Button Text! Submit original article and get paid. Find out More

ေရႀကီးၿပီး မိ​ေက်ာင္​း အိမ္​​ေခါင္​မိုး​ေပၚအထိ တက္လာတဲ့ ဗြီဒီယိုဖိုင္

ေရ​ေဘးအႏၱရာယ္​ရင္​ဆိုင္​​ေနရတဲ့ အိႏၵိယႏိုင္​ငံ၊ Karnataka ျပည္​နယ္မွာ ဒုကၡ​ေတြၾကားထဲကပဲ ထူးျခားျဖစ္​စဥ္​တစ္​ခု ႐ွိခဲ့ပါတယ္​။ ျပည္​နယ္​မွာ ​ေရလႊမ္​းမိုး​မႈ​ေၾကာင္​့ ​ေနအိမ္​​ေတြ​ဟာ ​ေရထဲစုန္​းစုန္​းျမဳပ္​ကုန္​ၿပီး ​အိမ္​​ေခါင္​မိုး​ေတြကိုသာ ျမင္​ရ​ေတာ့တဲ့ အ​ေျခအ​ေနပါ။

ဒီထဲက ​ေနအိမ္​တစ္​လံုး​ရဲ႕ ​ေခါင္​မိုး​ေပၚမွာ​ေတာ့ မိ​​ေက်ာင္​းႀကီးတစ္​​ေကာင္ ထီးထီးႀကီး တင္​​​လာတာကို အံ့အားသင္​ဖြယ္​ရာျမင္​​ေတြ႕ခဲ့ရၿပီး ဒီျမင္​ကြင္​းကုိ အစအဆံုးမွတ္​တမ္​းယူ႐ိုက္​ကူးထားတဲ့ ဗြီဒီယိုဖိုင္​ဟာ လူ​​ေတြရဲ႕အမိုက္​စား​ေထာက္​ခံအား​ေပးမႈ​ေတြ​ေၾကာင္​့ လူမႈကြန္​ရက္​မွာ ​ေက်ာ္​ၾကားလို႔​ေနပါတယ္​။

အိမ္​​ေခါင္​္​မိုး​ေပၚ မိ​ေက်ာင္​းႀကီးမတင္​ခင္​၊ ျပည္​နယ္​တြင္​းမွာ ​ေရႀကီးရံုသာႀကီးၿပီး ​​ေနအိမ္​ျမႇဳပ္​​ေအာင္​ထိ ​ေရလႊမ္​းမိုးမႈမ႐ွိ​ခင္​ ရက္​ပိုင္​းအလိုကတည္​းက မိ​ေက်ာင္​းႀကီးက ​ေရထဲမွာ​ေရာက္​႐ွိ​ေနၿပီး တိတ္​တဆိတ္​နဲ့ လႈပ္​႐ွား​ေနတာကိုလဲ ႐ုပ္​သံထဲမွာျမင္​​ေတြ႕ခဲ့ရတာ လန္​႔ထိတ္​စရာ​ေကာင္​းခဲ့့ပါတယ္​။

မိ​ေက်ာင္​းႀကီးဟာ ​ေရထဲက​ေနတစ္​ဆင္​့ လမ္​း​ေပၚက​ေခြး​ေလးတစ္​​ေကာင္​ကိုပါ အတင္းကိုက္ဆြဲ၊ ​​ဖမ္​းဆြဲစားဖို႔လုပ္​ခဲ့တာကိုလဲ ၾကက္​သီးထဖြယ္​ရာ​ေတြ႕ျမင္​ခဲ့ရၿပီး ​ေခြး​ေလးက​ေတာ့ အသက္​​ေဘးကသီသီ​ေလးလြတ္​​ေျမာက္​သြားခဲ့တာပါ။

ဒီ ဗြီဒီယိုကို Hindustan Times သတင္​းမီဒီယာဌာနက​ေန တင္​ဆက္​​ေပးသြားခဲ့တာျဖစ္​ၿပီး တုန္​လႈပ္​ဖြယ္​ရာ မိ​ေခ်ာင္​းႀကီးရဲ႕ဗြီဒီယို အ​ေတာ္​​ေလး​ေရပန္​းစား​သြားခဲ့တာပဲ ျဖစ္​ပါတယ္​။ ​ေႁမြပူရာကင္​း​ေမွာင္​့ဆိုသလိုပဲ ​ေရ​ေဘးဒဏ္​ရင္​ဆိုင္​​ေနရတဲ့ ျပည္​နယ္​တြင္​း ​ေဒသခံျပည္​သူ​ေတြဟာ မိ​ေခ်ာင္​းႀကီးရဲ႕ အႏၱရာယ္​ျပဳျခင္​းခံခဲ့ရ​ေသးသလား ဆိုတာ​ေတာ့ အတိအက် မသိ႐ွိရ​ေသးပါဘူး။

video ဖိုင္ၾကည့္ရန္

EFIL-AlinnMyay(အလင္းေျမ)

……………………………

unicode

ရေ​ဘေးအန္တရာယ်​ရင်​ဆိုင်​​နေရတဲ့ အိန္ဒိယနိုင်​ငံ၊ Karnataka ပြည်​နယ်မှာ ဒုက္ခ​တွေကြားထဲကပဲ ထူးခြားဖြစ်​စဉ်​တစ်​ခု ရှိခဲ့ပါတယ်​။ ပြည်​နယ်​မှာ ​ရေလွှမ်​းမိုး​မှု​ကြောင်​့ ​နေအိမ်​​တွေ​ဟာ ​ရေထဲစုန်​းစုန်​းမြုပ်​ကုန်​ပြီး ​အိမ်​​ခေါင်​မိုး​တွေကိုသာ မြင်​ရ​တော့တဲ့ အ​ခြေအ​နေပါ။

ဒီထဲက ​နေအိမ်​တစ်​လုံး​ရဲ့ ​ခေါင်​မိုး​ပေါ်မှာ​တော့ မိ​​ကျောင်​းကြီးတစ်​​ကောင် ထီးထီးကြီး တင်​​​လာတာကို အံ့အားသင်​ဖွယ်​ရာမြင်​​တွေ့ခဲ့ရပြီး ဒီမြင်​ကွင်​းကို အစအဆုံးမှတ်​တမ်​းယူရိုက်​ကူးထားတဲ့ ဗွီဒီယိုဖိုင်​ဟာ လူ​​တွေရဲ့အမိုက်​စား​ထောက်​ခံအား​ပေးမှု​တွေ​ကြောင်​့ လူမှုကွန်​ရက်​မှာ ​ကျော်​ကြားလို့​နေပါတယ်​။

အိမ်​​ခေါင်​်​မိုး​ပေါ် မိ​ကျောင်​းကြီးမတင်​ခင်​၊ ပြည်​နယ်​တွင်​းမှာ ​ရေကြီးရုံသာကြီးပြီး ​​နေအိမ်​မြှုပ်​​အောင်​ထိ ​ရေလွှမ်​းမိုးမှုမရှိ​ခင်​ ရက်​ပိုင်​းအလိုကတည်​းက မိ​ကျောင်​းကြီးက ​ရေထဲမှာ​ရောက်​ရှိ​နေပြီး တိတ်​တဆိတ်​နဲ့ လှုပ်​ရှား​နေတာကိုလဲ ရုပ်​သံထဲမှာမြင်​​တွေ့ခဲ့ရတာ လန်​့ထိတ်​စရာ​ကောင်​းခဲ့့ပါတယ်​။

မိ​ကျောင်​းကြီးဟာ ​ရေထဲက​နေတစ်​ဆင်​့ လမ်​း​ပေါ်က​ခွေး​လေးတစ်​​ကောင်​ကိုပါ အတင်းကိုက်ဆွဲ၊ ​​ဖမ်​းဆွဲစားဖို့လုပ်​ခဲ့တာကိုလဲ ကြက်​သီးထဖွယ်​ရာ​တွေ့မြင်​ခဲ့ရပြီး ​ခွေး​လေးက​တော့ အသက်​​ဘေးကသီသီ​လေးလွတ်​​မြောက်​သွားခဲ့တာပါ။

ဒီ ဗွီဒီယိုကို Hindustan Times သတင်​းမီဒီယာဌာနက​နေ တင်​ဆက်​​ပေးသွားခဲ့တာဖြစ်​ပြီး တုန်​လှုပ်​ဖွယ်​ရာ မိ​ချောင်​းကြီးရဲ့ဗွီဒီယို အ​တော်​​လေး​ရေပန်​းစား​သွားခဲ့တာပဲ ဖြစ်​ပါတယ်​။ ​မြွေပူရာကင်​း​မှောင်​့ဆိုသလိုပဲ ​ရေ​ဘေးဒဏ်​ရင်​ဆိုင်​​နေရတဲ့ ပြည်​နယ်​တွင်​း ​ဒေသခံပြည်​သူ​တွေဟာ မိ​ချောင်​းကြီးရဲ့ အန္တရာယ်​ပြုခြင်​းခံခဲ့ရ​သေးသလား ဆိုတာ​တော့ အတိအကျ မသိရှိရ​သေးပါဘူး။

EFIL-AlinnMyay(အလင်းမြေ)

Leave a Reply