Button Text! Submit original article and get paid. Find out More

ဒီေန႕ရံုးခ်ိန္းမွာ ဗစ္တိုးရီးယားေလးရဲ႕ဖခင္၏ ထြက္ဆိုခ်က္(ရုပ္သံ)

လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတဲ့ အသက္ ၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ ဗစ္တိုးရီးယားအမႈရဲ႕ ၾသဂုတ္ ၁၄ ရက္ေန႔ ေလးႀကိမ္ေျမာက္ ႐ုံးခ်ိန္းမွာေတာ့ တရားလို ဖခင္ျဖစ္သူက ကေလးငယ္ေက်ာင္းရဲ႕ စီစီတီဗီမွတ္တမ္းနဲ႔ပတ္သက္ၿပီး ကေလးငယ္ ေျပာဆိုခ်က္ေတြကို တရားခြင္မွာ ထြက္ဆိုခ်က္ေပးခဲ့ပါတယ္။ဒီကေန႔ ေလးႀကိမ္ေျမာက္႐ုံးခ်ိန္းမွာ ကေလးငယ္ရဲ႕ ဖခင္ျဖစ္သူက ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သူ႔ဇနီး ဆက္သြယ္ေျပာၾကားလို႔ သိရတဲ့ အေျခအေန၊ ရဲစခန္းမွာ စီစီတီဗီမွတ္တမ္းသြားၾကည့္ခဲ့ တဲ့အေျခအေနနဲ႔ ကေလးငယ္ရဲ႕ ေျပာၾကားခ်က္ေတြ အပါအဝင္ အပိုင္း ၃ ပိုင္းကို ထြက္ဆိုခ်က္ ေပးခဲ့ပါတယ္။

မနက္ ၈နာရီကေန ညေန ၅နာရီ စီစီတီဗီ မွတ္တမ္းကို ၾကည့္ရႈခဲ့တဲ့အခ်ိန္မွာ တခ်ိဳ႕အပိုင္းေတြ ပ်က္ေနတာေတြ႕ရတယ္လို႔ ဆိုထားပါတယ္။ အဲဒီထဲမွာ ေန႔လယ္ ၃နာရီ ေက်ာ္ေက်ာ္ေလာက္မွာ အက်ႌအျဖဴနဲ႔ ပုဆိုးအျပာ ဝတ္ထားတဲ့ အမ်ိဳးသားတစ္ဦးဟာ ကေလးငယ္တက္တဲ့ ေက်ာင္းကို ဝင္သြားတာ ေတြ႕တဲ့အတြက္ ရဲစခန္းကို ေျပာခဲ့တယ္လို႔ ထြက္ဆိုခဲ့ပါတယ္။

ဒီမွတ္တမ္းကို ၾကည့္တဲ့ေနရာမွာ သူ႔နံေဘးမွာ ေဆာ့ကစားေနတဲ့သမီးငယ္လည္းရွိေနခဲ့ၿပီး အက်ႌအျဖဴနဲ႔ ပုဆိုးအျပာဝတ္ထားတဲ့သူကိုေတြ႕တဲ့အခါမွာ ကေလးက မီးမီးဖင္ဘုကို ဆိတ္တာ ဒီကိုကိုလုပ္တာလို႔ ေျပာခဲ့တယ္လို႔ဆိုပါတယ္။” ဒါကို မွတ္တမ္း မတင္ႏိုင္ခဲ့တဲ့ အတြက္ စီစီတီဗီကို ကြန္ပ်ဴတာထဲထည့္ၿပီး ကေလးငယ္ကို ကာတြန္းကားအရင္ျပၿပီး အဲဒီေနရာကို ျပန္ျပတဲ့အခါမွာေတာ့ ကေလးက သမီးရဲ႕ဖင္ဘုကိုလုပ္တာ ဒီကိုကို လုပ္တာ။ သမီးေသနတ္နဲ႔ေတာင္ ပစ္ခ်င္တယ္ ဆိုတဲ့အေၾကာင္းေျပာျပတယ္”လို႔ တရား႐ုံးမွာ ထြက္ဆိုခဲ့ပါ တယ္။အဲဒီမွတ္တမ္းကို ႐ိုက္ထားၿပီး ရဲမႉးတစ္ေယာက္ကို ေပးခဲ့တယ္လို႔ ေျပာပါတယ္။

ဒုတိယပိုင္းမွာေတာ့ ကေလးငယ္ရဲ႕အဖြားျဖစ္သူကို စစ္ေဆးသြားမွာျဖစ္

ဒါ့အျပင္ သံသယတရားခံနဲ႔ ပတ္သက္ၿပီးေတာ့လည္း ကေလးငယ္ရဲ႕ ဖခင္က ဒီအင္န္ေအစစ္ခ်က္က ကိုေအာင္ႀကီးရဲ႕ ဒီအင္န္ေအစစ္ခ်က္က မတူတဲ့အေၾကာင္း ကနဦးမွာ ရဲမႉးတစ္ဦးက ေျပာခဲ့တယ္လို႔လည္း ဒီကေန႔ ႐ုံးခ်ိန္းမွာထြက္ဆိုခဲ့ပါတယ္။ကိုေအာင္ႀကီးအ႐ြယ္နဲ႔ ကေလးနဲ႔ ျဖစ္မယ္ဆိုရင္ ကေလးကပိုဆိုးသြားႏိုင္တယ္လို႔ ရဲမႉးတစ္ေယာက္က သူ႔ကို ေျပာတဲ့အေၾကာင္းကိုလည္း ထြက္ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ေက်ာင္းအုပ္ခ်ဳပ္ေရးမႉး ျဖစ္သူ ေဒၚဥမၼာလႈိင္မွာ သားႏွစ္ေယာက္ ရွိတဲ့အနက္ ၈တန္းေက်ာင္းသားက ေက်ာင္းျပန္တက္ေနတဲ့ အတြက္ ဒီေက်ာင္းကိုလိုက္လာေကာင္း လိုက္လာႏိုင္တဲ့အတြက္ ကေလးကလည္း ကိုကိုလို႔ေျပာတဲ့အတြက္ ဒီဟာကို စဥ္းစားသင့္တယ္ ဆိုတဲ့အေၾကာင္းကို ရဲမႉးတစ္ေယာက္က ထြက္ဆို တဲ့အေၾကာင္းကို ဒီကေန႔ တရား႐ုံးမွာ ဖခင္က ထြက္ဆိုခဲ့ပါတယ္။ဒီကေန႔ ႐ုံးခ်ိန္းရဲ႕ ပထမပိုင္းအျဖစ္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံခဲ့ရတဲ့ မူႀကိဳကေလးငယ္ရဲ႕ ဖခင္ျဖစ္သူကို စစ္ေဆးခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာေတာ့ ကေလးငယ္ရဲ႕ အဖြားျဖစ္သူကို စစ္ေဆးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ေနျပည္ေတာ္ သေျပကုန္းက Wisdom Hill မူႀကိဳေက်ာင္းမွာ တက္ေရာက္ခဲ့တဲ့ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတဲ့ အသက္ ၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ ဗစ္တိုးရီးယားအမႈရဲ႕ ဒုတိယအႀကိမ္႐ုံးခ်ိန္း ဇူလိုင္ ၂၄ ရက္မွာ တရားလို မိခင္ကို စတင္ စစ္ေဆးခဲ့ပါတယ္။ဒီအမႈမွာ Wisdom Hill မူႀကိဳေက်ာင္းက ဆရာမႏွင္းႏုကို ဒုတိယ တရားခံအျဖစ္ တရားစြဲဖို႔ ကေလးရဲ႕ မိခင္ျဖစ္သူက တရားခြင္ၿပီးၿပီးခ်င္းမွာပဲ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ထားခဲ့ေပမယ့္ ေနာက္တစ္ႀကိမ္ ႐ုံးခ်ိန္းမွာေတာ့ တရား႐ုံးက လက္ခံခဲ့ျခင္း မရွိပါဘူး။

video ဖိုင္ၾကည့္ရန္

Credit-ဘီဘီစီ

………………………

unicode

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယားအမှုရဲ့ သြဂုတ် ၁၄ ရက်နေ့ လေးကြိမ်မြောက် ရုံးချိန်းမှာတော့ တရားလို ဖခင်ဖြစ်သူက ကလေးငယ်ကျောင်းရဲ့ စီစီတီဗီမှတ်တမ်းနဲ့ပတ်သက်ပြီး ကလေးငယ် ပြောဆိုချက်တွေကို တရားခွင်မှာ ထွက်ဆိုချက်ပေးခဲ့ပါတယ်။ဒီကနေ့ လေးကြိမ်မြောက်ရုံးချိန်းမှာ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သူ့ဇနီး ဆက်သွယ်ပြောကြားလို့ သိရတဲ့ အခြေအနေ၊ ရဲစခန်းမှာ စီစီတီဗီမှတ်တမ်းသွားကြည့်ခဲ့ တဲ့အခြေအနေနဲ့ ကလေးငယ်ရဲ့ ပြောကြားချက်တွေ အပါအဝင် အပိုင်း ၃ ပိုင်းကို ထွက်ဆိုချက် ပေးခဲ့ပါတယ်။

မနက် ၈နာရီကနေ ညနေ ၅နာရီ စီစီတီဗီ မှတ်တမ်းကို ကြည့်ရှုခဲ့တဲ့အချိန်မှာ တချို့အပိုင်းတွေ ပျက်နေတာတွေ့ရတယ်လို့ ဆိုထားပါတယ်။ အဲဒီထဲမှာ နေ့လယ် ၃နာရီ ကျော်ကျော်လောက်မှာ အကျႌအဖြူနဲ့ ပုဆိုးအပြာ ဝတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ ကလေးငယ်တက်တဲ့ ကျောင်းကို ဝင်သွားတာ တွေ့တဲ့အတွက် ရဲစခန်းကို ပြောခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒီမှတ်တမ်းကို ကြည့်တဲ့နေရာမှာ သူ့နံဘေးမှာ ဆော့ကစားနေတဲ့သမီးငယ်လည်းရှိနေခဲ့ပြီး အကျႌအဖြူနဲ့ ပုဆိုးအပြာဝတ်ထားတဲ့သူကိုတွေ့တဲ့အခါမှာ ကလေးက မီးမီးဖင်ဘုကို ဆိတ်တာ ဒီကိုကိုလုပ်တာလို့ ပြောခဲ့တယ်လို့ဆိုပါတယ်။” ဒါကို မှတ်တမ်း မတင်နိုင်ခဲ့တဲ့ အတွက် စီစီတီဗီကို ကွန်ပျူတာထဲထည့်ပြီး ကလေးငယ်ကို ကာတွန်းကားအရင်ပြပြီး အဲဒီနေရာကို ပြန်ပြတဲ့အခါမှာတော့ ကလေးက သမီးရဲ့ဖင်ဘုကိုလုပ်တာ ဒီကိုကို လုပ်တာ။ သမီးသေနတ်နဲ့တောင် ပစ်ချင်တယ် ဆိုတဲ့အကြောင်းပြောပြတယ်”လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါ တယ်။အဲဒီမှတ်တမ်းကို ရိုက်ထားပြီး ရဲမှူးတစ်ယောက်ကို ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒုတိယပိုင်းမှာတော့ ကလေးငယ်ရဲ့အဖွားဖြစ်သူကို စစ်ဆေးသွားမှာဖြစ်

ဒါ့အပြင် သံသယတရားခံနဲ့ ပတ်သက်ပြီးတော့လည်း ကလေးငယ်ရဲ့ ဖခင်က ဒီအင်န်အေစစ်ချက်က ကိုအောင်ကြီးရဲ့ ဒီအင်န်အေစစ်ချက်က မတူတဲ့အကြောင်း ကနဦးမှာ ရဲမှူးတစ်ဦးက ပြောခဲ့တယ်လို့လည်း ဒီကနေ့ ရုံးချိန်းမှာထွက်ဆိုခဲ့ပါတယ်။ကိုအောင်ကြီးအရွယ်နဲ့ ကလေးနဲ့ ဖြစ်မယ်ဆိုရင် ကလေးကပိုဆိုးသွားနိုင်တယ်လို့ ရဲမှူးတစ်ယောက်က သူ့ကို ပြောတဲ့အကြောင်းကိုလည်း ထွက်ဆိုခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းအုပ်ချုပ်ရေးမှူး ဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှာ သားနှစ်ယောက် ရှိတဲ့အနက် ၈တန်းကျောင်းသားက ကျောင်းပြန်တက်နေတဲ့ အတွက် ဒီကျောင်းကိုလိုက်လာကောင်း လိုက်လာနိုင်တဲ့အတွက် ကလေးကလည်း ကိုကိုလို့ပြောတဲ့အတွက် ဒီဟာကို စဉ်းစားသင့်တယ် ဆိုတဲ့အကြောင်းကို ရဲမှူးတစ်ယောက်က ထွက်ဆို တဲ့အကြောင်းကို ဒီကနေ့ တရားရုံးမှာ ဖခင်က ထွက်ဆိုခဲ့ပါတယ်။ဒီကနေ့ ရုံးချိန်းရဲ့ ပထမပိုင်းအဖြစ် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ မူကြိုကလေးငယ်ရဲ့ ဖခင်ဖြစ်သူကို စစ်ဆေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ကလေးငယ်ရဲ့ အဖွားဖြစ်သူကို စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယားအမှုရဲ့ ဒုတိယအကြိမ်ရုံးချိန်း ဇူလိုင် ၂၄ ရက်မှာ တရားလို မိခင်ကို စတင် စစ်ဆေးခဲ့ပါတယ်။ဒီအမှုမှာ Wisdom Hill မူကြိုကျောင်းက ဆရာမနှင်းနုကို ဒုတိယ တရားခံအဖြစ် တရားစွဲဖို့ ကလေးရဲ့ မိခင်ဖြစ်သူက တရားခွင်ပြီးပြီးချင်းမှာပဲ ဒက္ခိဏခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပေမယ့် နောက်တစ်ကြိမ် ရုံးချိန်းမှာတော့ တရားရုံးက လက်ခံခဲ့ခြင်း မရှိပါဘူး။

video ဖိုင်ကြည့်ရန်

Credit-ဘီဘီစီ

Leave a Reply