Button Text! Submit original article and get paid. Find out More

ကမ္ဘာတဝန်းလုံးကို ဖြန့်ချီနေတဲ့ တရုတ်မဂ္ဂဇင်းတစ်ခုမှာ မျက်နှာဖုံးအဖြစ် ဖော်ပြခံလိုက်ရတဲ့ ပိုးကြာဖြူခင်

MRTV-4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့အသည်းတွေကိုစတင်သိမ်းပိုက်နိုင်ခဲ့တဲ့ ပိုးကြာဖြူခင်လေးဟာ ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ အေးချမ်းတဲ့ပုံစံလေးနဲ့ ရိုးသားတဲ့ မျက်နှာထားလေးကြောင့် ပရိသတ်တွေတခဲနက်ရရှိထားတဲ့ ပိုးကြာဖြူခင်ဟာ ခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုလေးတွေ များလာခဲ့ပါတယ်။

မကြာသေးခင်ကမှ ဖခင်ဆုံးပါးသွားခဲ့လို့ ဝမ်းနည်းခဲ့ရတဲ့ ပိုးကြာဖြူခင်ဟာ သူမဖခင်ကို လွမ်းဆွတ်သတိရတဲ့စာလေးတွေ ရေးတင်လေ့ရှိပါသေးတယ်။ သူမရဲ့ ရိုးရှင်းတဲ့အလှတရားလေးကြောင့် ဖခင်ဖြစ်သူက ယခုလို မင်းသမီးဖြစ်လာတဲ့အထိ တွန်းအားပေးပြီး ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

ပိုးကြာဖြူခင်လေးဟာ ကမ္ဘာတစ်ဝန်းလုံးကို ဖြန့်ချီလျက်ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ မဂ္ဂဇင်းလေးတစ်ခုကနေ ဖော်ပြပေးခြင်းခံလိုက်ရပါတယ်။ Meditation & health magazine ရဲ့ မျက်နှာဖုံးကာဗာအဖြစ် ဖော်ပြခြင်းခံခဲ့ရပြီးတော့ ထိုမဂ္ဂဇင်းလေးကတော့ ကျန်းမာရေးအကြောင်းများနဲ့ တရားဘာဝနာအကြောင်းများမျှဝေပေးလေ့ရှိတဲ့ မဂ္ဂဇင်းလေးပဲဖြစ်ပါတယ်။ ဒီမဂ္ဂဇင်းလေးမှာ ကာဗာမော်ဒယ်အဖြစ် ပါဝင်နိုင်ဖို့အတွက် ကမ်းလှမ်းကူညီပေးခဲ့တာကတော့ Jinbodhi meditation center Myanmar ဖြစ်ပါတယ်။

We Love Cele

Source-Poe Kyar Phyu Khin