Button Text! Submit original article and get paid. Find out More

အမွတ္တမဲ့ကေန (၂)ႏွစ္သမီးေလးက ျပန္သတ္သလိုျဖစ္ခဲ့တဲ့ အေမတစ္ေရာက္ရဲ႕အျဖစ္

ေနာက္ဆံုးေပၚ ကားအေကာင္းစားေတြစီးရတာကလည္း တစ္ခါတေလမွာ မထင္မွတ္ထားတဲ့ ကိစၥရပ္တခ်ိဳ႕ေတြကို သတိျပဳႏိုင္မွ ေတာ္ကာက်ပါမယ္။ တစ္ခါတေလမွာ ကိုယ့္ပစၥည္းနဲ႔ကိုယ့္ ဒုကၡေပးသလိုျဖစ္ေနတတ္တာကို APANNPYAY ပရိသတ္ၾကီး ဂရုစိုက္ႏုိင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

နာမည္ၾကီး သတင္းစာ The Sun က ေဖာ္ျပခဲ့တဲ့ သတင္းတစ္ခုက ပရိတစ္ခုကို APANNPYAY ရဲ႕နားလည္မႈအရ အမ်ိဳးသမီးတစ္ဦးဟာ ကားျပတင္းေပါက္ညွပ္ခံရတဲ့ ဒဏ္ရာနဲ႔ ေသဆံုးခဲ့တယ္လို႔ သိရပါတယ္။ ျဖစ္စဥ္အေသးစိတ္အေနနဲ႔ ပံုျပန္ေဖာ္ရရင္ ကားထဲမွာရွိတဲ့ (၂)ႏွစ္သမီးေလးကို (၂၁)ႏွစ္အရြယ္ အေမျဖစ္သူကေန အျပင္ကို ေခၚဖို႔ ၾကိဳးစားခဲ့ပါတယ္။

ကားတံခါးဖြင္းျပီးခေၚရမွာကို ျပတင္းေပါက္ကေနပဲ မခ်ီဖို႔ ၾကိဳးစားလိုက္ခ်ိန္မွာ ကေလးကအျပင္ကိုပါလာပါတယ္။ ရုတ္တရက္ဆိုသလို ျပတင္းေပါက္တက္လာတာကို ျမင္လိုက္ရခ်ိန္မွာ ကေလးကို ကားထဲျပန္တြင္းခ်လိုက္ျပီး၊ သူမက ျပန္အထြက္မွာ လည္ပင္းကညွပ္သြားပါတယ္။ အေပၚေဘာင္နဲ႔ ေအာက္ပင့္တက္လာတဲ့မွန္က လည္ပင္းကို ျဖတ္သလိုျဖစ္ေနျပီး၊

အထဲကေန မွန္ကိုျပန္ခ်လို႔မရတဲ့အေနအထားက အမ်ိဳးသမီးေခါင္းကို ေသြးေၾကာလည္ပတ္မႈေတြ ထိခိုက္လာပါတယ္။ အိမ္ထဲကို အရင္၀င္သြားတဲ့ ေယာက်္ားျဖစ္သူက အသံၾကားလို႔ ျပန္လာခ်ိန္မွာ ကားတံခါးက ဖြင့္လို႔မရပါဘူး။ ေနာက္ဆံုးမွာ ကားျပတင္းေပါက္ကို ရိုက္ခြဲျပီးလြတ္ေစခဲ့ပါတယ္။ အခိ်န္ကာလက ဘယ္ေလာက္ၾကာေအာင္ညွပ္ျပီးမွ လြတ္လာတာလာကို မေဖာ္ျပထားပါဘူး။

အေရးေပၚအေနအထားနဲ႔ ေဆးရံုကိုေရာက္ခဲ့ခ်ိန္မွာ လည္ပင္းအတင္းညွစ္ခံရျပီး၊ ဦးေႏွာက္ထိခိုက္တဲ့ဒဏ္ asphyxia ကိုရသြားတဲ့အတြက္ ေဆးရံုမွာ အေရးေပၚလူနာအေနနဲ႔ (၈)ရက္ၾကာကုသခဲ့ရပါတယ္။ ကုသေနရင္းနဲ႔ ဦးေႏွာက္ထဲက ေသြးေၾကာေလးေတြေသြးမစီးႏိုင္တဲ့ေနာက္မွာ ေသဆံုးခဲ့ပါတယ္။ ရဲေတြက အျဖစ္အပ်က္ကို စံုစမ္းေနျပီး ေယဘုယ်သံုးသပ္ခ်က္မွာ

ကေလးကို ခ်ီခဲ့ခ်ိန္မွာ ေျခေထာက္က တံခါးမွန္တင္တဲ့ခလုတ္ကို ႏွိပ္မိခဲ့ပံုရတယ္လို႔ ဆိုခဲ့ပါတယ္။ ျပတင္းေပါက္ညွပ္ေနခ်ိန္မွာ ကားထဲမွာ(၂)ႏွစ္သမီးေလးနဲ႔ ညွပ္ေနတဲ့တန္းလန္းအမ်ိဳးသမီးပဲရွိသလို ကားတံခါးကုိမွန္တင္ထားတဲ့ လကၡဏာပါေတြ႔တာပါ။

ရုရွားႏုိင္ငံမွာျဖစ္ခဲ့တာျဖစ္ျပီး၊ ကားအမ်ိဳးအစားက BMW E34 ျဖစ္တယ္လို႔ သိရပါတယ္။ ပရိသတ္ေတြ မေပါ့သင့္တဲ့ ကိစၥမ်ိဳးပါပဲ။

သူေရး (APANNPYAY)

Unicode

အမှတ်တမဲ့ကနေ (၂)နှစ်သမီးလေးက ပြန်သတ်သလိုဖြစ်ခဲ့တဲ့ အမေတစ်ရောက်ရဲ့အဖြစ်

နောက်ဆုံးပေါ် ကားအကောင်းစားတွေစီးရတာကလည်း တစ်ခါတလေမှာ မထင်မှတ်ထားတဲ့ ကိစ္စရပ်တချို့တွေကို သတိပြုနိုင်မှ တော်ကာကျပါမယ်။ တစ်ခါတလေမှာ ကိုယ့်ပစ္စည်းနဲ့ကိုယ့် ဒုက္ခပေးသလိုဖြစ်နေတတ်တာကို APANNPYAY ပရိသတ်ကြီး ဂရုစိုက်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

နာမည်ကြီး သတင်းစာ The Sun က ဖော်ပြခဲ့တဲ့ သတင်းတစ်ခုက ပရိတစ်ခုကို APANNPYAY ရဲ့နားလည်မှုအရ အမျိုးသမီးတစ်ဦးဟာ ကားပြတင်းပေါက်ညှပ်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အသေးစိတ်အနေနဲ့ ပုံပြန်ဖော်ရရင် ကားထဲမှာရှိတဲ့ (၂)နှစ်သမီးလေးကို (၂၁)နှစ်အရွယ် အမေဖြစ်သူကနေ အပြင်ကို ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။

ကားတံခါးဖွင်းပြီးခေါ်ရမှာကို ပြတင်းပေါက်ကနေပဲ မချီဖို့ ကြိုးစားလိုက်ချိန်မှာ ကလေးကအပြင်ကိုပါလာပါတယ်။ ရုတ်တရက်ဆိုသလို ပြတင်းပေါက်တက်လာတာကို မြင်လိုက်ရချိန်မှာ ကလေးကို ကားထဲပြန်တွင်းချလိုက်ပြီး၊ သူမက ပြန်အထွက်မှာ လည်ပင်းကညှပ်သွားပါတယ်။ အပေါ်ဘောင်နဲ့ အောက်ပင့်တက်လာတဲ့မှန်က လည်ပင်းကို ဖြတ်သလိုဖြစ်နေပြီး၊

အထဲကနေ မှန်ကိုပြန်ချလို့မရတဲ့အနေအထားက အမျိုးသမီးခေါင်းကို သွေးကြောလည်ပတ်မှုတွေ ထိခိုက်လာပါတယ်။ အိမ်ထဲကို အရင်ဝင်သွားတဲ့ ယောကျ်ားဖြစ်သူက အသံကြားလို့ ပြန်လာချိန်မှာ ကားတံခါးက ဖွင့်လို့မရပါဘူး။ နောက်ဆုံးမှာ ကားပြတင်းပေါက်ကို ရိုက်ခွဲပြီးလွတ်စေခဲ့ပါတယ်။ အချိန်ကာလက ဘယ်လောက်ကြာအောင်ညှပ်ပြီးမှ လွတ်လာတာလာကို မဖော်ပြထားပါဘူး။

အရေးပေါ်အနေအထားနဲ့ ဆေးရုံကိုရောက်ခဲ့ချိန်မှာ လည်ပင်းအတင်းညှစ်ခံရပြီး၊ ဦးနှောက်ထိခိုက်တဲ့ဒဏ် asphyxia ကိုရသွားတဲ့အတွက် ဆေးရုံမှာ အရေးပေါ်လူနာအနေနဲ့ (၈)ရက်ကြာကုသခဲ့ရပါတယ်။ ကုသနေရင်းနဲ့ ဦးနှောက်ထဲက သွေးကြောလေးတွေသွေးမစီးနိုင်တဲ့နောက်မှာ သေဆုံးခဲ့ပါတယ်။ ရဲတွေက အဖြစ်အပျက်ကို စုံစမ်းနေပြီး ယေဘုယျသုံးသပ်ချက်မှာ

ကလေးကို ချီခဲ့ချိန်မှာ ခြေထောက်က တံခါးမှန်တင်တဲ့ခလုတ်ကို နှိပ်မိခဲ့ပုံရတယ်လို့ ဆိုခဲ့ပါတယ်။ ပြတင်းပေါက်ညှပ်နေချိန်မှာ ကားထဲမှာ(၂)နှစ်သမီးလေးနဲ့ ညှပ်နေတဲ့တန်းလန်းအမျိုးသမီးပဲရှိသလို ကားတံခါးကိုမှန်တင်ထားတဲ့ လက္ခဏာပါတွေ့တာပါ။

ရုရှားနိုင်ငံမှာဖြစ်ခဲ့တာဖြစ်ပြီး၊ ကားအမျိုးအစားက BMW E34 ဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေ မပေါ့သင့်တဲ့ ကိစ္စမျိုးပါပဲ။

သူရေး (APANNPYAY)

Leave a Reply