Button Text! Submit original article and get paid. Find out More

မိတ္ေဆြတို႕ တန္းဖိုးရွိလွတဲ့ အခ်ိန္ေတြထဲ က ၃ မိနစ္ေလာက္ ပဲ ေပးျပီးဖတ္လိုက္ပါ

ဘယ္လိုလုပ္သလဲဆိုေတာ့ တစ္ေန႔တာ ၂၄ နာရီကို တစ္ေန႔ ၁၂ နာရီ လုပ္လိုက္တယ္။ ဥၾကက္မေတြကို ျပင္ပေလာကနဲ႔ ေပးမေတြ႕ဘူး။ အလံုလုပ္ထားတယ္။ ၆ နာရီ အလင္းေရာင္ ေပးတယ္။ ၆ နာရီ အေမွာင္ခ်ထားလိုက္တယ္။

ၾကက္မေတြက တစ္ေန႔မိုးခ်ဳပ္ၿပီထင္ၿပီး ဥတစ္လံုး ဥခ်လိုက္တယ္။ ျပန္ၿပီး မိုးလင္း လာသေယာင္ေယာင္ ၆ နာရီ အလင္းေရာင္ထပ္ေပးတယ္။ ၿပီးရင္ ျပန္အေမွာင္ခ်တယ္။ ေနာက္တစ္ေန႔ထင္ၿပီး ၾကက္မေတြက ဥတစ္လံုး ထပ္ဥတယ္။ ကဲ 😃

ငယ္ငယ္က (အလိုႀကီး အရနည္း) ဆိုၿပီး တစ္ေန႔ ေရႊဥတစ္လံုး တစ္လံုး ဥတဲ့ ငန္းကို တခါတည္း ဥေတြအမ်ားႀကီးလိုခ်င္လို႔ သတ္ၿပီး ငန္းဗိုက္ထဲမွာ ဥေတြ႐ွာေတာ့, တစ္လံုးမွမရေတာ့တဲ့အေၾကာင္း သင္ခဲ့ရဖူးတယ္။

အဲ့ဒီသင္ခန္းစာမွာ ကြၽန္ေတာ္တို႔ကိုေပးတဲ့ message က ေလာဘမႀကီးရဘူး၊ အလိုႀကီးရင္ အရနည္းတက္တယ္၊ ဒီအသိကိုေပးတာ။ အမွန္က ”လိုလ်ွင္ၾကံဆ နည္းလမ္းရ” ဆိုတဲ့ အသိကိုေပးရမွာ။

သစ္ကုလားအုပ္ကို ေရခဲေသတၱာထဲ ထည့္လို႔ရသလား ဆိုရင္ ကြၽန္ေတာ္တို႔အမ်ားစုက “မရဘူး” ဆိုတဲ့ သမ႐ိုးက် အယူအဆသာ ရိွၾကတဲ့လူေတြ။

အမွန္ေတာ့ ေရခဲေသတၱာဟာ ဘယ္အရြယ္ ဘယ္ size ပဲ လုပ္ရမယ္လို႔ သတ္မွတ္ခ်က္မွမရိွတာ။ သစ္ကုလားအုပ္ ထည့္ခ်င္ရင္ ထည့္လို႔ရမယ့္အရြယ္ ေရခဲေသတၱာအႀကီးႀကီးလုပ္ေပါ့။ ဒါပဲေလ။

ေရႊဥတစ္လံုး တစ္လံုး ဥတဲ့ငန္း ဂ်ပန္ေတြကိုေပးလိုက္။ တစ္ေန႔တည္း ၂ လံုးဥေအာင္ သူတို႔လုပ္လိုက္လိမ့္မယ္။ အဲ့ဒါပညာပဲ။ ဘယ္တကၠသိုလ္ ဘယ္ေကာလိပ္ကမွ မသင္ၾကားေပးႏိုင္တဲ့ပညာ။

တ႐ုတ္ျပည္မွာ ေႁမြေတြ တအားစားတယ္။ ေႁမြဆိုရင္ ေစ်းေကာင္းတယ္။ ေရေႁမြ ေမြးျမဴေရးသမား တစ္ေယာက္နဲ႔ interview ထားတာ ကြၽန္ေတာ္ဖတ္ခဲ့ဖူးတယ္။

သူေျဖထားတာက

”ေရေႁမြေမြးဖို႔ အ႐ွည္တစ္မိုင္ရိွတဲ့ ေရစီးေၾကာင္းလိုအပ္တယ္။ ကြၽန္ေတာ္ အဲ့ဒီေလာက္ က်ယ္တဲ့ျခံ ဘယ္လိုလုပ္ၿပီး ဝယ္ႏိုင္မွာလည္းဗ်ာ့။ အဲ့ေတာ့ ကြၽန္ေတာ့္ရိွတဲ့ျခံထဲမွာပဲ ကြန္ကရစ္ေဘာင္ေတြနဲ႔ပဲ စီးဆင္းေနတဲ့ေရေျမာင္းပံုစံ တစ္မိုင္အ႐ွည္ရေအာင္ ေကြ႕ဝိုက္ၿပီး ဟိုကေနဒီ, ဒီကေနဟို စီးဆင္းတဲ့ပံု ဖန္တီးရတာေပါ့”

သူလည္း ေအာင္ျမင္သြားတယ္။

ေနာက္ၿပီးသူက ခိုနဲ႔ ငါးလည္း ေမြးတယ္။ ခိုအတြက္ပဲ အစာဝယ္ေကြၽးတယ္။ ငါး’အတြက္ အစာဝယ္မေကြၽးဘူး။ ခိုရဲ႕ခ်ီးကို ငါးစာျပန္လုပ္ၿပီး ငါးေတြကို ေကြ်းတယ္။

ခိုက အရင္းပဲရရင္ေတာင္ ငါးက ကြၽန္ေတာ့္အတြက္ အသားတင္အျမတ္တဲ့။ အဲ့ဒါလည္း ဘယ္တကၠသိုလ္ေတြ ဘယ္ေကာလိပ္ေတြကမွ သင္ၾကားေပးလိုက္တာမဟုတ္တဲ့ ပညာေတြပဲ။

အေမေဒၚေအာင္ဆန္းစုၾကည္’ေျပာတာ အဲ့ဒါမ်ိဳးေတြေနာ္။ professional အသက္ေမြးဝမ္းေၾကာင္းမႈ အတတ္ပညာေတြဟာ တကၠသိုလ္ဘြဲ႕ေတြထက္ ပိုအသံုးတည့္မယ္ ဆိုတာမ်ိဳးေပါ႔ဗ်ာ။

ေနာက္ၿပီး ထိုင္းမွာ ဖားေမြးျမဴေရး။ စားဖားေတြေမြးတာ။ ေနရာမလိုဘူး ပညာပဲလိုတယ္။ တိုက္ခန္းနဲ႔ေနတဲ့ လူေတြလည္း စီးပြားျဖစ္ ေမြးလို႔ရတယ္။

ပုဂံစင္လိုမ်ိဳး အထပ္အထပ္နဲ႔ ေရသန္႔ဗူးေတြကိုစီၿပီး အဲ့ဒီေရသန္႔ဗူးေတြထဲမွာ ဖားေတြေမြးတာ။ ေအာင္ျမင္တယ္။ ေစ်းေကာင္းရတယ္။

ေနာက္တစ္ခု ျမန္မာျပည္မွာ ကြၽန္ေတာ္ရိွတုန္းက broiler ၾကက္ (အမ်ားအေခၚ/အိမ္႐ွင္မေတြအေခၚ cp ၾကက္) ေပါ့ဗ်ာ။ ကြၽန္ေတာ္ေမြးတယ္။

ေအာင္ျမင္ေအာင္ ေမြးႏိုင္တဲ့ေနရာမွာ cp company က ေကာင္ေတြလာခဲ့ဦး၊ ကြၽန္ေတာ္ဂ႐ုမစိုက္ဘူး။ ကြၽန္ေတာ္ဆရာပဲ။

တျခားျခံေတြကေတာင္ ကြၽန္ေတာ့့္ဆီမွာ အၾကံဥာဏ္လာယူရတယ္။ နည္းစနစ္ လာေမးရတယ္။ ေရာဂါဝင္ရင္/တစ္ခုခုျဖစ္ရင္ diagnosed ဘာမွန္းမသိလို႔၊ ဘာေရာဂါလဲ၊ ဘယ္လိုေဆးဝါးေတြနဲ႔ Treatment လုပ္ရမလဲ၊ ကြၽန္ေတာ့္ဆီ အကူအညီေတာင္းရတယ္။

ကြၽန္ေတာ္ထင္တာ ”ငါ ဆရာႀကီးပဲ။ ငါ ေစာက္ရမ္းကြၽမ္းတယ္”လို႔ ဘဝင္ျမင့္ေနတာ။

ဒီ ဘိြဳင္လာၾကက္ေတြရဲ႕ နဂိုမူလဇာတိဟာ နယ္သာလန္/ေဟာ္လန္ ေပါ့ဗ်ာ။ ဘိုင္ယန္ျမဴးနစ္က ေတာင္ပံကစားသမား အာဂ်န္ေရာ္ဘင္တို႔တိုင္းျပည္။

သူတို႔ ေဟာ္လန္မွာ ဒီ (၄၅)ရက္ၾကက္ ဘိြဳင္လာၾကက္ေတြကို ဘယ္လိုေမြးေနၾကသလဲလို႔ Google ကေန ကြၽန္ေတာ္ေလ့လာၾကည့္ေတာ့… ကြၽန္ေတာ္တို႔ သိထားတာေတြ၊ ကြၽန္ေတာ္တို႔ လုပ္ေနတာေတြဟာ တအားအကုန္အက်မ်ားတယ္။ ထုတ္လုပ္မႈစရိတ္ တအားႀကီးတဲ့ မြဲေဆးပဲဆိုတာ သိလိုက္ရတယ္။

ကြၽန္ေတာ္တို႔ သိထားတာက ဘိြဳင္လာေမြးမယ္ဆို ေျမျပင္ကေနၿပီးေတာ့ ၾကမ္းခင္းကို ငါးေပခြဲအျမင့္။ ၾကမ္းခင္းကေန လက္ခံတိုင္ကို ေျခာက္ေပခြဲ/ခြန္ႏွစ္ေပအျမင့္။ ေခါင္အထိဆို ၁၆ ေပေလာက္အျမင့္ရိွတဲ့ အေဆာက္အဦးတစ္ခုကို ျမန္မာေငြ သိန္းသံုးဆယ္၊ သံုးဆယ့္ငါးသိန္းေလာက္ အကုန္ခံေဆာက္ၿပီးမွ ေမြးလို႔ရတယ္ထင္ခဲ့တာ။ ျမန္မာတစ္ျပည္လံုးလည္း အခု အဲ့အတိုင္းနဲ႔ပဲ ေမြးေနၾကတာ။

သူတို႔ နယ္သာလန္မွာ ဒီအတိုင္းေျမႀကီးေျပာင္ေပၚမွာ ဆယ္ေပပတ္လည္ျခံ။ ခါးတိုက္ေလာက္အျမင့္ တာလပတ္အမိုးေလးနဲ႔ ေမြးေနၾကတာ။

ဒီေနရာမွာ ၾကက္ေခ်းေတြ အညစ္အေၾကးေတြနဲ႔ ညစ္ပတ္သြားၿပီဆိုရင္ အဲ့ဒီ ဆယ္ေပပတ္လည္ျခံေလးကို မိန္းကေလးႏွစ္ေယာက္ အသာေလး မ’ေရႊ႕လိုက္တယ္။ တျဖည္းျဖည္းနဲ႔ေပါ့ ၾကက္ေတြပါ ပါလာေအာင္။ ၿပီးရင္ ေနရာေဟာင္းက ၾကက္ေခ်းေတြ အညစ္အေၾကးေတြကို သိမ္းလိုက္တယ္။

ဟိုေနရာက ေျမႀကီးညစ္ပတ္သြားရင္ ဒီေနရာျပန္ေရႊ႕။ ဒီေနရာကေျမႀကိီးညစ္ပတ္သြားရင္ ဟိုေနရာျပန္ေရႊ႕။ အဲ့လိုနဲ႔ သူတို႔ေမြးေနတာ ေအာင္ျမင္သလား, မေအာင္ျမင္ဘူးလားေတာ့ မေမးနဲ႔ဗ်ာ။ ၾကက္တစ္ေကာင္ ႏွစ္ပိႆငါးဆယ္/သံုးပိႆေလာက္ရိွတယ္။ ဟဲဗီးႀကီးေတြပဲ။

အဓိကအခ်က္ ကြၽန္ေတာ္ေျပာမယ္ေလ။ ကြၽန္ေတာ္အပါအဝင္ ျမန္မာျပည္သားအမ်ားစုက သမ႐ိုးက်အေတြးအေခၚ၊ သမ႐ိုးက်အယူအဆေတြနဲ႔ပဲ မတိုးတက္ႏိုင္ၾကဘူးျဖစ္ေနတာ။

ဆန္းဆန္းျပားျပားေတြးေခၚ ျမင့္ျမင့္မားမားၾကံစည္တဲ့ လူေတြက်ေတာ့ ေလွာင္ေျပာင္ၾကတယ္။ ရန္ကုန္ျမစ္ ၿမိဳ႕လည္ေရႊ႕မယ္ဆိုေတာ့ ဝိုင္းဆဲတယ္။ ေလွာင္ေျပာင္တယ္။

ျမစ္ရဲ႕ ဟိုဘက္ကမ္းကို ရန္ကုန္ၿမိဳ႕လိုစည္ကားေအာင္၊ တိုးတက္ေအာင္ လုပ္လိုက္ရင္ ရန္ကုန္ျမစ္ဟာ အလိုလို ၿမိဳ႕လည္ေခါင္ေရာက္လာမယ္ဆိုတာ ဥာဏ္မမွီေတာ့ မေတြးေခၚႏိုင္ၾကဘူး။

ဒါေၾကာင့္ ဦးေႏွာက္ကို ေဘာင္ခတ္မထားၾကနဲ႔။ ဒီလိုလုပ္မွရတယ္လို႔ တရားေသမေတြးနဲ႔။ သူတပါးေတြရဲ႕ ဆန္းသစ္တဲ့အေတြး၊ ျမင့္မားတဲ့ အၾကံအစဥ္ကို မေလွာင္ေျပာင္နဲ႔။

ကြၽန္ေတာ္ကိုယ္တိုင္လည္း နားမလည္ေသးတာေတြ၊ နားလည္ထားမႈ လြဲမွားေနတာေတြ အမ်ားႀကီးကို ျပဳျပင္ရဦးမယ္။

Credit to Swan Htet

Edit Text & Shared _ ေအအန္န္အမ္မ္တီ

………………………………

unicode

ဘယ်လိုလုပ်သလဲဆိုတော့ တစ်နေ့တာ ၂၄ နာရီကို တစ်နေ့ ၁၂ နာရီ လုပ်လိုက်တယ်။ ဥကြက်မတွေကို ပြင်ပလောကနဲ့ ပေးမတွေ့ဘူး။ အလုံလုပ်ထားတယ်။ ၆ နာရီ အလင်းရောင် ပေးတယ်။ ၆ နာရီ အမှောင်ချထားလိုက်တယ်။

ကြက်မတွေက တစ်နေ့မိုးချုပ်ပြီထင်ပြီး ဥတစ်လုံး ဥချလိုက်တယ်။ ပြန်ပြီး မိုးလင်း လာသယောင်ယောင် ၆ နာရီ အလင်းရောင်ထပ်ပေးတယ်။ ပြီးရင် ပြန်အမှောင်ချတယ်။ နောက်တစ်နေ့ထင်ပြီး ကြက်မတွေက ဥတစ်လုံး ထပ်ဥတယ်။ ကဲ 😃

ငယ်ငယ်က (အလိုကြီး အရနည်း) ဆိုပြီး တစ်နေ့ ရွှေဥတစ်လုံး တစ်လုံး ဥတဲ့ ငန်းကို တခါတည်း ဥတွေအများကြီးလိုချင်လို့ သတ်ပြီး ငန်းဗိုက်ထဲမှာ ဥတွေရှာတော့, တစ်လုံးမှမရတော့တဲ့အကြောင်း သင်ခဲ့ရဖူးတယ်။

အဲ့ဒီသင်ခန်းစာမှာ ကျွန်တော်တို့ကိုပေးတဲ့ message က လောဘမကြီးရဘူး၊ အလိုကြီးရင် အရနည်းတက်တယ်၊ ဒီအသိကိုပေးတာ။ အမှန်က ”လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုတဲ့ အသိကိုပေးရမှာ။

သစ်ကုလားအုပ်ကို ရေခဲသေတ္တာထဲ ထည့်လို့ရသလား ဆိုရင် ကျွန်တော်တို့အများစုက “မရဘူး” ဆိုတဲ့ သမရိုးကျ အယူအဆသာ ရှိကြတဲ့လူတွေ။

အမှန်တော့ ရေခဲသေတ္တာဟာ ဘယ်အရွယ် ဘယ် size ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်မှမရှိတာ။ သစ်ကုလားအုပ် ထည့်ချင်ရင် ထည့်လို့ရမယ့်အရွယ် ရေခဲသေတ္တာအကြီးကြီးလုပ်ပေါ့။ ဒါပဲလေ။

ရွှေဥတစ်လုံး တစ်လုံး ဥတဲ့ငန်း ဂျပန်တွေကိုပေးလိုက်။ တစ်နေ့တည်း ၂ လုံးဥအောင် သူတို့လုပ်လိုက်လိမ့်မယ်။ အဲ့ဒါပညာပဲ။ ဘယ်တက္ကသိုလ် ဘယ်ကောလိပ်ကမှ မသင်ကြားပေးနိုင်တဲ့ပညာ။

တရုတ်ပြည်မှာ မြွေတွေ တအားစားတယ်။ မြွေဆိုရင် စျေးကောင်းတယ်။ ရေမြွေ မွေးမြူရေးသမား တစ်ယောက်နဲ့ interview ထားတာ ကျွန်တော်ဖတ်ခဲ့ဖူးတယ်။

သူဖြေထားတာက

”ရေမြွေမွေးဖို့ အရှည်တစ်မိုင်ရှိတဲ့ ရေစီးကြောင်းလိုအပ်တယ်။ ကျွန်တော် အဲ့ဒီလောက် ကျယ်တဲ့ခြံ ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလည်းဗျာ့။ အဲ့တော့ ကျွန်တော့်ရှိတဲ့ခြံထဲမှာပဲ ကွန်ကရစ်ဘောင်တွေနဲ့ပဲ စီးဆင်းနေတဲ့ရေမြောင်းပုံစံ တစ်မိုင်အရှည်ရအောင် ကွေ့ဝိုက်ပြီး ဟိုကနေဒီ, ဒီကနေဟို စီးဆင်းတဲ့ပုံ ဖန်တီးရတာပေါ့”

သူလည်း အောင်မြင်သွားတယ်။

နောက်ပြီးသူက ခိုနဲ့ ငါးလည်း မွေးတယ်။ ခိုအတွက်ပဲ အစာဝယ်ကျွေးတယ်။ ငါး’အတွက် အစာဝယ်မကျွေးဘူး။ ခိုရဲ့ချီးကို ငါးစာပြန်လုပ်ပြီး ငါးတွေကို ကျွေးတယ်။

ခိုက အရင်းပဲရရင်တောင် ငါးက ကျွန်တော့်အတွက် အသားတင်အမြတ်တဲ့။ အဲ့ဒါလည်း ဘယ်တက္ကသိုလ်တွေ ဘယ်ကောလိပ်တွေကမှ သင်ကြားပေးလိုက်တာမဟုတ်တဲ့ ပညာတွေပဲ။

အမေဒေါ်အောင်ဆန်းစုကြည်’ပြောတာ အဲ့ဒါမျိုးတွေနော်။ professional အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာတွေဟာ တက္ကသိုလ်ဘွဲ့တွေထက် ပိုအသုံးတည့်မယ် ဆိုတာမျိုးပေါ့ဗျာ။

နောက်ပြီး ထိုင်းမှာ ဖားမွေးမြူရေး။ စားဖားတွေမွေးတာ။ နေရာမလိုဘူး ပညာပဲလိုတယ်။ တိုက်ခန်းနဲ့နေတဲ့ လူတွေလည်း စီးပွားဖြစ် မွေးလို့ရတယ်။

ပုဂံစင်လိုမျိုး အထပ်အထပ်နဲ့ ရေသန့်ဗူးတွေကိုစီပြီး အဲ့ဒီရေသန့်ဗူးတွေထဲမှာ ဖားတွေမွေးတာ။ အောင်မြင်တယ်။ စျေးကောင်းရတယ်။

နောက်တစ်ခု မြန်မာပြည်မှာ ကျွန်တော်ရှိတုန်းက broiler ကြက် (အများအခေါ်/အိမ်ရှင်မတွေအခေါ် cp ကြက်) ပေါ့ဗျာ။ ကျွန်တော်မွေးတယ်။

အောင်မြင်အောင် မွေးနိုင်တဲ့နေရာမှာ cp company က ကောင်တွေလာခဲ့ဦး၊ ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော်ဆရာပဲ။

တခြားခြံတွေကတောင် ကျွန်တော့့်ဆီမှာ အကြံဉာဏ်လာယူရတယ်။ နည်းစနစ် လာမေးရတယ်။ ရောဂါဝင်ရင်/တစ်ခုခုဖြစ်ရင် diagnosed ဘာမှန်းမသိလို့၊ ဘာရောဂါလဲ၊ ဘယ်လိုဆေးဝါးတွေနဲ့ Treatment လုပ်ရမလဲ၊ ကျွန်တော့်ဆီ အကူအညီတောင်းရတယ်။

ကျွန်တော်ထင်တာ ”ငါ ဆရာကြီးပဲ။ ငါ စောက်ရမ်းကျွမ်းတယ်”လို့ ဘဝင်မြင့်နေတာ။

ဒီ ဘွိုင်လာကြက်တွေရဲ့ နဂိုမူလဇာတိဟာ နယ်သာလန်/ဟော်လန် ပေါ့ဗျာ။ ဘိုင်ယန်မြူးနစ်က တောင်ပံကစားသမား အာဂျန်ရော်ဘင်တို့တိုင်းပြည်။

သူတို့ ဟော်လန်မှာ ဒီ (၄၅)ရက်ကြက် ဘွိုင်လာကြက်တွေကို ဘယ်လိုမွေးနေကြသလဲလို့ Google ကနေ ကျွန်တော်လေ့လာကြည့်တော့… ကျွန်တော်တို့ သိထားတာတွေ၊ ကျွန်တော်တို့ လုပ်နေတာတွေဟာ တအားအကုန်အကျများတယ်။ ထုတ်လုပ်မှုစရိတ် တအားကြီးတဲ့ မွဲဆေးပဲဆိုတာ သိလိုက်ရတယ်။

ကျွန်တော်တို့ သိထားတာက ဘွိုင်လာမွေးမယ်ဆို မြေပြင်ကနေပြီးတော့ ကြမ်းခင်းကို ငါးပေခွဲအမြင့်။ ကြမ်းခင်းကနေ လက်ခံတိုင်ကို ခြောက်ပေခွဲ/ခွန်နှစ်ပေအမြင့်။ ခေါင်အထိဆို ၁၆ ပေလောက်အမြင့်ရှိတဲ့ အဆောက်အဦးတစ်ခုကို မြန်မာငွေ သိန်းသုံးဆယ်၊ သုံးဆယ့်ငါးသိန်းလောက် အကုန်ခံဆောက်ပြီးမှ မွေးလို့ရတယ်ထင်ခဲ့တာ။ မြန်မာတစ်ပြည်လုံးလည်း အခု အဲ့အတိုင်းနဲ့ပဲ မွေးနေကြတာ။

သူတို့ နယ်သာလန်မှာ ဒီအတိုင်းမြေကြီးပြောင်ပေါ်မှာ ဆယ်ပေပတ်လည်ခြံ။ ခါးတိုက်လောက်အမြင့် တာလပတ်အမိုးလေးနဲ့ မွေးနေကြတာ။

ဒီနေရာမှာ ကြက်ချေးတွေ အညစ်အကြေးတွေနဲ့ ညစ်ပတ်သွားပြီဆိုရင် အဲ့ဒီ ဆယ်ပေပတ်လည်ခြံလေးကို မိန်းကလေးနှစ်ယောက် အသာလေး မ’ရွှေ့လိုက်တယ်။ တဖြည်းဖြည်းနဲ့ပေါ့ ကြက်တွေပါ ပါလာအောင်။ ပြီးရင် နေရာဟောင်းက ကြက်ချေးတွေ အညစ်အကြေးတွေကို သိမ်းလိုက်တယ်။

ဟိုနေရာက မြေကြီးညစ်ပတ်သွားရင် ဒီနေရာပြန်ရွှေ့။ ဒီနေရာကမြေကြိီးညစ်ပတ်သွားရင် ဟိုနေရာပြန်ရွှေ့။ အဲ့လိုနဲ့ သူတို့မွေးနေတာ အောင်မြင်သလား, မအောင်မြင်ဘူးလားတော့ မမေးနဲ့ဗျာ။ ကြက်တစ်ကောင် နှစ်ပိဿငါးဆယ်/သုံးပိဿလောက်ရှိတယ်။ ဟဲဗီးကြီးတွေပဲ။

အဓိကအချက် ကျွန်တော်ပြောမယ်လေ။ ကျွန်တော်အပါအဝင် မြန်မာပြည်သားအများစုက သမရိုးကျအတွေးအခေါ်၊ သမရိုးကျအယူအဆတွေနဲ့ပဲ မတိုးတက်နိုင်ကြဘူးဖြစ်နေတာ။

ဆန်းဆန်းပြားပြားတွေးခေါ် မြင့်မြင့်မားမားကြံစည်တဲ့ လူတွေကျတော့ လှောင်ပြောင်ကြတယ်။ ရန်ကုန်မြစ် မြို့လည်ရွှေ့မယ်ဆိုတော့ ဝိုင်းဆဲတယ်။ လှောင်ပြောင်တယ်။

မြစ်ရဲ့ ဟိုဘက်ကမ်းကို ရန်ကုန်မြို့လိုစည်ကားအောင်၊ တိုးတက်အောင် လုပ်လိုက်ရင် ရန်ကုန်မြစ်ဟာ အလိုလို မြို့လည်ခေါင်ရောက်လာမယ်ဆိုတာ ဉာဏ်မမှီတော့ မတွေးခေါ်နိုင်ကြဘူး။

ဒါကြောင့် ဦးနှောက်ကို ဘောင်ခတ်မထားကြနဲ့။ ဒီလိုလုပ်မှရတယ်လို့ တရားသေမတွေးနဲ့။ သူတပါးတွေရဲ့ ဆန်းသစ်တဲ့အတွေး၊ မြင့်မားတဲ့ အကြံအစဉ်ကို မလှောင်ပြောင်နဲ့။

ကျွန်တော်ကိုယ်တိုင်လည်း နားမလည်သေးတာတွေ၊ နားလည်ထားမှု လွဲမှားနေတာတွေ အများကြီးကို ပြုပြင်ရဦးမယ်။

Credit to Swan Htet

Edit Text & Shared _ အေအန်န်အမ်မ်တီ

Leave a Reply