Button Text! Submit original article and get paid. Find out More
လက်ထပ်ဖို့ ငြင်းဆန်တဲ့ ချစ်သူဒေါက်တာမလေးကို ရက်ရက်စက်စက်သတ်ပစ်တဲ့ကျောင်းဆရာလက်ထပ်ဖို့ ငြင်းဆန်တဲ့ ချစ်သူဒေါက်တာမလေးကို ရက်ရက်စက်စက်သတ်ပစ်တဲ့ကျောင်းဆရာ
———————————————————————–
CRD-myanmarnote
UNICODE
လက်ထပ်ဖို့ ငြင်းဆန်တဲ့ ချစ်သူဒေါက်တာမလေးကို ရက်ရက်စက်စက်သတ်ပစ်တဲ့ကျောင်းဆရာ
ကာဇက်စတန်နိုင်ငံမှာ အသက်ငယ်ငယ်လေးသာ ရှိသေးတဲ့ ဒေါက်တာမချောချောလေးတစ်ယောက်ဟာသူမချစ်သူက လက်ထပ်ခွင့်တောင်းတာကို ငြင်းဆန်ခဲ့လို့ ခေါင်းဖြတ်ပြီး အသတ်ခံခဲ့ရကြောင်းသိရပါတယ်။လူသတ်မှုကျူးလွန်သူကလည်း လူငယ်သာ ရှိသေးပြီး၊ တက္ကသိုလ်ဆရာတစ်ဦး ဖြစ်ပါတယ်။အသက်သေဆုံးသူကတော့ Nazerke Bekzhanova ဖြစ်ပြီး အသက်(၂၁)နှစ် ဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ်ကမှ ဒေါက်တာဘွဲ့ရခဲ့သူဖြစ်ပြီး သူနေထိုင်ရာ မြို့မှာတော့ တော်လွန်းလို့ အလွန်နာမည်ကြီးခဲ့သူပါ။ ဒီလိုပဲ လူသတ်တရားခံဖြစ်တဲ့ အသက်(၂၆)နှစ်အရွယ် Shyngys Bekenov ကလည်းကျောင်းသားဘဝဆရာဘဝမှာစာတော်လွန်းလို့အလွန်နာမည်ကြီးသူပါ။နှစ်ဦးသားဟာပြီးခဲ့တဲ့(၃)နှစ်လောက်ကတည်းက ချစ်သူအဖြစ် လက်တွဲခဲ့ကြသူတွေလို့ ဒေသခံသတင်းစာတွေအရ သိရပါတယ်။ ဒါပေမယ့် Nazerke ရဲ့ မိဘတွေကBekenovနဲ့သဘောမတူတဲ့အတွက်သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာထင်ထားတာထက်ပိုပြီးဝေးနေခဲ့ပါတယ်။ဒါကို လုံးဝသည်းမခံနိုင်တော့တဲ့ Bekenov က Nazerke ကို သူတို့နေထိုင်ရာ Kazakhstan မြို့အနီး၊ Tasboget ကျေးရွာအစွန်ကရေသွင်းဆည်ကြီးဆီကိုခေါ်သွားပြီးလက်ထပ်ခွင့်တောင်းခဲ့ပေမယ့်Nazerkeကမိဘတွေသဘောတူတဲ့အထိ စိတ်ရှည်ရှည်နဲ့စောင့်ဖို့၊ အခုတော့ လက်ထပ်ဖို့မဖြစ်နိုင်သေးဘူးလို့ပြောဆိုင
ြင်းဆန်ခဲ့တာပါ။ဒီမှာတင်ပဲBekenov က Nazerke ကို သူ့လက်ထပ်ခွင့်ကိုငြင်းပယ်တယ်ဆိုပြီး အသင့်ယူလာတဲ့ဓားနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ဒီလိုသတ်ဖြတ်ပြီးနောက်မှာတော့Bekenovဟာ“သူတို့နှစ်ယောက်ကိုအတူတူမြေမြှုပ်သြင်္ဂိုဟ်ပေးဖို့သေတမ်းစာရေးပြီး “သူ့ဗိုက်ကို ဓားနဲ့ထိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် အသက်မသေခဲ့ဘဲ့ ဆေးရုံမှာ အဖမ်းခံခဲ့ရပါတယ်။ Bekenov ဟာ အနည်းဆုံး ထောင်ဒဏ် (၁၅)နှစ်အထိ ချမှတ်ခံရဖို့ ရှိနေပါတယ်။