Button Text! Submit original article and get paid. Find out More

ဓမၼတာလာတဲ့ ေက်ာင္းသူကုိ ဆရာက အရွက္ခြဲၿပီးႏွင္ထုတ္ခဲ့လုိ႔ ေက်ာင္းသူေလး သတ္ေသ

ဓမၼတာလာတာဟာ မိန္းမတုိ႔ သဘာဝပါ။ ဓမၼတာလာတာလုိ႔ပဲ ေျပာေျပာ၊ ရာသီလာတယ္လုိ႔ပဲ ေခၚေခၚ၊ ဥတုပန္းပြင့္တယ္လုိ႔ပဲ ဆုိဆုိ ဒါဟာ သဘာဝတရားႀကီးမုိ႔ ဘယ္လုိအေၾကာင္းနဲ႔မွ ေလာင္ေျပာင္ဖုိ႔ မသင့္တဲ့ကိစၥပါ။ ယဥ္ေက်းမႈ မထြန္းကားတဲ့၊ အယူဝါဒသည္းလြန္းတဲ့ ပတ္ဝန္းက်င္မွာ ဒါဟာ ရယ္စရာ၊

ေလွာင္စရာ၊ ညစ္ပတ္တဲ့ကိစၥလုိ႔ ထင္ေနၾကပါတယ္။ အိႏၵိယရဲ႕ ေဝးလံသီေခါင္တဲ့ ေဒသေတြမွာ ဓမၼတာလာတဲ့ အမ်ိဳးသမီးဆုိ ယုတ္ညံ့တယ္ဆုိၿပီး ရြာျပင္ကုိထုတ္တဲ့ဓေလ့ဟာ အခုထက္ထိ ရွိေနဆဲပါ။ ဒီလုိပဲ တစ္ခ်ိဳ႕ဆုိ အမ်ိဳးသမီးေတြ ရာသီလာတာ ျမင္တဲ့ အမ်ိဳးသား ကံမေကာင္းတတ္ဘူးလုိ႔ မဆီမဆုိင္ ေတြးတတ္သူေတြ ရွိပါတယ္။

အခုလည္း ကင္ညာႏုိင္ငံက ေက်ာင္းတစ္ခုမွာ အသက္(၁၄)ႏွစ္အရြယ္ ေက်ာင္းသူမေလးတစ္ေယာက္ ဓမၼတာလာတဲ့ကိစၥကို ဆရာက အတန္းေရွ႕ေခၚ အရွက္ခြဲၿပီး ” အလြန္ ရြံစရာေကာင္းသူ၊ အလြန္ညစ္ပတ္သူ၊ ေက်ာင္းထဲမွာ မရွိထုိက္သူ”လုိ႔ ေျပာဆုိ မာန္မဲကာ ေမာင္းထုတ္ခဲ့ပါသတဲ့။

အပ်ိဳေဖာ္ဝင္စ ကေလးမေလးက ရွက္လြန္းလုိ႔ အဲဒီညမွာပဲ သူမကိုယ္သူမ သတ္ေသသြားခဲ့ပါတယ္။ ရြာသား(၂၀၀)ေလာက္ဟာ မခံႏုိင္လြန္းလုိ႔ အဲဒီဆရာ စာသင္တဲ့ေက်ာင္းကုိ ဝင္စီးၿပီး ဖ်က္ဆီးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ေက်ာင္းကို ရဲေတြက တာဝန္ယူပိတ္ထားရၿပီး၊ အခင္းျဖစ္စဥ္ကိုလည္း စစ္ေဆးေနပါသတဲ့။

ကေလးမေလးရဲ႕နာမည္မွာ Jackline Chepngeno ျဖစ္ၿပီး၊ သူမရဲ႕မိခင္ Beatrice Koech ကေတာ့ ဒီကိစၥကုိ နည္းနည္းမွ မေက်နပ္ဘူးလုိ႔ ေျပာပါတယ္။ ေလွာင္ေျပာင္ေမာင္းထုတ္ခဲ့တဲ့ ေက်ာင္းဆရာကေတာ့ ဘယ္လုိအေျခအေနရွိတယ္ဆုိတာ မသိရပါဘူး။

ကင္ညာရဲ႕ေက်းလက္ေဒသေတြမွာ အလြန္ဆင္းရဲၾကလုိ႔ အမ်ိဳးသမီးေတြဟာ လစဥ္သုံးဂြမ္းထုတ္နဲ႔ ဝါဂြမ္းတံေတြ ဝယ္မသုံးႏုိင္ၾကပါဘူး။ သူတုိ႔ဟာ သတင္းစာအေဟာင္းနဲ႔ အဝတ္စုတ္ေတြကို သုံးရပါတယ္။ UN က လုိအပ္တဲ့ေထာက္ပံ့မႈေတြ လုပ္ေနပမယ့္ အဂတိမကင္းတဲ့ အဲဒီလုိေဒသမွာ ျပည္သူေတြက အက်ိဳးခံစားခြင့္ အလြန္နည္းပါေသးတယ္။

ေနသူရိန္ D Nae Khit Media

…………………………………….

unicode

ဓမ္မတာလာတာဟာ မိန်းမတို့ သဘာဝပါ။ ဓမ္မတာလာတာလို့ပဲ ပြောပြော၊ ရာသီလာတယ်လို့ပဲ ခေါ်ခေါ်၊ ဥတုပန်းပွင့်တယ်လို့ပဲ ဆိုဆို ဒါဟာ သဘာဝတရားကြီးမို့ ဘယ်လိုအကြောင်းနဲ့မှ လောင်ပြောင်ဖို့ မသင့်တဲ့ကိစ္စပါ။ ယဉ်ကျေးမှု မထွန်းကားတဲ့၊ အယူဝါဒသည်းလွန်းတဲ့ ပတ်ဝန်းကျင်မှာ ဒါဟာ ရယ်စရာ၊

လှောင်စရာ၊ ညစ်ပတ်တဲ့ကိစ္စလို့ ထင်နေကြပါတယ်။ အိန္ဒိယရဲ့ ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ ဓမ္မတာလာတဲ့ အမျိုးသမီးဆို ယုတ်ညံ့တယ်ဆိုပြီး ရွာပြင်ကိုထုတ်တဲ့ဓလေ့ဟာ အခုထက်ထိ ရှိနေဆဲပါ။ ဒီလိုပဲ တစ်ချို့ဆို အမျိုးသမီးတွေ ရာသီလာတာ မြင်တဲ့ အမျိုးသား ကံမကောင်းတတ်ဘူးလို့ မဆီမဆိုင် တွေးတတ်သူတွေ ရှိပါတယ်။

အခုလည်း ကင်ညာနိုင်ငံက ကျောင်းတစ်ခုမှာ အသက်(၁၄)နှစ်အရွယ် ကျောင်းသူမလေးတစ်ယောက် ဓမ္မတာလာတဲ့ကိစ္စကို ဆရာက အတန်းရှေ့ခေါ် အရှက်ခွဲပြီး ” အလွန် ရွံစရာကောင်းသူ၊ အလွန်ညစ်ပတ်သူ၊ ကျောင်းထဲမှာ မရှိထိုက်သူ”လို့ ပြောဆို မာန်မဲကာ မောင်းထုတ်ခဲ့ပါသတဲ့။

အပျိုဖော်ဝင်စ ကလေးမလေးက ရှက်လွန်းလို့ အဲဒီညမှာပဲ သူမကိုယ်သူမ သတ်သေသွားခဲ့ပါတယ်။ ရွာသား(၂၀၀)လောက်ဟာ မခံနိုင်လွန်းလို့ အဲဒီဆရာ စာသင်တဲ့ကျောင်းကို ဝင်စီးပြီး ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျောင်းကို ရဲတွေက တာဝန်ယူပိတ်ထားရပြီး၊ အခင်းဖြစ်စဉ်ကိုလည်း စစ်ဆေးနေပါသတဲ့။

ကလေးမလေးရဲ့နာမည်မှာ Jackline Chepngeno ဖြစ်ပြီး၊ သူမရဲ့မိခင် Beatrice Koech ကတော့ ဒီကိစ္စကို နည်းနည်းမှ မကျေနပ်ဘူးလို့ ပြောပါတယ်။ လှောင်ပြောင်မောင်းထုတ်ခဲ့တဲ့ ကျောင်းဆရာကတော့ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ မသိရပါဘူး။

ကင်ညာရဲ့ကျေးလက်ဒေသတွေမှာ အလွန်ဆင်းရဲကြလို့ အမျိုးသမီးတွေဟာ လစဉ်သုံးဂွမ်းထုတ်နဲ့ ဝါဂွမ်းတံတွေ ဝယ်မသုံးနိုင်ကြပါဘူး။ သူတို့ဟာ သတင်းစာအဟောင်းနဲ့ အဝတ်စုတ်တွေကို သုံးရပါတယ်။ UN က လိုအပ်တဲ့ထောက်ပံ့မှုတွေ လုပ်နေပမယ့် အဂတိမကင်းတဲ့ အဲဒီလိုဒေသမှာ ပြည်သူတွေက အကျိုးခံစားခွင့် အလွန်နည်းပါသေးတယ်။

နေသူရိန် D Nae Khit Medi

Leave a Reply