Button Text! Submit original article and get paid. Find out More

လံုးဝမျဖစ္သင့္ဘူး ထင္ပါတယ္ စဥ္းစားသာ ၾကည့္ေပးၾကပါေတာ့ဗ်ာ … 😢

ႏွစ္စဥ္ေက်ာင္းမွာ ပထမဆုခဏခဏခ်ိတ္လို႔ မိဘဆရာေတြက အခ်စ္ပိုခဲ့ရတဲ့ သမီးေလး ႏွင္းရတီထြန္း …

လက္ရွိ Novel ပုဂၢလိကေက်ာင္းမွာ ၇တန္းတက္ေနၿပီး ၿပီးခဲ့တဲ့ စေနေန႔အထိ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ရႊင္စြာ ေက်ာင္းတက္ေဆာ့ကစားႏိုင္ခဲ့တဲ့ သမီးေလး …

၁၈.၈.၂၀၁၉ တနဂၤေႏြေန႔ မနက္ ၆ နာရီစၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ သူ႔ဘဝေလးထဲ ၿဂိဳလ္ဆိုးစဝင္ခဲ့တယ္လို႔ဘဲ ဆို ပါ ရေစ ေတာ့ ….

ျဖစ္စဥ္ကဒီလ္ို ….

သမီးေလးရဲ႕ရင္သားမွာ အႀကိတ္ေလးေတြ႕လို႔ မႏၲေလးၿမိဳ႕ရဲ႕ နာမည္ႀကီးေဆးရံုတစ္ခုမွာ ၁၁.၈.၂၀၁၉ ေန႔မွာ သြားျပျဖစ္တယ္ ၁၂.၈.၂၀၁၉ ေန႔ အသားစထုတ္ၿပီး စစ္ေဆးခဲ့တယ္ ကင္ဆာအႀကိတ္မဟုတ္ေပမယ့္ ေရာဂါတစ္မ်ိဳး လို႔ ေခါင္းစဥ္တပ္ၿပီး ၁၈.၈.၂၀၁၉ မွာ ခြဲစိတ္ဖို႔ ဒိတ္ေပးခဲ့တယ္ ….

၁၇.၈.၂၀၁၉ စေနေန႔အထိ ေက်ာင္းတက္ၿပီး သူငယ္ခ်င္းေတြနဲ႔ ေဆာ့ကစားႏိုင္ခဲ့တဲ့ ကေလးတစ္ေယာက္ဟာ ၁၈.၈.၂၀၁၉ တနဂၤေႏြေန႔ မနက္ ၆ နာရီမွာ ခြဲခန္းစဝင္ခဲ့ပါတယ္ ၇နာရီခြဲေလာက္မွာ ကေလးဆီက ခြဲထုတ္ခဲ့တဲ့ အႀကိတ္ေလးကို မိဘေတြဆီ ယူလာၿပီး ျပသကာ ကေလးအေျခအေနေကာင္းပါတယ္လို႔ ေျပာပါတယ္ ….

၉ နာရီေလာက္က်ေတာ့ ကေလးႏွလံုးခုန္ျမန္ေနလို႔ ေဆးေပးထားရတယ္လို႔လာေျပာကာ မစိုးရိမ္ၾကဖို႔ ထြက္လာေျပာခဲ့ျပန္တယ္ ၁၀နာရီ ေလာက္ထိ ခြဲခန္းက ထြက္မလားေသးေတာ့ မိဘေတြ စိတ္ စၿပီး ပူခဲ့ၿပီေလ …

ခြဲခန္းထဲက ထြက္လာသမွ် ေဆးရံုးဝန္ထမ္းေတြကို သမီးေလးအေျခအေန ေမးခဲ့ၾကေပမယ့္လည္း ဆရာဝန္ႀကီး ထြက္လာမွ ေျပာပါလိမ့္မယ္လို႔ဘဲ ေျပာကာ အေျခေနမွန္ကို ဖြင့္မေျပာခဲ့ၾကဘူး ….

၁၁ နာရီေလာက္ထိ သမီးေလးက ထြက္မလာ ေမးျမန္းမရလဲ ျဖစ္ေနလို႔အေဒၚလုပ္တဲ့သူက ခြဲခန္းထဲကို ဇြတ္တိုးဝင္သြားေတာ့ မွ အေျခေနမွန္ကို သိခဲ့ရတဲ့အခ်ိန္မွာေတာ့ သမီးေလးဟာ အက်ႌျပန္ဝတ္လို႔မရေလာက္ေအာင္ေတာင့္ခဲလို႔ ေနခဲ့ပါၿပီ …

အေျခေနမွန္ကို လံုးဝအသိမေပးဘဲ ႀကိတ္ရွင္းေနၾကတာ ဘယ္ေလာက္ေတာင္ၾကာသြားၿပီလဲဆိုတာ စဥ္းစားသာၾကည့္ၾကပါေတာ့ဗ်ာ …

မိဘေတြမွာေတာ့ အ႐ူးမီးဝိုင္းၿပီး လက္ရွိအေျခေနကို လက္ခံဖို႔ဆိုတာ စဥ္းစားလို႔ေတာင္ မရႏိုင္ေလာက္ေတာ့ဘူး ခြဲခန္းထဲ အေကာင္းအတိုင္းဝင္သြားခဲ့ၿပီး သက္မဲ့ခႏၶာကိုယ္နဲ႔ အျပင္ကိုေရာက္လာခဲ့တဲ့ သူတို႔သမီးေလးကို ဘယ္လိုစိတ္မ်ိဳးနဲ႔လက္ခံေပးႏိုင္မလဲ …

ဟုတ္ၿပီ တစ္စံုတစ္ခုေတာ့ အေၾကာင္းတစ္ခုခုေၾကာင့္ ဆံုးခဲ့ရၿပီ ေဆးရံုဘက္က ေျဖရွင္းပံုဘက္ လွည့္ၾကည့္ရေအာင္ ….

ဘာ့ေၾကာင့္ဆံုးသြားခဲ့လဲဆိုတာ လက္ရွ္ိ အခ်ိန္ထိ ေျဖရွင္းထားခ်င္း မရွိေသးသလို လူမႈေရးအရလည္း နာေရးအိမ္ကို လာေရာက္ ေမးျမန္းျခင္းလည္း မရွိေသးပါဘူး…

ခြဲစိတ္ခန္းထုတ္လာတုန္း မိဘေတြကို လက္မွတ္ထိုးဖို႔ေျပာလို႔ ထူပူေနအခ်ိန္မို႔ ဘာေရးထားမွန္းမသိဘဲ လက္မွတ္ေတာ့ ထိုးလိုက္ရတယ္ …

( လက္ရွိအခ်ိန္မွာ ၁၉.၈.၂၀၁၉ ည ၁၀ နာရီအထိ သမီးေလးဖခင္ဟာ ဘာေၾကာင့္ ဆံုးပါးသြားရလဲဆိုတာ သိဖို႔အေရး ဆရာဝန္ႀကီးကို ေစာင့္ေနရတုန္းပါ ဤသည္ကား…စကားခ်ပ္ )

ခြဲစိတ္ေနတုန္းမွာ ဆံုးပါးသြားတဲ့အတြက္ ခြဲစိတ္ခ မယူတာရယ္ အိမ္ကို ေဆးရံုကားနဲ႔ အခမဲ့ လိုက္ပို႔ေပးတာကလြဲၿပီး လူမႈေရးအရ လာေရာက္ေမးျမန္းညွိ႕နိႈင္းျခင္း လံုးဝ မရွိေသးပါ …

မနက္ျဖန္ ၂၀.၈.၂၀၁၉ မနက္ ၁၀ နာရီဆို သမီးေလးနာေရး ပို႔ရေတာ့မယ္ ဘာေၾကာင့္ဆံုးလို႔ ဆံုးရမွန္းမသ္ိေတာ့ မိဘေတြ မွာ အပူမီးေတြဝိုင္းေနၿပီ ေဆးရံုဘက္ကလဲ တာဝန္ယူမႈ တာဝန္ခံမႈ လံုးဝမရွ္ိ ….

လံုးဝမျဖစ္သင့္ဘူး ထင္ပါတယ္

စဥ္းစားသာ ၾကည့္ေပးၾကပါေတာ့ဗ်ာ … 😢

#Ka_Thar_Nyi

( သားသမီးခ်င္း ကိုယ္ခ်င္းစာ၍ ေရးသည္ )

……………………………

unicode

နှစ်စဉ်ကျောင်းမှာ ပထမဆုခဏခဏချိတ်လို့ မိဘဆရာတွေက အချစ်ပိုခဲ့ရတဲ့ သမီးလေး နှင်းရတီထွန်း …

လက်ရှိ Novel ပုဂ္ဂလိကကျောင်းမှာ ရတန်းတက်နေပြီး ပြီးခဲ့တဲ့ စနေနေ့အထိ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ ကျောင်းတက်ဆော့ကစားနိုင်ခဲ့တဲ့ သမီးလေး …

၁၈.၈.၂၀၁၉ တနင်္ဂနွေနေ့ မနက် ၆ နာရီစပြီး ပျော်ရွှင်စရာကောင်းတဲ့ သူ့ဘဝလေးထဲ ဂြိုလ်ဆိုးစဝင်ခဲ့တယ်လို့ဘဲ ဆို ပါ ရစေ တော့ ….

ဖြစ်စဉ်ကဒီလ်ို ….

သမီးလေးရဲ့ရင်သားမှာ အကြိတ်လေးတွေ့လို့ မန္တလေးမြို့ရဲ့ နာမည်ကြီးဆေးရုံတစ်ခုမှာ ၁၁.၈.၂၀၁၉ နေ့မှာ သွားပြဖြစ်တယ် ၁၂.၈.၂၀၁၉ နေ့ အသားစထုတ်ပြီး စစ်ဆေးခဲ့တယ် ကင်ဆာအကြိတ်မဟုတ်ပေမယ့် ရောဂါတစ်မျိုး လို့ ခေါင်းစဉ်တပ်ပြီး ၁၈.၈.၂၀၁၉ မှာ ခွဲစိတ်ဖို့ ဒိတ်ပေးခဲ့တယ် ….

၁၇.၈.၂၀၁၉ စနေနေ့အထိ ကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့ ဆော့ကစားနိုင်ခဲ့တဲ့ ကလေးတစ်ယောက်ဟာ ၁၈.၈.၂၀၁၉ တနင်္ဂနွေနေ့ မနက် ၆ နာရီမှာ ခွဲခန်းစဝင်ခဲ့ပါတယ် ရနာရီခွဲလောက်မှာ ကလေးဆီက ခွဲထုတ်ခဲ့တဲ့ အကြိတ်လေးကို မိဘတွေဆီ ယူလာပြီး ပြသကာ ကလေးအခြေအနေကောင်းပါတယ်လို့ ပြောပါတယ် ….

၉ နာရီလောက်ကျတော့ ကလေးနှလုံးခုန်မြန်နေလို့ ဆေးပေးထားရတယ်လို့လာပြောကာ မစိုးရိမ်ကြဖို့ ထွက်လာပြောခဲ့ပြန်တယ် ၁ဝနာရီ လောက်ထိ ခွဲခန်းက ထွက်မလားသေးတော့ မိဘတွေ စိတ် စပြီး ပူခဲ့ပြီလေ …

ခွဲခန်းထဲက ထွက်လာသမျှ ဆေးရုံးဝန်ထမ်းတွေကို သမီးလေးအခြေအနေ မေးခဲ့ကြပေမယ့်လည်း ဆရာဝန်ကြီး ထွက်လာမှ ပြောပါလိမ့်မယ်လို့ဘဲ ပြောကာ အခြေနေမှန်ကို ဖွင့်မပြောခဲ့ကြဘူး ….

၁၁ နာရီလောက်ထိ သမီးလေးက ထွက်မလာ မေးမြန်းမရလဲ ဖြစ်နေလို့အဒေါ်လုပ်တဲ့သူက ခွဲခန်းထဲကို ဇွတ်တိုးဝင်သွားတော့ မှ အခြေနေမှန်ကို သိခဲ့ရတဲ့အချိန်မှာတော့ သမီးလေးဟာ အကျႌပြန်ဝတ်လို့မရလောက်အောင်တောင့်ခဲလို့ နေခဲ့ပါပြီ …

အခြေနေမှန်ကို လုံးဝအသိမပေးဘဲ ကြိတ်ရှင်းနေကြတာ ဘယ်လောက်တောင်ကြာသွားပြီလဲဆိုတာ စဉ်းစားသာကြည့်ကြပါတော့ဗျာ …

မိဘတွေမှာတော့ အရူးမီးဝိုင်းပြီး လက်ရှိအခြေနေကို လက်ခံဖို့ဆိုတာ စဉ်းစားလို့တောင် မရနိုင်လောက်တော့ဘူး ခွဲခန်းထဲ အကောင်းအတိုင်းဝင်သွားခဲ့ပြီး သက်မဲ့ခန္ဓာကိုယ်နဲ့ အပြင်ကိုရောက်လာခဲ့တဲ့ သူတို့သမီးလေးကို ဘယ်လိုစိတ်မျိုးနဲ့လက်ခံပေးနိုင်မလဲ …

ဟုတ်ပြီ တစ်စုံတစ်ခုတော့ အကြောင်းတစ်ခုခုကြောင့် ဆုံးခဲ့ရပြီ ဆေးရုံဘက်က ဖြေရှင်းပုံဘက် လှည့်ကြည့်ရအောင် ….

ဘာ့ကြောင့်ဆုံးသွားခဲ့လဲဆိုတာ လက်ရှ်ိ အချိန်ထိ ဖြေရှင်းထားချင်း မရှိသေးသလို လူမှုရေးအရလည်း နာရေးအိမ်ကို လာရောက် မေးမြန်းခြင်းလည်း မရှိသေးပါဘူး…

ခွဲစိတ်ခန်းထုတ်လာတုန်း မိဘတွေကို လက်မှတ်ထိုးဖို့ပြောလို့ ထူပူနေအချိန်မို့ ဘာရေးထားမှန်းမသိဘဲ လက်မှတ်တော့ ထိုးလိုက်ရတယ် …

( လက်ရှိအချိန်မှာ ၁၉.၈.၂၀၁၉ ည ၁၀ နာရီအထိ သမီးလေးဖခင်ဟာ ဘာကြောင့် ဆုံးပါးသွားရလဲဆိုတာ သိဖို့အရေး ဆရာဝန်ကြီးကို စောင့်နေရတုန်းပါ ဤသည်ကား…စကားချပ် )

ခွဲစိတ်နေတုန်းမှာ ဆုံးပါးသွားတဲ့အတွက် ခွဲစိတ်ခ မယူတာရယ် အိမ်ကို ဆေးရုံကားနဲ့ အခမဲ့ လိုက်ပို့ပေးတာကလွဲပြီး လူမှုရေးအရ လာရောက်မေးမြန်းညှိ့နှိုင်းခြင်း လုံးဝ မရှိသေးပါ …

မနက်ဖြန် ၂၀.၈.၂၀၁၉ မနက် ၁၀ နာရီဆို သမီးလေးနာရေး ပို့ရတော့မယ် ဘာကြောင့်ဆုံးလို့ ဆုံးရမှန်းမသ်ိတော့ မိဘတွေ မှာ အပူမီးတွေဝိုင်းနေပြီ ဆေးရုံဘက်ကလဲ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှ်ိ ….

လုံးဝမဖြစ်သင့်ဘူး ထင်ပါတယ်

စဉ်းစားသာ ကြည့်ပေးကြပါတော့ဗျာ … 😢

#Ka_Thar_Nyi

( သားသမီးချင်း ကိုယ်ချင်းစာ၍ ရေးသည် )