Button Text! Submit original article and get paid. Find out More

ေနျပည္ေတာ္တြင္ အသက္ ၇ ႏွစ္အရြယ္ ကေလးငယ္တဦး လိင္ပိုင္းဆိုင္ရာ ထပ္မံျပဳက်င့္ခံရ

ေနျပည္ေတာ္တြင္ အသက္ ၇ ႏွစ္အရြယ္ ကေလးငယ္တဦး လိင္ပိုင္းဆိုင္ရာ ထပ္မံျပဳက်င့္ခံရ

ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕ တဲကုန္း႐ြာတြင္ အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ တဦးကို ေဆြမ်ိဳးေတာ္စပ္သည့္ အမ်ိဳးသားတဦးက လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ကာ အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း ပ်ဥ္းမနား ၿမိဳ႕မ ရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ၾသဂုတ္ ၁၆ ရက္ေန႔ ညပိုင္းက တ႐ြာထဲေန ဦးေလး ႏွစ္ဝမ္းကြဲ ေတာ္စပ္သူျဖစ္သူ အသက္ ၁၉ ႏွစ္ အ႐ြယ္ ေက်ာ္ေက်ာ္ဦး ဆိုသူသည္ ကေလးငယ္၏ ေနအိမ္သို႔ လာ၍ ဗီဒီယို ၾကည့္ရန္ လိုက္ခဲ့ဟု ေျပာဆိုကာ ကေလးကို ငလိုက္ေခ်ာင္းဘက္သို႔ ေခၚသြားၿပီး က်ဴးလြန္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“သူ႔အေမက ေခါင္း႐ြက္ေရာင္းတဲ့ေဈးသည္၊ အေဖကလည္း မူးေနတာေပါ့။ တ႐ြာတည္းေနတဲ့ ေက်ာ္ေက်ာ္ဦးက ဗီဒီယို ၾကည့္ရေအာင္ ဆိုၿပီး လာေခၚတယ္။ သူ႔အေဖကလည္း မူးေနေတာ့ ထည့္လႊတ္လိုက္တယ္။ သူတို႔အိမ္ရဲ႕ အေနာက္ဖက္ ငလိုက္ေခ်ာင္းေဘးေပါ့။ အိမ္နဲ႔ ကိုက္ ၁၀၀ ေလာက္ပဲ ေဝးမယ္။ ကေလးကို ေခၚသြားတယ္။ ေခၚၿပီး သားမယား အျဖစ္ျပဳက်င့္တာ” ဟုပ်ဥ္းမနားၿမိဳ႕မ ရဲစခန္းမွ ဒုရဲမႉး ေအာင္ႏိုင္ဦးက ဧရာဝ တီသို႔ ေျပာသည္။

အဆိုပါ ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသားမွာ လြယ္အိတ္အနီေရာင္ လြယ္ထားၿပီး၊ ကေလးငယ္အား အဓမၼ မျပဳက်င့္မီ ည ၈ နာရီ အခ်ိန္ ေက်ာ္တြင္ အျခား အိမ္ထဲသို႔ ဝင္ေရာက္ခဲ့ေၾကာင္း၊ သူစိမ္းဝင္လာသည္ကို ျမင္၍ အိမ္ရွင္အမ်ိဳးသားက သူခိုးဖမ္းရန္ သူ၏ ညီအစ္ကိုမ်ားကို ဖုန္းဆက္ လွမ္း ေခၚကာ လူစုခြဲၿပီး လိုက္ရွာရာမွ ငလိုက္ေခ်ာင္းတြင္ ကေလးငယ္ ၁ ဦး မိုးေရထဲ ရပ္ေနသည္ကို စတင္ ျမင္ေတြ႕ခဲ့ရျခင္းျဖစ္သည္။

သူခိုးဖမ္းရန္အတြက္ လိုက္ရွာစဥ္မွာ ေခ်ာင္းေဘးတြင္ မတ္တပ္ရပ္ေနသည့္ ကေလးငယ္အား ေတြ႕သျဖင့္ ေမးျမန္းရာ ကေလးငယ္က အေဖ၊ အေမ နာမည္ ေျပာျပ၍ သူ၏ ဦးေလးအိမ္တြင္ အပ္ခဲ့ၿပီး လြယ္အိတ္ အနီႏွင့္သူကို ဆက္ၿပီး ရွာေဖြရာမွ ႐ြာထဲတြင္ ေတြ႕သျဖင့္ ကေလးကို ျပန္ေခၚခဲ့ကာ ထိုသူကို ျပခဲ့ေၾကာင္း အမွတ္ ၁ ရဲစခန္းမွ စစ္ေဆးခ်က္မ်ားအရ သိရသည္။

“သူ႔ကို ျမင္ေတာ့ သူပဲ၊ သူပဲ ေျပာတဲ့ အခါက်ေတာ့ ဒီေကာင္က ေျခာက္လွန႔္တဲ့ပုံစံနဲ႔ မ်က္လုံး ျပဴုးၾကည့္လိုက္တာ။ ကေလးရဲ႕ မိန္းမကိုယ္ကေန ေသြးေတြ ထြက္ေနတာ ျမင္ေတာ့ သားမယား ျပဳက်င့္ခံရတယ္ဆိုတာ သိသြားတာ” ဟု ျဖစ္စဥ္ အေသးစိတ္ကို ဒုရဲမႉး ေအာင္ႏိုင္ဦးက ရွင္းျပသည္။

ထိုသို႔ ကေလးကို ေျခာက္လွန႔္လိုက္သည့္ အတြက္ ကေလးငယ္မွ ေၾကာက္လန႔္၍ စကားတခြန္းမွ မေျပာေတာ့ေၾကာင္း၊ ည ၁၀ နာရီ အခ်ိန္ေက်ာ္တြင္ စခန္းသို႔ က်ဴးလြန္သည့္ တရားခံ၊ ျပဳက်င့္ခံရသည့္ ကေလးငယ္ ႏွင့္ မိဘမ်ား ၊ အုပ္ခ်ဳပ္ေရးမႉးမ်ား ေရာက္လာၿပီး အမႈဖြင့္ကာ ကုတင္ ၁၀၀၀ ျပည့္သူ႔ ေဆး႐ုံသို႔ သြားေရာက္ၿပီး ကေလးႏွင့္ က်ဴးလြန္သူ ၂ ေယာက္စလုံးကို ေဆးစစ္ခ်က္ယူခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ကေလးငယ္မွာ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ မွ ေနျပည္ေတာ္ ဥတၱရသီရိ ၿမိဳ႕နယ္၊ သားဖြား၊ မီးယပ္ ေဆး႐ုံတြင္ ေဆးကုသမႈ ခံလ်က္ ရွိေၾကာင္း သိရသည္။ အဓမၼျပဳက်င့္ခံရသည့္ ကေလးငယ္၏ ေဆြးမ်ိဳးေတာ္စပ္သူ အမ်ိဳးသမီးတဦးက “ကေလးကို ဒီေန႔ ခြဲစိတ္မႈ လုပ္ပါတယ္။ ကေလးကေတာ့ အေျခအေန ေကာင္းလာပါၿပီ” ဟု ဧရာဝတီသို႔ အတည္ျပဳေျပာၾကားသည္။

က်ဴးလြန္ခံရသူ ကေလးငယ္၏ မိဘမ်ားမွာ ပ်ဥ္းမနားၿမိဳ႕ ေဒသခံမ်ား ျဖစ္ၾကၿပီး ကေလးတြင္ ေမြးခ်င္း ၆ ေယာက္ ရွိၿပီး ခံရသူ ကေလးမွာ ၅ ေယာက္ေျမာက္ ျဖစ္သည္။ ျပစ္မႈ က်ဴးလြန္သူ အမ်ိဳးသားအား ပ်ဥ္းမနား ၿမိဳ႕မ ရဲစခန္းတြင္ ဖမ္းဆီးထားၿပီး ၎ကို ျပစ္မႈ ပုဒ္မ (ပ) ၅၂၆/ ၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ / ၃၇၃ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံရွိ က်ား/မ အေျချပဳ အၾကမ္းဖက္ခံရသူမ်ားအတြက္ တေနရာထဲတြင္ ဝန္ေဆာင္မႈ ရရွိႏိုင္ေသာ ဌာန ( One Stop Crisis Center ( OSCC) For Gender Based Violence ) ကို ယခုႏွစ္ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔က စတင္ ဖြင့္လွစ္ခဲ့ၿပီး ႐ုပ္ပိုင္းႏွင့္ လိင္ပိုင္းဆိုင္ရာ ျဖစ္ေစ၊ ႏႈတ္စကားျဖင့္ ျဖစ္ေစ၊ စိတ္ပိုင္းဆိုင္ရာျဖစ္ေစ အၾကမ္းဖက္ ႏွိပ္စက္ခံ ေနရသူမ်ား အတြက္ တေနရာထဲတြင္ ကူညီ ေျဖရွင္းေပးႏိုင္ေသာ စင္တာဖြင့္လွစ္ၿပီး ကူညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

သက္ငယ္မုဒိမ္း က်ဴးလြန္သူမ်ားကို ေထာင္ဒဏ္ တသက္တကြၽန္း ခ်မွတ္ႏိုင္သည့္ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ကို အတည္ျပဳ ျပဌာန္းလိုက္ၿပီး ျဖစ္သည့္အတြက္ အသက္ ၁၂ ေအာက္ႏွင့္ မသန္စြမ္း အမ်ိဳးသမီးမ်ားအေပၚ မုဒိမ္းမႈ က်ဴးလြန္သူမ်ား အနည္းဆုံး ေထာင္ဒဏ္ အႏွစ္ ၂၀ မွ ေထာင္ဒဏ္ တသက္က်ခံရမည္ ျဖစ္သည္။

ကိုးကား-Baganthar
#Myanmar_Online_News
#မုဒိမ္းမႈ
#သက္ငယ္

……………………………

္unicode

နေပြည်တော်တွင် အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ ထပ်မံပြုကျင့်ခံရ

နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ တဲကုန်းရွာတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တဦးကို ဆွေမျိုးတော်စပ်သည့် အမျိုးသားတဦးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၆ ရက်နေ့ ညပိုင်းက တရွာထဲနေ ဦးလေး နှစ်ဝမ်းကွဲ တော်စပ်သူဖြစ်သူ အသက် ၁၉ နှစ် အရွယ် ကျော်ကျော်ဦး ဆိုသူသည် ကလေးငယ်၏ နေအိမ်သို့ လာ၍ ဗီဒီယို ကြည့်ရန် လိုက်ခဲ့ဟု ပြောဆိုကာ ကလေးကို ငလိုက်ချောင်းဘက်သို့ ခေါ်သွားပြီး ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့အမေက ခေါင်းရွက်ရောင်းတဲ့ဈေးသည်၊ အဖေကလည်း မူးနေတာပေါ့။ တရွာတည်းနေတဲ့ ကျော်ကျော်ဦးက ဗီဒီယို ကြည့်ရအောင် ဆိုပြီး လာခေါ်တယ်။ သူ့အဖေကလည်း မူးနေတော့ ထည့်လွှတ်လိုက်တယ်။ သူတို့အိမ်ရဲ့ အနောက်ဖက် ငလိုက်ချောင်းဘေးပေါ့။ အိမ်နဲ့ ကိုက် ၁၀၀ လောက်ပဲ ဝေးမယ်။ ကလေးကို ခေါ်သွားတယ်။ ခေါ်ပြီး သားမယား အဖြစ်ပြုကျင့်တာ” ဟုပျဉ်းမနားမြို့မ ရဲစခန်းမှ ဒုရဲမှူး အောင်နိုင်ဦးက ဧရာဝ တီသို့ ပြောသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ အမျိုးသားမှာ လွယ်အိတ်အနီရောင် လွယ်ထားပြီး၊ ကလေးငယ်အား အဓမ္မ မပြုကျင့်မီ ည ၈ နာရီ အချိန် ကျော်တွင် အခြား အိမ်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း၊ သူစိမ်းဝင်လာသည်ကို မြင်၍ အိမ်ရှင်အမျိုးသားက သူခိုးဖမ်းရန် သူ၏ ညီအစ်ကိုများကို ဖုန်းဆက် လှမ်း ခေါ်ကာ လူစုခွဲပြီး လိုက်ရှာရာမှ ငလိုက်ချောင်းတွင် ကလေးငယ် ၁ ဦး မိုးရေထဲ ရပ်နေသည်ကို စတင် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

သူခိုးဖမ်းရန်အတွက် လိုက်ရှာစဉ်မှာ ချောင်းဘေးတွင် မတ်တပ်ရပ်နေသည့် ကလေးငယ်အား တွေ့သဖြင့် မေးမြန်းရာ ကလေးငယ်က အဖေ၊ အမေ နာမည် ပြောပြ၍ သူ၏ ဦးလေးအိမ်တွင် အပ်ခဲ့ပြီး လွယ်အိတ် အနီနှင့်သူကို ဆက်ပြီး ရှာဖွေရာမှ ရွာထဲတွင် တွေ့သဖြင့် ကလေးကို ပြန်ခေါ်ခဲ့ကာ ထိုသူကို ပြခဲ့ကြောင်း အမှတ် ၁ ရဲစခန်းမှ စစ်ဆေးချက်များအရ သိရသည်။

“သူ့ကို မြင်တော့ သူပဲ၊ သူပဲ ပြောတဲ့ အခါကျတော့ ဒီကောင်က ခြောက်လှန့်တဲ့ပုံစံနဲ့ မျက်လုံး ပြူုးကြည့်လိုက်တာ။ ကလေးရဲ့ မိန်းမကိုယ်ကနေ သွေးတွေ ထွက်နေတာ မြင်တော့ သားမယား ပြုကျင့်ခံရတယ်ဆိုတာ သိသွားတာ” ဟု ဖြစ်စဉ် အသေးစိတ်ကို ဒုရဲမှူး အောင်နိုင်ဦးက ရှင်းပြသည်။

ထိုသို့ ကလေးကို ခြောက်လှန့်လိုက်သည့် အတွက် ကလေးငယ်မှ ကြောက်လန့်၍ စကားတခွန်းမှ မပြောတော့ကြောင်း၊ ည ၁၀ နာရီ အချိန်ကျော်တွင် စခန်းသို့ ကျူးလွန်သည့် တရားခံ၊ ပြုကျင့်ခံရသည့် ကလေးငယ် နှင့် မိဘများ ၊ အုပ်ချုပ်ရေးမှူးများ ရောက်လာပြီး အမှုဖွင့်ကာ ကုတင် ၁၀၀၀ ပြည့်သူ့ ဆေးရုံသို့ သွားရောက်ပြီး ကလေးနှင့် ကျူးလွန်သူ ၂ ယောက်စလုံးကို ဆေးစစ်ချက်ယူခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကလေးငယ်မှာ နေပြည်တော် ကုတင် ၁၀၀၀ မှ နေပြည်တော် ဥတ္တရသီရိ မြို့နယ်၊ သားဖွား၊ မီးယပ် ဆေးရုံတွင် ဆေးကုသမှု ခံလျက် ရှိကြောင်း သိရသည်။ အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်၏ ဆွေးမျိုးတော်စပ်သူ အမျိုးသမီးတဦးက “ကလေးကို ဒီနေ့ ခွဲစိတ်မှု လုပ်ပါတယ်။ ကလေးကတော့ အခြေအနေ ကောင်းလာပါပြီ” ဟု ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

ကျူးလွန်ခံရသူ ကလေးငယ်၏ မိဘများမှာ ပျဉ်းမနားမြို့ ဒေသခံများ ဖြစ်ကြပြီး ကလေးတွင် မွေးချင်း ၆ ယောက် ရှိပြီး ခံရသူ ကလေးမှာ ၅ ယောက်မြောက် ဖြစ်သည်။ ပြစ်မှု ကျူးလွန်သူ အမျိုးသားအား ပျဉ်းမနား မြို့မ ရဲစခန်းတွင် ဖမ်းဆီးထားပြီး ၎င်းကို ပြစ်မှု ပုဒ်မ (ပ) ၅၂၆/ ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ / ၃၇၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံရှိ ကျား/မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် တနေရာထဲတွင် ဝန်ဆောင်မှု ရရှိနိုင်သော ဌာန ( One Stop Crisis Center ( OSCC) For Gender Based Violence ) ကို ယခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ ဖြစ်စေ၊ နှုတ်စကားဖြင့် ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ အကြမ်းဖက် နှိပ်စက်ခံ နေရသူများ အတွက် တနေရာထဲတွင် ကူညီ ဖြေရှင်းပေးနိုင်သော စင်တာဖွင့်လှစ်ပြီး ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ငယ်မုဒိမ်း ကျူးလွန်သူများကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ကို အတည်ပြု ပြဌာန်းလိုက်ပြီး ဖြစ်သည့်အတွက် အသက် ၁၂ အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိမ်းမှု ကျူးလွန်သူများ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ် တသက်ကျခံရမည် ဖြစ်သည်။

ကိုးကား-Baganthar
#Myanmar_Online_News
#မုဒိမ်းမှု
#သက်ငယ်