Button Text! Submit original article and get paid. Find out More

ဆရာမေလးေတြနဲ႔ခ်စ္သူျဖစ္သြားတဲ့အခါ ရရွိႏိုင္တဲ့ အက်ိဳးေက်းဇူး (၅)ခု

ဆရာမေလးေတြဆိုတာ ၾကည့္လိုက္ရင္ ယဥ္ယဥ္ေလးနဲ႔ လွေနၾကသူေတြလို႔ ခံစားရတယ္မို႔လား။ ဆရာမဝတ္စုံေလးနဲ႔၊ ဆြဲျခင္းေတာင္းေလးကိုင္ၿပီး၊ က်က္သေရရွိလြန္းတဲ့ ဆရာမေလးေတြလည္း အမ်ားႀကီးပဲေလ။ တခ်ိဳ႕ကေတာ့ ဆရာမေလးေတြနဲ႔ ခ်စ္သူျဖစ္ရင္ ကေလးေတြကို ဆူသလိုမ်ိဳး အဆူခံရမယ္၊ ပူညံပူညံလုပ္ၾကမယ္လို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ အဲဒီလိုမဟုတ္ပါဘူး။ သူတို႔မွာလည္း သူတို႔ေကာင္းကြက္ေလးေတြနဲ႔သူတို႔ပါ။ အဲဒီအခ်က္ေလးေတြကိုသာ သိထားရင္ ေနာက္ဆို ဆရာမေလးေတြကိုပဲ ႀကိဳက္ဖို႔ စဥ္းစားေတာ့မွာ ေသခ်ာသေလာက္ပါပဲ….

(၁)။ သူတို႔က စဥ္းစားခ်င့္ခ်ိန္တတ္တယ္

ဆရာမေတြဆိုတာ တျခားသူေတြအေပၚ ပညာေတြ မွ်ေဝေပးရတဲ့သူေတြျဖစ္ၾကလို႔ သူတို႔ကိုယ္တိုင္လည္း တစ္ခုခုဆို စဥ္းစားခ်င့္ခ်ိန္တတ္ၾကပါတယ္။ မမွားသင့္တဲ့အရာေတြ မမွားရေအာင္ ထိန္းညႇိေပးႏိုင္တယ္၊ ဘာကိုပဲျဖစ္ျဖစ္ အလြန္အကြၽံမျဖစ္ေအာင္ ထိန္းညႇိေပးႏိုင္တယ္။ သူတို႔နဲ႔သာ ခ်စ္သူျဖစ္ရင္ သင့္ဘဝမွာ အမွားႀကီးႀကီးမားမား လုပ္ျဖစ္လိမ့္မယ္လို႔ေတာင္ မထင္ဘူး။

(၂)။ ႏူးညံ့တဲ့ႏွလုံးသားရွိတယ္

ဆရာေတြဆိုတာ ေစတနာ၊ ဝါသနာ၊ အနစ္နာ ဆိုတဲ့ နာ(၃)နာ နဲ႔ စာသင္ေပးၾကသူေတြမဟုတ္လား။ သူတို႔က ကိုယ္ရဖို႔ထက္ ကိုယ့္ဆီက ေပးဖို႔ကိုပဲ အဆင္သင့္ျဖစ္ေနၾကသူေတြျဖစ္ၿပီး ႏူးညံ့တဲ့ႏွလုံးသား ရွိၾကသူေတြပါ။ ဒီေတာ့ သူတို႔နဲ႔ခ်စ္သူျဖစ္ၿပီဆိုရင္ႏူးညံ့တဲ့ႏွလုံးသား ပိုင္ရွင္ေလးေတြနဲ႔ ခ်စ္သူျဖစ္ရမွာမို႔ သင္က အခ်စ္မွာ ပိုၿပီး ေပ်ာ္႐ႊင္ရပါလိမ့္မယ္။

(၃)။ သူစာသင္ေပးေနရတဲ့ ကေလးေတြလိုမ်ိဳး ကိုယ့္ကိုဂ႐ုစိုက္လိမ့္မယ္

ဆရာမေလးေတြဆိုတာက ကေလးေတြကို စာသင္ေပးေနရသူေတြဆိုေတာ့ လူတစ္ေယာက္ကို ဘယ္လို ဂ႐ုစိုက္ရမလဲဆိုတာ ေကာင္းေကာင္းသိထားၿပီးသားေတြေနာ္။ ဒီေတာ့ သူတို႔နဲ႔ခ်စ္သူျဖစ္ရင္ သင့္ကို ဂ႐ုမစိုက္ပဲေနမွာမ်ိဳး၊ သင့္ရဲ႕စိတ္ခံစားခ်က္ကို အေလးမထားတာမ်ိဳး သူတို႔က ဘယ္ေတာ့မွ လုပ္မွာမဟုတ္ဘူး။ ဂ႐ုစိုက္လြန္းလို႔ေတာင္ မေနတတ္ မထိုင္တတ္ေတြ ျဖစ္ေနရလိမ့္ဦးမယ္။

(၄)။ တစ္ဖက္သားနားဝင္ေအာင္ ဘယ္လိုေျပာရမလဲဆိုတာ ေကာင္းေကာင္းသိတယ္

သူတို႔က သူတို႔တပည့္ေတြကို ဆုံးမေနၾကဆိုေတာ့ တစ္ဖက္သားနားဝင္ေအာင္ ဘယ္လိုေျပာရမလဲဆိုတာ ေကာင္းေကာင္းသိတယ္။ ကိုယ္က မဟုတ္တာ တစ္ခုခုလုပ္ထားလို႔ သူတို႔က ပြဲၾကမ္းမယ့္သူမ်ိဳးေတြမဟုတ္ဘူး၊ ကိုယ္လုပ္ခဲ့တာရဲ႕ အက်ိဳးေတြ၊ အျပစ္ေတြကို ေအးေအးေဆးေဆးေထာက္ျပၿပီးေဆြးေႏြးေပးမယ့္ သူမ်ိဳးေတြ။

(၅)။ သူတို႔က ကိုယ္ေပ်ာ္႐ႊင္ဖို႔ထက္ သူတပါးေပ်ာ္႐ႊင္ဖို႔ကိုသာ ဦးစားေပးတတ္သူေတြ

ဆရာမေလးေတြ ျမင္ဖူးတယ္မို႔လား။ သူတို႔ရဲ႕တပည့္ေတြ စာေမးပြဲကို အမွတ္ေကာင္းေကာင္းနဲ႔ေအာင္ရင္ သူတို႔ေအာင္သလိုမ်ိဳး ေပ်ာ္ေနတတ္သူေတြေလ။ သူတို႔က ကိုယ္ေပ်ာ္႐ႊင္ဖို႔ထက္ သူတပါးေပ်ာ္႐ႊင္ဖို႔ကိုသာ ဦးစားေပးတတ္တဲ့သူမ်ိဳးေတြပါ။ ဒီေတာ့ သူတို႔ေၾကာင့္ သင္ေပ်ာ္ရလိမ့္မယ္ဆိုတာလည္း ေျမႀကီးလက္ခတ္မလြဲပါပဲ။

crd ShweMom

……………………………….

unicode

ဆရာမလေးတွေဆိုတာ ကြည့်လိုက်ရင် ယဉ်ယဉ်လေးနဲ့ လှနေကြသူတွေလို့ ခံစားရတယ်မို့လား။ ဆရာမဝတ်စုံလေးနဲ့၊ ဆွဲခြင်းတောင်းလေးကိုင်ပြီး၊ ကျက်သရေရှိလွန်းတဲ့ ဆရာမလေးတွေလည်း အများကြီးပဲလေ။ တချို့ကတော့ ဆရာမလေးတွေနဲ့ ချစ်သူဖြစ်ရင် ကလေးတွေကို ဆူသလိုမျိုး အဆူခံရမယ်၊ ပူညံပူညံလုပ်ကြမယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ကောင်းကွက်လေးတွေနဲ့သူတို့ပါ။ အဲဒီအချက်လေးတွေကိုသာ သိထားရင် နောက်ဆို ဆရာမလေးတွေကိုပဲ ကြိုက်ဖို့ စဉ်းစားတော့မှာ သေချာသလောက်ပါပဲ….

(၁)။ သူတို့က စဉ်းစားချင့်ချိန်တတ်တယ်

ဆရာမတွေဆိုတာ တခြားသူတွေအပေါ် ပညာတွေ မျှဝေပေးရတဲ့သူတွေဖြစ်ကြလို့ သူတို့ကိုယ်တိုင်လည်း တစ်ခုခုဆို စဉ်းစားချင့်ချိန်တတ်ကြပါတယ်။ မမှားသင့်တဲ့အရာတွေ မမှားရအောင် ထိန်းညှိပေးနိုင်တယ်၊ ဘာကိုပဲဖြစ်ဖြစ် အလွန်အကျွံမဖြစ်အောင် ထိန်းညှိပေးနိုင်တယ်။ သူတို့နဲ့သာ ချစ်သူဖြစ်ရင် သင့်ဘဝမှာ အမှားကြီးကြီးမားမား လုပ်ဖြစ်လိမ့်မယ်လို့တောင် မထင်ဘူး။

(၂)။ နူးညံ့တဲ့နှလုံးသားရှိတယ်

ဆရာတွေဆိုတာ စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတဲ့ နာ(၃)နာ နဲ့ စာသင်ပေးကြသူတွေမဟုတ်လား။ သူတို့က ကိုယ်ရဖို့ထက် ကိုယ့်ဆီက ပေးဖို့ကိုပဲ အဆင်သင့်ဖြစ်နေကြသူတွေဖြစ်ပြီး နူးညံ့တဲ့နှလုံးသား ရှိကြသူတွေပါ။ ဒီတော့ သူတို့နဲ့ချစ်သူဖြစ်ပြီဆိုရင်နူးညံ့တဲ့နှလုံးသား ပိုင်ရှင်လေးတွေနဲ့ ချစ်သူဖြစ်ရမှာမို့ သင်က အချစ်မှာ ပိုပြီး ပျော်ရွှင်ရပါလိမ့်မယ်။

(၃)။ သူစာသင်ပေးနေရတဲ့ ကလေးတွေလိုမျိုး ကိုယ့်ကိုဂရုစိုက်လိမ့်မယ်

ဆရာမလေးတွေဆိုတာက ကလေးတွေကို စာသင်ပေးနေရသူတွေဆိုတော့ လူတစ်ယောက်ကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ ကောင်းကောင်းသိထားပြီးသားတွေနော်။ ဒီတော့ သူတို့နဲ့ချစ်သူဖြစ်ရင် သင့်ကို ဂရုမစိုက်ပဲနေမှာမျိုး၊ သင့်ရဲ့စိတ်ခံစားချက်ကို အလေးမထားတာမျိုး သူတို့က ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဂရုစိုက်လွန်းလို့တောင် မနေတတ် မထိုင်တတ်တွေ ဖြစ်နေရလိမ့်ဦးမယ်။

(၄)။ တစ်ဖက်သားနားဝင်အောင် ဘယ်လိုပြောရမလဲဆိုတာ ကောင်းကောင်းသိတယ်

သူတို့က သူတို့တပည့်တွေကို ဆုံးမနေကြဆိုတော့ တစ်ဖက်သားနားဝင်အောင် ဘယ်လိုပြောရမလဲဆိုတာ ကောင်းကောင်းသိတယ်။ ကိုယ်က မဟုတ်တာ တစ်ခုခုလုပ်ထားလို့ သူတို့က ပွဲကြမ်းမယ့်သူမျိုးတွေမဟုတ်ဘူး၊ ကိုယ်လုပ်ခဲ့တာရဲ့ အကျိုးတွေ၊ အပြစ်တွေကို အေးအေးဆေးဆေးထောက်ပြပြီးဆွေးနွေးပေးမယ့် သူမျိုးတွေ။

(၅)။ သူတို့က ကိုယ်ပျော်ရွှင်ဖို့ထက် သူတပါးပျော်ရွှင်ဖို့ကိုသာ ဦးစားပေးတတ်သူတွေ

ဆရာမလေးတွေ မြင်ဖူးတယ်မို့လား။ သူတို့ရဲ့တပည့်တွေ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့အောင်ရင် သူတို့အောင်သလိုမျိုး ပျော်နေတတ်သူတွေလေ။ သူတို့က ကိုယ်ပျော်ရွှင်ဖို့ထက် သူတပါးပျော်ရွှင်ဖို့ကိုသာ ဦးစားပေးတတ်တဲ့သူမျိုးတွေပါ။ ဒီတော့ သူတို့ကြောင့် သင်ပျော်ရလိမ့်မယ်ဆိုတာလည်း မြေကြီးလက်ခတ်မလွဲပါပဲ။

crd ShweMom

Leave a Reply