Button Text! Submit original article and get paid. Find out More

ဗိုလ္ခ်ဳပ္ေအာင္ဆန္းအုပ္ဂူကိုဗံုးေဖာက္ခြဲသူအားဖမ္းေပးခဲ႔သည့္ ဓားစန္းရီ… လွည္းတန္းမွာ ေတာင္းစားေနရၿပီ…

တစ္ေလာက.သူသတင္းေတြ ျမင္ေနပါတယ္.. ခုေတာ့ ဘယ္လို ျဖစ္တာလည္း စိတ္မေကာင္းစရာ.. သမိုင္းလွၿပီး ဘဝ မလွခဲ့ရွာ တဲ့ ဓားစန္းရီ.. ကူညီမူလိုအပ္ ေနၿပီး ကူညီၾကပါ…

‘ဓားစန္းရီပါတဲ့’ လွည္းတန္းမွာ ႏိုင္ငံေတာ္က ျပန္မၾကည့္တာေၾကာင့္ေတာင္းစားေနရတာပါလို႔ဆိုတဲ့ဓားမစန္းရီနဲ႔ ေတြ႕ေတာ့ တတ္ႏိုင္သေလာက္ေလး ကူညီေပးခဲ့တယ္… ေတြ႕ရင္ကူညီေပးၾကပါဦးဗ်ာ…အန္တီဓာတ္ပုံ႐ိုက္မယ္ေနာ္လို႔ ခြင့္ေတာင္းေတာ့ ႐ိုက္ပါသားရယ္တဲ့… အန္တီ့အျဖစ္ကို မီဒီယာတခ်ိဴ႕ လည္းသူတို႔မီဒီယာမွာတင္ေပးၾကတယ္လို႔ေျပာတယ္…မီဒီယာေတြကိုေက်းဇူးတင္ ပါတယ္တဲ့ဗ်ာ…

“အေမ့ေလ်ာ့ခံ အညတရသူရဲေကာင္းတစ္ဦးရဲ႕ ေနဝင္ခ်ိန္ (သို႔မဟုတ္) ဓားစန္းရီ”

ရန္ကုန္၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ ေနအိမ္ခပ္စိပ္စိပ္ရပ္ကြက္ထဲက အိမ္ကေလးမွာ ေနထိုင္တဲ့ အသက္ ၈၀ ေက်ာ္ အဘြားအိုတစ္ဦးကို ဂ႐ုျပဳမိသူေတြ အေတာ္နည္းပါးလွပါတယ္။ အဲဒီ အဘြားအိုကေတာ့ သမိုင္းစာမ်က္ႏွာေတြထဲမွာ အေမ့ေလ်ာ့ခံထားရတဲ့ အညတရ သူရဲေကာင္းတစ္ဦးျဖစ္တဲ့ ဓားစန္းရီလို႔ လူသိမ်ားတဲ့ ေဒၚစန္းရီ ျဖစ္ပါတယ္။

ဓားတစ္လက္ကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ကိုင္တြယ္ႏိုင္ၿပီး၊ ဒုစ႐ိုက္ေလာကမွာေရာ၊ ရဲဝန္ထမ္းေလာကမွာပါ ဖိန္ဖိန႔္တုန္ေအာင္ နာမည္ႀကီးခဲ့တဲ့ ဓားစန္းရီဟာ အာဇာနည္ဗိမာန္ ဗုံးေဖာက္ခြဲမႈက ေျမာက္ကိုရီးယားႏိုင္ငံသား တရားခံ ဇင္မိုကို အရွင္ရေအာင္ အသက္စြန႔္ၿပီး ဖမ္းဆီးေပးႏိုင္ခဲ့ပါတယ္။

၁၉၈၃ ခုႏွစ္ ေအာက္တိုဘာလ ၁၀ ရက္ေန႔၊ ည ၉ နာရီခြဲ အခ်ိန္ေလာက္မွာ ပုဇြန္ေတာင္ေဈး အေနာက္ဘက္ က ေခ်ာင္း႐ိုးတစ္ေလွ်ာက္ဆူညံသံေတြၾကားရတဲ့အတြက္ ေညာင္တန္း ဆိပ္ကမ္းအနီးမွာေနတဲ့ ဓားစန္းရီ တစ္ေယာက္ ညဝတ္အက်ႌနဲ႔ ေခ်ာင္းစပ္ကို ေျပးထြက္လာခဲ့ရာက ဒီအျဖစ္အပ်က္ေတြ စတင္ခဲ့တာျဖစ္ပါတယ္။

“ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ အုတ္ဂူကို ေဖာက္ခြဲပစ္ၿပီလို႔ မနက္က ၾကားလိုက္ရေတာ့ နားထဲမွာ မခံႏိုင္လို႔ ၊ ဟာ ဒါ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ေဖာက္ခြဲလို႔ ၊ အုတ္ဂူကိုေဖာက္ခြဲတဲ့ေကာင္ေတြပဲ ျဖစ္မွာပဲလို႔ ၊ ငါ သြားၾကည့္ဦးမယ္ ဆိုၿပီးေတာ့ သြားဆင္းၾကည့္ၿပီး စိတ္ထဲကိုက မခံခ်င္တဲ့စိတ္နဲ႔ ျပင္းျပၿပီးေတာ့ ဆင္းဖမ္းတာ ” လို႔ ဓားစန္းရီက အဲဒီညကို ျပန္ေျပာင္းေျပာျပပါတယ္။

ေတာင္ကိုရီးယား သမၼတခ်န္ဒူးဝမ္ကို လုပ္ႀကံမႈမွာ ေတာင္ကိုရီးယားအရာရွိ ၁၇ ဦးနဲ႔ ျမန္မာႏိုင္ငံသား ၄ ဦး ေသဆုံးခဲ့ရပါတယ္။ ဒါ့အျပင္ သမိုင္းဝင္ အာဇာနည္ေတြရဲ႕ အုတ္ဂူေတြလည္း ပ်က္စီးခဲ့ရၿပီး အဲဒီေနရာမွာပဲ ကေန႔ေခတ္ ျမင္ေနရတဲ့ အာဇာနည္ဗိမာန္ကို ျပန္တည္ေဆာက္ခဲ့ရတာပါ။

ဒီ လုပ္ႀကံမႈမွာ ပါဝင္သူ ေျမာက္ကိုရီးယား ႏိုင္ငံသားသုံးဦးအနက္ တစ္ဦးကို အေသ ဖမ္းမိခဲ့ၿပီး ၂ ေယာက္ကို အရွင္ဖမ္းမိခဲ့ပါတယ္။ပုဇြန္ေတာင္ေခ်ာင္းမွာ တရားခံ ဇင္မိုကို အရွင္ရေအာင္ ဖမ္းဆီးေပးခဲ့တဲ့ ဓားစန္းရီကို အစိုးရက ဂုဏ္ျပဳ မွတ္တမ္းနဲ႔ ကက္ဆက္တစ္လုံး၊ ဆုခ်ီးျမႇင့္ခဲ့ပါတယ္။ ဒါေပမယ့္လည္း လက္ရွိအေနအထားမွာေတာ့ ဓားစန္းရီ ဟာ ေမြးစားသမီးျဖစ္သူရဲ႕အိမ္ကေလးမွာ ဆင္းရဲခ်ိဳ႕တဲ့စြာေနထိုင္ရင္း တစ္ခ်ိန္က ရဲရင့္တဲ့ႏွလုံးသားပိုင္ရွင္ ေဒၚစန္းရီဟာ အခု အခ်ိန္မွာေတာ့ ႏွလုံးေရာဂါေဝဒနာကိုလည္း ခံစားေနရပါတယ္။

အာဇာနည္ေန႔နဲ႔ အာဇာနည္ဗိမာန္ဟာ ခြဲျခားလို႔မရေအာင္ သမိုင္းအစဥ္အလာႀကီးမားလွသလို အာဇာနည္ေတြ လဲေလ်ာင္းရာ ဗိမာန္ကို ဗုံးေဖါက္ခဲ့တဲ့ တရားခံကို ဖမ္းေပးခဲ့တဲ့ အရပ္သား အမ်ိဳးသမီး ဓားစန္းရီဟာလည္း သမိုင္းထဲက အဓိကဇာတ္ေကာင္တစ္ေကာင္ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အခု အခါမွာေတာ့ အေမ့ေလ်ာ့ခံ အညတရသူရဲေကာင္း ဓားစန္းရီဟာ ဆိုးဝါးလာတဲ့ က်န္းမာေရးေၾကာင့္ သူရဲ႕အသက္ေမြးဝမ္းေက်ာင္းျဖစ္တဲ့ လူစည္ကားရာေနရာေတြမွာ အလႉခံဖို႔ေတာင္ ခက္ခဲေနၿပီး လာေရာက္ကူညီေပးမယ့္သူေတြကိုသာ ေနအိမ္ကေစာင့္ေမွ်ာ္ရင္း ဘဝကို ခက္ခဲစြာ ျဖတ္သန္းေနရရွာပါတယ္။

အသက္ ၈၀ ေက်ာ္အ႐ြယ္ အဘြားအိုတစ္ဦးရဲ႕ အခက္အခဲကို အခုလိုပဲ သူက ခပ္ရွင္းရွင္း ေျပာခ်လိုက္ပါေတာ့တယ္။

“ အဘြားကို ေျမေလးတစ္ကြက္ေလာက္ ၊ တင့္တင့္တယ္တယ္ လူၾကားထဲမွာ ေနႏိုင္တဲ့ေနရာေလးမွာ ေျမတစ္ကြက္ေလာက္ေလးနဲ႔ အိမ္ေလးတစ္လုံးနဲ႔၊ အဘြားဟာ အဘြား ေဈးေလးဘာေလး ထိုင္ရင္းနဲ႔ ေရာင္းစားမယ္။ သူတို႔အေနနဲ႔ ေငြေၾကးေလးေထာက္ပံ့မယ္ဆိုရင္ေတာင္ အဘြား ေက်နပ္ပါတယ္တဲ့ဗ်ာ။

credit

………………………….

unicode

တစ်လောက.သူသတင်းတွေ မြင်နေပါတယ်.. ခုတော့ ဘယ်လို ဖြစ်တာလည်း စိတ်မကောင်းစရာ.. သမိုင်းလှပြီး ဘဝ မလှခဲ့ရှာ တဲ့ ဓားစန်းရီ.. ကူညီမူလိုအပ် နေပြီး ကူညီကြပါ…

‘ဓားစန်းရီပါတဲ့’ လှည်းတန်းမှာ နိုင်ငံတော်က ပြန်မကြည့်တာကြောင့်တောင်းစားနေရတာပါလို့ဆိုတဲ့ဓားမစန်းရီနဲ့ တွေ့တော့ တတ်နိုင်သလောက်လေး ကူညီပေးခဲ့တယ်… တွေ့ရင်ကူညီပေးကြပါဦးဗျာ…အန်တီဓာတ်ပုံရိုက်မယ်နော်လို့ ခွင့်တောင်းတော့ ရိုက်ပါသားရယ်တဲ့… အန်တီ့အဖြစ်ကို မီဒီယာတချိူ့ လည်းသူတို့မီဒီယာမှာတင်ပေးကြတယ်လို့ပြောတယ်…မီဒီယာတွေကိုကျေးဇူးတင် ပါတယ်တဲ့ဗျာ…

“အမေ့လျော့ခံ အညတရသူရဲကောင်းတစ်ဦးရဲ့ နေဝင်ချိန် (သို့မဟုတ်) ဓားစန်းရီ”

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်ခပ်စိပ်စိပ်ရပ်ကွက်ထဲက အိမ်ကလေးမှာ နေထိုင်တဲ့ အသက် ၈၀ ကျော် အဘွားအိုတစ်ဦးကို ဂရုပြုမိသူတွေ အတော်နည်းပါးလှပါတယ်။ အဲဒီ အဘွားအိုကတော့ သမိုင်းစာမျက်နှာတွေထဲမှာ အမေ့လျော့ခံထားရတဲ့ အညတရ သူရဲကောင်းတစ်ဦးဖြစ်တဲ့ ဓားစန်းရီလို့ လူသိများတဲ့ ဒေါ်စန်းရီ ဖြစ်ပါတယ်။

ဓားတစ်လက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ပြီး၊ ဒုစရိုက်လောကမှာရော၊ ရဲဝန်ထမ်းလောကမှာပါ ဖိန်ဖိန့်တုန်အောင် နာမည်ကြီးခဲ့တဲ့ ဓားစန်းရီဟာ အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှုက မြောက်ကိုရီးယားနိုင်ငံသား တရားခံ ဇင်မိုကို အရှင်ရအောင် အသက်စွန့်ပြီး ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်။

၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့၊ ည ၉ နာရီခွဲ အချိန်လောက်မှာ ပုဇွန်တောင်ဈေး အနောက်ဘက် က ချောင်းရိုးတစ်လျှောက်ဆူညံသံတွေကြားရတဲ့အတွက် ညောင်တန်း ဆိပ်ကမ်းအနီးမှာနေတဲ့ ဓားစန်းရီ တစ်ယောက် ညဝတ်အကျႌနဲ့ ချောင်းစပ်ကို ပြေးထွက်လာခဲ့ရာက ဒီအဖြစ်အပျက်တွေ စတင်ခဲ့တာဖြစ်ပါတယ်။

“ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အုတ်ဂူကို ဖောက်ခွဲပစ်ပြီလို့ မနက်က ကြားလိုက်ရတော့ နားထဲမှာ မခံနိုင်လို့ ၊ ဟာ ဒါ ဗိုလ်ချုပ်အောင်ဆန်းကို ဖောက်ခွဲလို့ ၊ အုတ်ဂူကိုဖောက်ခွဲတဲ့ကောင်တွေပဲ ဖြစ်မှာပဲလို့ ၊ ငါ သွားကြည့်ဦးမယ် ဆိုပြီးတော့ သွားဆင်းကြည့်ပြီး စိတ်ထဲကိုက မခံချင်တဲ့စိတ်နဲ့ ပြင်းပြပြီးတော့ ဆင်းဖမ်းတာ ” လို့ ဓားစန်းရီက အဲဒီညကို ပြန်ပြောင်းပြောပြပါတယ်။

တောင်ကိုရီးယား သမ္မတချန်ဒူးဝမ်ကို လုပ်ကြံမှုမှာ တောင်ကိုရီးယားအရာရှိ ၁၇ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် သမိုင်းဝင် အာဇာနည်တွေရဲ့ အုတ်ဂူတွေလည်း ပျက်စီးခဲ့ရပြီး အဲဒီနေရာမှာပဲ ကနေ့ခေတ် မြင်နေရတဲ့ အာဇာနည်ဗိမာန်ကို ပြန်တည်ဆောက်ခဲ့ရတာပါ။

ဒီ လုပ်ကြံမှုမှာ ပါဝင်သူ မြောက်ကိုရီးယား နိုင်ငံသားသုံးဦးအနက် တစ်ဦးကို အသေ ဖမ်းမိခဲ့ပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့ပါတယ်။ပုဇွန်တောင်ချောင်းမှာ တရားခံ ဇင်မိုကို အရှင်ရအောင် ဖမ်းဆီးပေးခဲ့တဲ့ ဓားစန်းရီကို အစိုးရက ဂုဏ်ပြု မှတ်တမ်းနဲ့ ကက်ဆက်တစ်လုံး၊ ဆုချီးမြှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအနေအထားမှာတော့ ဓားစန်းရီ ဟာ မွေးစားသမီးဖြစ်သူရဲ့အိမ်ကလေးမှာ ဆင်းရဲချို့တဲ့စွာနေထိုင်ရင်း တစ်ချိန်က ရဲရင့်တဲ့နှလုံးသားပိုင်ရှင် ဒေါ်စန်းရီဟာ အခု အချိန်မှာတော့ နှလုံးရောဂါဝေဒနာကိုလည်း ခံစားနေရပါတယ်။

အာဇာနည်နေ့နဲ့ အာဇာနည်ဗိမာန်ဟာ ခွဲခြားလို့မရအောင် သမိုင်းအစဉ်အလာကြီးမားလှသလို အာဇာနည်တွေ လဲလျောင်းရာ ဗိမာန်ကို ဗုံးဖေါက်ခဲ့တဲ့ တရားခံကို ဖမ်းပေးခဲ့တဲ့ အရပ်သား အမျိုးသမီး ဓားစန်းရီဟာလည်း သမိုင်းထဲက အဓိကဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခု အခါမှာတော့ အမေ့လျော့ခံ အညတရသူရဲကောင်း ဓားစန်းရီဟာ ဆိုးဝါးလာတဲ့ ကျန်းမာရေးကြောင့် သူရဲ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လူစည်ကားရာနေရာတွေမှာ အလှူခံဖို့တောင် ခက်ခဲနေပြီး လာရောက်ကူညီပေးမယ့်သူတွေကိုသာ နေအိမ်ကစောင့်မျှော်ရင်း ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရရှာပါတယ်။

အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦးရဲ့ အခက်အခဲကို အခုလိုပဲ သူက ခပ်ရှင်းရှင်း ပြောချလိုက်ပါတော့တယ်။

“ အဘွားကို မြေလေးတစ်ကွက်လောက် ၊ တင့်တင့်တယ်တယ် လူကြားထဲမှာ နေနိုင်တဲ့နေရာလေးမှာ မြေတစ်ကွက်လောက်လေးနဲ့ အိမ်လေးတစ်လုံးနဲ့၊ အဘွားဟာ အဘွား ဈေးလေးဘာလေး ထိုင်ရင်းနဲ့ ရောင်းစားမယ်။ သူတို့အနေနဲ့ ငွေကြေးလေးထောက်ပံ့မယ်ဆိုရင်တောင် အဘွား ကျေနပ်ပါတယ်တဲ့ဗျာ။

crd

Leave a Reply