Button Text! Submit original article and get paid. Find out More

ဘယ်နေရာရောက်ရောက်လူချစ်လူခင်ပေါချင်ရင်ဒါလေးတွေကိုသိထားသင့်






3. အလုပ် ကြိုးစားပါ






Credit : Buzzy

Unicode

လူမှု ဆက်ဆံရေး နယ်ပယ်မှာ နေထိုင်နေသမျှလူတွေနဲ့အချင်းမများပဲ ချစ်ခင်စွာနေထိုင်တတ်ဖို့လိုပါတယ်။ ဘယ်နေရာရောက်ရောက်နေတတ်ပြီးလူအများရဲ့ချစ်ခင်မှုကိုရအောင်ဘယ်လိုလေးတွေကိုယ့်ဘက်ကရှိသင့်တယ်ဆိုတာ …

1. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနေထိုင်ပါ။ ကိုယ့်မှာရှိတဲ့အားနည်းချက်လို့ထင်ရတဲ့အရာတွေကိုဖြည်းဖြည်းစီပြုပြင်ရင်း ဘယ်နေရာရောက်ရောက်ပွဲလယ်တင့်အောင်ကိုယ်ပိုင်အရည်ချင်းတစ်ခုအနည်းဆုံးရှိနေပါစေ။

2. ယဉ်ကျေးစွာငြင်းဆိုတတ်အောင်ကြိုးစားပါ

ကိုယ်မလုပ်ချင်တဲ့အရာ ကိုယ်မလုပ်နိုင်တဲ့အရာတွေနဲ့ပတ်သတ်ပြီး ယဉ်းကျေးစွာငြင်းတတ်အောင်ကြိုးစားပါ။ ငြင်းရတဲ့အလုပ်ကလူမှုဆက်ဆံရေးနယ်ပယ်ကိုများစွာထိခိုက်စေတာကြောင့် အထာကျကျငြင်းတတ်ဖို့လည်းလိုပါတယ်။

3. အလုပ် ကြိုးစားပါ

ဘယ်နေရာရောက်ရောက်ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင်အကောင်းဆုံးကြိုးစားပါ။ ကိုယ့် တာဝန် ကိုယ်ကျေပြီးကိုယ့်အလုပ်ကိုကြိုးစားတဲ့သူကိုနေရာတိုင်းကကြိုဆိုချင်ကြတာကြီးပါပဲ။

4. တစ်ခြားသူရဲ့စိတ် ကိုအနည်းငယ်ဖတ်တတ်အောင်လုပ်ပါ

ကိုယ်နဲ့ပေါင်းသင်းဆက်ဆံနေတဲ့လူတစ်ယောက်ရဲ့အခြေခံစိတ်သဘောထားလောက်ကိုတော့နားလည်နိုင်အောင်လုပ်ဖို့လိုပါတယ်။ လူတွေဆီကမေတ္တာကိုရဖို့ ဆိုရင်ဒီလောက်တော့သိထားသင့်ပါတယ်။

5. လူတစ်ယောက်ရဲ့စိတ်ကိုကြည့်ပြီးသူတကယ်လိုအပ်တဲ့အရာကိုကူညီပါ

လူတစ်ယောက်ရဲ့တကယ်လိုအပ်နေတဲ့ နေရာတွေမှာတတ်နိုင်သလောက်ကူညီပေးပါ။ လိုက်ပြီးရောနေတာမျိုးမဟုတ်ပဲ သူကိုယ့်အကူညီကိုတကယ်လိုအပ်လာတဲ့အချိန်လိုက်လိုက်လျောလျောနဲ့ကူညီပေးတတ်တဲ့သူမျိုးဖြစ်အောင်နေထိုင်တတ်ဖို့လိုပါတယ်။

Credit : Buzzy