Button Text! Submit original article and get paid. Find out More

မိသားစုထဲမွာ ရင္နင့္စရာခံစားခ်က္မ်ားဆံုးဟာ ‘အငယ္ဆုံး’ ေတြပါ

မိသားစုထဲမွာ အငယ္ဆုံးေတြဟာ အခ်စ္ခံရဆုံး၊ အလုိုလိုက္ခံရဆုံးလို႕ထင္ခဲ့တယ္။ ဒါေပမယ့္ အငယ္ဆုံးေတြရဲ႕ ေနာက္ကြယ္က တကယ့္ခံစားခ်က္ေတြကေတာ့ ဒီအခ်က္ေတြပဲျဖစ္တယ္။

(၁) အနစ္နာခံရဆုံး

အၾကီးနဲ႕အငယ္ကို ယွဥ္လုိက္ရင္ အငယ္ေတြက အနစ္နာခံရဆုံးပါ။ အၾကီးေတြကိုက်ေတာ့ သားၾကီး၊ သမီးၾကီး ျဖစ္လုိ႕ဆုိျပီး ပိုခ်စ္ၾကတယ္။ အဦးဆုံးေမြးလာရေတာ့ အားလုံးရဲ႕အခ်စ္ကို အၾကီးေတြကသာခံရတယ္။ အငယ္ေတြက်ေတာ့ တစ္ခုခုဆုိတာနဲ႕ အနစ္နာခံရတယ္။ အက်ၤီ၊ ပစၥည္းေတြက အစ အၾကီးရဲ႕အက်ကို ၀တ္ရတယ္။ သုံးရတယ္။ အငယ္ေတြက အက်ီၤသစ္၊ ပစၥည္းသစ္ဆုိတာကို မပိုင္ခဲ့ရဖူးဘူး။

(၂) အခုိင္းခံရဆုံး

အငယ္ေတြက အၾကီးေတြ ခုိင္းတာကိုအခံရဆုံးပါ။ မိဘခုိင္းတာကိုလည္း အခံရဆုံးပါ။ မိဘေတြက ခုိင္းစရာရွိရင္ အၾကီးေတြကို ေမ့ျပီး အငယ္တြကိုပါ ခုိင္းတတ္ၾကတယ္။ အငယ္အမ်ားစုက အၾကီးေတြခုိင္းတာကိုလည္း လုပ္ေပးရတယ္။ အၾကီးကေမြးလာတဲ့ သားေတြသမီးေတြထိကို အကုန္လုပ္ေပးရပါတယ္။ မိသားစုထဲဲမွာေတာ့ အခုိင္းခံရဆုံးပါပဲ။

(၃) အေျပာအအဆုိခံရဆုံး

အငယ္ဆုံးေတြဟာ လူတကာေျပာသမ်ွကို ေခါင္းငုံခံရတယ္။ တစ္ခုခုကို ျပန္ရွင္းျပရင္ေတာင္ ရုိင္းတယ္ ။ အၾကီးေတြေျပာတာကို အာခံတယ္ဆုိျပီး အေျပာအဆုိခံရတယ္။ အၾကီးေတြစကားနားေထာင္ေပးခဲ့လည္း ဆုိးတယ္။ မလိမၼာဘူးပဲ အေျပာခံရတယ္။

(၄) လူရာအသြင္းမခံရဆုံး

ဒီအခ်က္ကေတာ့ ပတ္၀န္းက်င္ရဲ႕လူရာအသြင္းမခံရတာပါ။ မိသားစုထဲမွာသာ အၾကီးဆုံံးက အရာရာမွာ ထူးခၽြန္ထက္ျမတ္ေနရင္ အငယ္ေတြက လူရာအသြင္းမခံရဆုံးပါ။ လူဆုိတာ သူ႕ေနရာနဲ႕သူေတာ့ ေတာ္ၾကတာခ်ည္းပါပဲ။ အဲ့ဒါကိုမွ အၾကီးက စာေတာ္ေနရင္ အငယ္ေတြကို အၾကီးနဲ႕အႏူိင္းခံရတယ္။ ပတ္၀န္းက်င္ကအစ ” နင္က နင္အစ္မေလာက္မေတာ္ဘူး။ ညံ့လုိက္တာ” ဆုိျပီး လူရာအသြင္းမခံရပါဘူး။

(၅) အခ်ဳပ္ခ်ယ္ခံရဆုံး

အၾကီးက်ေတာ့ အရြယ္ေရာက္ေနလုိ႕ဆုိျပီး လြတ္လပ္ခြင့္ေပးထားတယ္။ အငယ္ဆုံးေတြကိုဆုိရင္ အေပးအယူနဲ႕မွလုပ္ခြင့္ေပးတယ္။ မိသားစုထဲမွာ အငယ္ဆုံးဆုိေတာ့ အငယ္ဆံုးမုိ႕လုိ႕ဆုိျပီး ခ်ဳပ္ခ်ယ္ခံရတယ္။ အေလးေပးမခံရဘူး။ မိသားစုအေရးဆုိရင္ ၀င္ေျပာပုိင္ခြင့့္မေပးဘူး။ အငယ္စကားဆုိရင္ပဲ အေလးမထားၾကဘူး။

………………………

unicode

မိသားစုထဲမှာ အငယ်ဆုံးတွေဟာ အချစ်ခံရဆုံး၊ အလိုုလိုက်ခံရဆုံးလို့ထင်ခဲ့တယ်။ ဒါပေမယ့် အငယ်ဆုံးတွေရဲ့ နောက်ကွယ်က တကယ့်ခံစားချက်တွေကတော့ ဒီအချက်တွေပဲဖြစ်တယ်။

(၁) အနစ်နာခံရဆုံး

အကြီးနဲ့အငယ်ကို ယှဉ်လိုက်ရင် အငယ်တွေက အနစ်နာခံရဆုံးပါ။ အကြီးတွေကိုကျတော့ သားကြီး၊ သမီးကြီး ဖြစ်လို့ဆိုပြီး ပိုချစ်ကြတယ်။ အဦးဆုံးမွေးလာရတော့ အားလုံးရဲ့အချစ်ကို အကြီးတွေကသာခံရတယ်။ အငယ်တွေကျတော့ တစ်ခုခုဆိုတာနဲ့ အနစ်နာခံရတယ်။ အကျင်္ီ၊ ပစ္စည်းတွေက အစ အကြီးရဲ့အကျကို ဝတ်ရတယ်။ သုံးရတယ်။ အငယ်တွေက အကျီင်္သစ်၊ ပစ္စည်းသစ်ဆိုတာကို မပိုင်ခဲ့ရဖူးဘူး။

(၂) အခိုင်းခံရဆုံး

အငယ်တွေက အကြီးတွေ ခိုင်းတာကိုအခံရဆုံးပါ။ မိဘခိုင်းတာကိုလည်း အခံရဆုံးပါ။ မိဘတွေက ခိုင်းစရာရှိရင် အကြီးတွေကို မေ့ပြီး အငယ်တွကိုပါ ခိုင်းတတ်ကြတယ်။ အငယ်အများစုက အကြီးတွေခိုင်းတာကိုလည်း လုပ်ပေးရတယ်။ အကြီးကမွေးလာတဲ့ သားတွေသမီးတွေထိကို အကုန်လုပ်ပေးရပါတယ်။ မိသားစုထဲဲမှာတော့ အခိုင်းခံရဆုံးပါပဲ။

(၃) အပြောအအဆိုခံရဆုံး

အငယ်ဆုံးတွေဟာ လူတကာပြောသမျှကို ခေါင်းငုံခံရတယ်။ တစ်ခုခုကို ပြန်ရှင်းပြရင်တောင် ရိုင်းတယ် ။ အကြီးတွေပြောတာကို အာခံတယ်ဆိုပြီး အပြောအဆိုခံရတယ်။ အကြီးတွေစကားနားထောင်ပေးခဲ့လည်း ဆိုးတယ်။ မလိမ္မာဘူးပဲ အပြောခံရတယ်။

(၄) လူရာအသွင်းမခံရဆုံး

ဒီအချက်ကတော့ ပတ်ဝန်းကျင်ရဲ့လူရာအသွင်းမခံရတာပါ။ မိသားစုထဲမှာသာ အကြီးဆုံံးက အရာရာမှာ ထူးချွန်ထက်မြတ်နေရင် အငယ်တွေက လူရာအသွင်းမခံရဆုံးပါ။ လူဆိုတာ သူ့နေရာနဲ့သူတော့ တော်ကြတာချည်းပါပဲ။ အဲ့ဒါကိုမှ အကြီးက စာတော်နေရင် အငယ်တွေကို အကြီးနဲ့အနိူင်းခံရတယ်။ ပတ်ဝန်းကျင်ကအစ ” နင်က နင်အစ်မလောက်မတော်ဘူး။ ညံ့လိုက်တာ” ဆိုပြီး လူရာအသွင်းမခံရပါဘူး။

(၅) အချုပ်ချယ်ခံရဆုံး

အကြီးကျတော့ အရွယ်ရောက်နေလို့ဆိုပြီး လွတ်လပ်ခွင့်ပေးထားတယ်။ အငယ်ဆုံးတွေကိုဆိုရင် အပေးအယူနဲ့မှလုပ်ခွင့်ပေးတယ်။ မိသားစုထဲမှာ အငယ်ဆုံးဆိုတော့ အငယ်ဆုံးမို့လို့ဆိုပြီး ချုပ်ချယ်ခံရတယ်။ အလေးပေးမခံရဘူး။ မိသားစုအရေးဆိုရင် ဝင်ပြောပိုင်ခွင့့်မပေးဘူး။ အငယ်စကားဆိုရင်ပဲ အလေးမထားကြဘူး။