် မတွေးတတ်ပါဘူး။ ဒီကြားထဲ အစဖျောက် အသတ်ခံရသူတွေလည်း များစွာ ရှိပါတယ်။ဒီလိုဘဝတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမြန်ဆုံးသိရှိပြီး အကာအကွယ်ပေးနိုင်ပါစေလို့မျှော်လင့်ရင်း ယခုရုပ်သံဖိုင်ကို တင်ဆက်ပေးလိုက်ပါတယ်..

Video ကြည့်ရန်

Source – True News

Leave a Reply