Button Text! Submit original article and get paid. Find out More

သင္နဲ႔အသက္ကြာလြန္းတဲ့သူကို ခ်စ္သူအျဖစ္ေရြးမယ္ဆိုရင္ သိထားသင့္တဲ့အခ်က္ (၅)ခ်က္

သင္နဲ႔အသက္ကြာလြန္းတဲ့သူကို ခ်စ္သူအျဖစ္ေရြးမယ္ဆိုရင္ သိထားသင့္တဲ့အခ်က္ (၅)ခ်က္

အခ်စ္မွာ မ်က္စိမရွိသလို၊ အသက္အရြယ္ ကန္႕သတ္ခ်က္လည္း မရွိပါဘူး။ ဒါေပမယ့္ ခ်စ္သူနွစ္ေယာက္က အသက္အရြယ္ ကြာဟလြန္းတဲ့အခါ တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္္အလွန္ နားလည္မႈရွိၾကဖို႕ အရမ္းအေရးၾကီးပါတယ္။ ေသခ်ာတာကေတာ့ အသက္ၾကီးတဲ့သူဘက္က ပိုနားလည္ေပးရမယ္ဆိုတာပါပဲ။ ဘာပဲျဖစ္ျဖစ္ အသက္အရြယ္ ကြာဟမႈရွိတဲ့ ခ်စ္သူနွစ္ေယာက္ၾကားမွာ အခုေဖာ္ျပမယ့္ အခ်က္ေလးေတြကို သိနားလည္ထားဖို႕လိုပါတယ္။

(၁) အေၾကာင္းျပခ်က္ကို သိရမယ္

သင္ဟာ သင့္ထက္ အသက္ငယ္လြန္းတဲ့သူ ဒါမွမဟုတ္ အသက္ၾကီးလြန္းတဲ့သူနဲ႕ တြဲေတာ့မယ္ဆိုရင္ အရင္ဆံုးသိထားရမွာက သူက သင့္ကို ဘာအတြက္တြဲတာလဲ ဆိုတာကိုပါ။ သူက သင့္ကိုခ်စ္လို႕၊ သင့္ရဲ႕ ရင့္က်က္မႈကို အထင္ၾကီးလို႕၊ သင့္ရဲ႕ အာမခံခ်က္ရွိတဲ့့ အလုပ္အကိုင္နဲ႕၀င္ေငြကို သေဘာက်လို႕ ..စသျဖင့္ မ်ိဳးစံုျဖစ္နိုင္တာေၾကာင့္ပါ။ ျပီးေတာ့ သင့္အေနနဲ႕လည္း သူ႕ကို ဘာအေၾကာင္းျပခ်က္နဲ႕တြဲတာလည္းဆိုတာကိုပါ သိရမွာပါ။ ဒီအေၾကာင္းအရင္းကို သိထားရင္ သင္တို႕နွစ္ေယာက္အတြက္ အဆင္ေျပဖို႕ မ်ားသြားပါျပီ။

(၂) မ်ိဳးဆက္ကြာဟမႈကို နားလည္ရမယ္

လူေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ထပ္တူအၾကိဳက္တူဖို႕ သိပ္မျဖစ္္နိုင္ေပမယ့္ အသက္သိပ္မကြာတဲ့ သူေတြကေတာ့ ေယဘုယ်အၾကိဳက္တူနိုင္ပါတယ္။ ဆယ္စုနွစ္နီးပါး အသက္ကြာသြားတဲ့အခါမွာ တခ်ိဳ႕အရာေတြမွာ အၾကိဳက္ေတြလည္း ေတာ္ေတာ္ကြာသြားနိုင္ျပီး အရာအားလံုးအေပၚ အျမင္ေတြလည္း ကြာဟသြားနိုင္ပါတယ္။ ကိစၥတစ္ခုကို သူ႕ဘက္က ျမင္ေပးဖို႕ ပိုခက္သြားတာေၾကာင့္ တစ္ေယာက္နဲ႕တစ္ေယာက္ၾကား အျငင္းပြားစရာေတြ ပိုျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ အေကာင္းဘက္က ၾကည့္မယ္ဆိုရင္ေတာ့ မတူတဲ့အေတြ႕အၾကံဳ၊ အေတြးအျမင္ေတြကို မွ်ေ၀နိုင္တဲ့ ခ်စ္သူမ်ိဳးေတြလည္းျဖစ္ေနပါေသးတယ္။

(၃) ေဘးလူေတြေ၀ဖန္တာကို ခံနိုင္ရမယ္

သင့္အေနနဲ႕ အသက္အရြယ္ ကြာဟလြန္းတဲ့သူကို ခ်စ္သူအျဖစ္ ေရြးလိုက္တဲ့အခါ မိသားစု၊ သူငယ္ခ်င္း၊ အေပါင္းအသင္းေတြရဲ႕ ကန္႕ကြက္မႈကို ခံရနိုင္ပါတယ္။ အဲ့ဒီအခါ သင္ဟာ သူ/သူမ ကိုသာ ေရြးခ်ယ္ထားတာျဖစ္ျပီး အသက္အရြယ္ကို ေရြးခ်ယ္ထားတာ မဟုတ္ေၾကာင္း ရွင္းျပရမွာပါ။ တစ္ခုခုဆို “ငယ္လြန္္းတဲ့သူကို ေရြးထားလို႕” “ၾကီးလြန္းတဲ့သူကို ေရြးထားလို႕” ဆိုတဲ့ သူတို႕ရဲ႕ မွတ္ခ်က္ေတြကိုလည္း ေတာ္ေတာ္ေလး သည္းခံရမွာပါ။

(၄) အသက္ကြာဟလို႕ဆိုတဲ့စကားကို ထပ္တလဲလဲမေျပာသင့္

သင္ကိုယ္တိုင္ကလည္း တစ္ခုခုျဖစ္တာနဲ႕ သင္တို႕နွစ္ေယာက္ အသက္ကြာလို႕ဆိုတဲ့စကားကို ခဏခဏမေျပာသင့္ပါဘူး။ ဒီအသက္ကြာဟမႈကိုု နွစ္ေယာက္လံုးသိျပီး လက္ခံခဲ့ၾကျပီးျပီပဲ။ အသက္ကြာလို႕ ဆိုတဲ့စကားကိုပဲ ေျပာေနမယ့္အစား ျဖစ္တဲ့ျပႆနာကို ဘယ္လုိေျဖရွင္းမလဲဆိုတာကိုပဲ ေတြးသင့္ပါတယ္။

(၅) တျခားကြာဟမႈေတြကိုပါ နားလည္နိုင္ရမယ္

လူေတြဟာ အသက္အရြယ္အပိုင္းအျခားအလိုက္ ခႏၶာကိုယ္ျဖစ္စဥ္ေတြ၊ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြ မတူၾကပါဘူး။ သင္ေရာက္ေနတဲ့ အသက္အရြယ္နဲ႕ သူေရာက္ေနတဲ့ အသက္အရြယ္မွာ ၾကံဳေတြ႕ရမယ့္ အရာေတြကလည္း တူမွာမဟုတ္ပါဘူး။ အေၾကာင္းအရာတစ္ခုကို သင္တို႕နွစ္ေယာက္ျမင္ၾကပံုခ်င္းလည္း ဘယ္လိုမွ မတူနိုင္ပါဘူး။ ဒါေၾကာင့္ အဲ့ဒီအရာေတြနဲ႕ပတ္သက္လို႕ သင္ေရာသူေရာ နွစ္ဦးနွစ္ဖက္ နားလည္မႈရွိဖို႕ လိုအပ္ပါတယ္။

MAY THAZINHTOO

Unicode

အချစ်မှာ မျက်စိမရှိသလို၊ အသက်အရွယ် ကန့်သတ်ချက်လည်း မရှိပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ယောက်က အသက်အရွယ် ကွာဟလွန်းတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပြန််အလှန် နားလည်မှုရှိကြဖို့ အရမ်းအရေးကြီးပါတယ်။ သေချာတာကတော့ အသက်ကြီးတဲ့သူဘက်က ပိုနားလည်ပေးရမယ်ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် အသက်အရွယ် ကွာဟမှုရှိတဲ့ ချစ်သူနှစ်ယောက်ကြားမှာ အခုဖော်ပြမယ့် အချက်လေးတွေကို သိနားလည်ထားဖို့လိုပါတယ်။

(၁) အကြောင်းပြချက်ကို သိရမယ်

သင်ဟာ သင့်ထက် အသက်ငယ်လွန်းတဲ့သူ ဒါမှမဟုတ် အသက်ကြီးလွန်းတဲ့သူနဲ့ တွဲတော့မယ်ဆိုရင် အရင်ဆုံးသိထားရမှာက သူက သင့်ကို ဘာအတွက်တွဲတာလဲ ဆိုတာကိုပါ။ သူက သင့်ကိုချစ်လို့၊ သင့်ရဲ့ ရင့်ကျက်မှုကို အထင်ကြီးလို့၊ သင့်ရဲ့ အာမခံချက်ရှိတဲ့့ အလုပ်အကိုင်နဲ့ဝင်ငွေကို သဘောကျလို့ ..စသဖြင့် မျိုးစုံဖြစ်နိုင်တာကြောင့်ပါ။ ပြီးတော့ သင့်အနေနဲ့လည်း သူ့ကို ဘာအကြောင်းပြချက်နဲ့တွဲတာလည်းဆိုတာကိုပါ သိရမှာပါ။ ဒီအကြောင်းအရင်းကို သိထားရင် သင်တို့နှစ်ယောက်အတွက် အဆင်ပြေဖို့ များသွားပါပြီ။

(၂) မျိုးဆက်ကွာဟမှုကို နားလည်ရမယ်

လူတွေက တစ်ယောက်နဲ့တစ်ယောက် ထပ်တူအကြိုက်တူဖို့ သိပ်မဖြစ််နိုင်ပေမယ့် အသက်သိပ်မကွာတဲ့ သူတွေကတော့ ယေဘုယျအကြိုက်တူနိုင်ပါတယ်။ ဆယ်စုနှစ်နီးပါး အသက်ကွာသွားတဲ့အခါမှာ တချို့အရာတွေမှာ အကြိုက်တွေလည်း တော်တော်ကွာသွားနိုင်ပြီး အရာအားလုံးအပေါ် အမြင်တွေလည်း ကွာဟသွားနိုင်ပါတယ်။ ကိစ္စတစ်ခုကို သူ့ဘက်က မြင်ပေးဖို့ ပိုခက်သွားတာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြား အငြင်းပွားစရာတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ မတူတဲ့အတွေ့အကြုံ၊ အတွေးအမြင်တွေကို မျှဝေနိုင်တဲ့ ချစ်သူမျိုးတွေလည်းဖြစ်နေပါသေးတယ်။

(၃) ဘေးလူတွေဝေဖန်တာကို ခံနိုင်ရမယ်

သင့်အနေနဲ့ အသက်အရွယ် ကွာဟလွန်းတဲ့သူကို ချစ်သူအဖြစ် ရွေးလိုက်တဲ့အခါ မိသားစု၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေရဲ့ ကန့်ကွက်မှုကို ခံရနိုင်ပါတယ်။ အဲ့ဒီအခါ သင်ဟာ သူ/သူမ ကိုသာ ရွေးချယ်ထားတာဖြစ်ပြီး အသက်အရွယ်ကို ရွေးချယ်ထားတာ မဟုတ်ကြောင်း ရှင်းပြရမှာပါ။ တစ်ခုခုဆို “ငယ်လွန််းတဲ့သူကို ရွေးထားလို့” “ကြီးလွန်းတဲ့သူကို ရွေးထားလို့” ဆိုတဲ့ သူတို့ရဲ့ မှတ်ချက်တွေကိုလည်း တော်တော်လေး သည်းခံရမှာပါ။

(၄) အသက်ကွာဟလို့ဆိုတဲ့စကားကို ထပ်တလဲလဲမပြောသင့်

သင်ကိုယ်တိုင်ကလည်း တစ်ခုခုဖြစ်တာနဲ့ သင်တို့နှစ်ယောက် အသက်ကွာလို့ဆိုတဲ့စကားကို ခဏခဏမပြောသင့်ပါဘူး။ ဒီအသက်ကွာဟမှုကိုု နှစ်ယောက်လုံးသိပြီး လက်ခံခဲ့ကြပြီးပြီပဲ။ အသက်ကွာလို့ ဆိုတဲ့စကားကိုပဲ ပြောနေမယ့်အစား ဖြစ်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပဲ တွေးသင့်ပါတယ်။

(၅) တခြားကွာဟမှုတွေကိုပါ နားလည်နိုင်ရမယ်

လူတွေဟာ အသက်အရွယ်အပိုင်းအခြားအလိုက် ခန္ဓာကိုယ်ဖြစ်စဉ်တွေ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ မတူကြပါဘူး။ သင်ရောက်နေတဲ့ အသက်အရွယ်နဲ့ သူရောက်နေတဲ့ အသက်အရွယ်မှာ ကြုံတွေ့ရမယ့် အရာတွေကလည်း တူမှာမဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုကို သင်တို့နှစ်ယောက်မြင်ကြပုံချင်းလည်း ဘယ်လိုမှ မတူနိုင်ပါဘူး။ ဒါကြောင့် အဲ့ဒီအရာတွေနဲ့ပတ်သက်လို့ သင်ရောသူရော နှစ်ဦးနှစ်ဖက် နားလည်မှုရှိဖို့ လိုအပ်ပါတယ်။

MAY THAZINHTOO