Button Text! Submit original article and get paid. Find out More

မူးဝေအော့အန်နေလို့ ချော့မော့မေးမြန်းရာ သားမယားအဖြစ်ပြုကျင်ခံရကြောင်းသိရ



ဆရာဝန်မှကျမ်းမာရေးကောင်းမွန်ကြောင်းပြော၍ပြန်လာခဲ့ပြီးနောက်ပိုင်းတွင်လည်းသမီးဖြစ်သူမ_မှာအစားမစားခြင်းမူးဝေခြင်းအော့အန်ခြင်းများဖြစ်နေသဖြင့်သမီးဖြစ်သူအားချော့မော့ပြီးအကြိမ်ကြိမ်မေးမြန်းခဲ့ရာသမီမ__၏ပြောပြချက်အရလွန်ခဲ့သော(၂)လခန့်ကတစ်ရွာတည်းနေစိုးမိုး(၃၄)နှစ်၏နေအိမ်သို့ရေခပ်သွားရောက်ခဲ့ရာစိုးမိုးမှ၎င်း၏နေအိမ်ပေါ်သို့ခေါ်ဆောင်ပြီးအလိုမတူပဲသားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းပြောပြသိခဲ့ရကြောင်းသိရသည်။



credit

………………………………

unicode

မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်ညောင်တိုကျေးရွာတွင်စိတ်ကျမ်းမာရေးချို့တဲ့ပြီးစကားပြောနည်းသူအမျိုးသမီးတစ်ဦးမကြာခဏအော့အန်မူးဝေနေ၍မိခင်ဖြစ်သူမှချော့မော့မေးမြန်းကြည့်ရာမှသားမယားအဖြစ်ပြုကျင်ခံရကြောင်းသိရသည်။

လွန်ခဲ့သည့်သြဂုတ်(၃)ရက်နေ့နံက်(၇)နာရီခန့်သာစည်မြို့နယ်ညောင်တိုကျေးရွာနေဒေါ်__(၅၀)နှစ်မှသမီးဖြစ်သူမ__(၂၀)နှစ်စိတ်ကျမ်းမာရေးချို့တဲ့စကားပြောနည်းသူမှမကြာခဏပျို့အန်နေပြီးမူးဝေနေ၍ဆေးခန်းသို့ခေါ်ဆောင်ပြသခဲ့ရာ

ဆရာဝန်မှကျမ်းမာရေးကောင်းမွန်ကြောင်းပြော၍ပြန်လာခဲ့ပြီးနောက်ပိုင်းတွင်လည်းသမီးဖြစ်သူမ_မှာအစားမစားခြင်းမူးဝေခြင်းအော့အန်ခြင်းများဖြစ်နေသဖြင့်သမီးဖြစ်သူအားချော့မော့ပြီးအကြိမ်ကြိမ်မေးမြန်းခဲ့ရာသမီမ__၏ပြောပြချက်အရလွန်ခဲ့သော(၂)လခန့်ကတစ်ရွာတည်းနေစိုးမိုး(၃၄)နှစ်၏နေအိမ်သို့ရေခပ်သွားရောက်ခဲ့ရာစိုးမိုးမှ၄င်း၏နေအိမ်ပေါ်သို့ခေါ်ဆောင်ပြီးအလိုမတူပဲသားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းပြောပြသိခဲ့ရကြောင်းသိရသည်။

ဖြစ်စဉ်အရစိတ်ကျမ်းမာရေးချို့တဲ့နေသည့်သမီးဖြစ်သူအားအလိုမတူပဲသားမယားအဖြစ်ပြုကျင့်ခဲ့သူသာစည်မြို့နယ်ညောင်တိုကျေးရွာနေစိုးမိုးအားအရေးယူပေးရန်မိခင်ဖြစ်သုူမှသြဂုတ်(၁၃)ရက်နေ့တွင်ရဲစခန်းလာရောက်တိုင်တန်းချက်အရသာစည်မြို့မရဲစခန်း(ပ)၃၅၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၃၇၆ ဖြင့်အမှုဖွင့်အရေးယူပြီးပြစ်မှုကျူးလွန်သူစိုးမိုး(၃၄)နှစ်ညောင်တိုကျေးရွာသာစည်မြို့နယ်နေသူအားယင်းနေ့ည(၁၀း၁၅)အချိန်ရှာဖွေဖမ်းဆီးရမိခဲ့သဖြင့်အမှုနှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရွှေမောင်မောင်(မိတ္တီလာ)

credit

Leave a Reply