Button Text! Submit original article and get paid. Find out More

အချစ်မှာ ဘယ်လိုအရာကိုမှ မျက်လုံးစုံမှိတ်ယုံကြည်လို့မရဘူး












…………………………..

unicode

ကိုယ်ကလမ်းခွဲမယ်ပြောလို့ ကိုယ်နဲ့မခွဲနိုင်လို့ပါဆိုပြီး မျက်ရည်ကျတဲ့လူမျိုးလည်း ကိုယ့်ကိုထားခဲ့နိုင်တာပဲ။

ကိုယ်ရဲ့အကောင်းအဆိုးအားလုံးကိုနားလည်ပေးပြီး အမြဲနားလည်ခွင့်လွှတ်ပေးတဲ့လူမျိုးလည်း ကိုယ့်ကိုထားခဲ့နိုင်တာပဲ။

ကိုယ့်ကိုပျော်ရွှင်အောင်အမြဲထားပြီး ဘယ်တုန်းကမှမျက်ရည်ကျအောင်မလုပ်တဲ့လူမျိုးလည်း ကိုယ့်ကိုထားခဲ့နိုင်တာပဲ

ကိုယ်မှကိုဖြစ်ပြီး အမြဲကိုယ့်အလိုတွေပဲလိုက်လုပ်ပေးပြီး ကိုယ့်စကားအားလုံးကိုနားထောင်တဲ့လူမျိုးလည်း ကိုယ့်ကိုထားခဲ့နိုင်တာပဲ။

ကိုယ်မရှိရင်မဖြစ်ပါဘူးဆိုပြီး ကိုယ့်ကိုသည်းသည်းလှုပ်ချစ်တဲ့လူမျိုးလည်း ကိုယ့်ကိုထားခဲ့နိုင်တာပဲ။

ကိုယ့်ကိုဥပေက္ခာပြုတန်ဖိုးမထားပဲ အမြဲစိတ်ဆင်းရဲဒုက္ခတွေပေးနေတဲ့လူမျိုးလည်း ကိုယ့်ကိုထားခဲ့နိုင်တာပဲ။

ဘယ်လိုလူမျိုးအပေါ်မှ အပြည့်အဝယုံကြည်ပုံအပ်စိတ်နှစ်ပြီး ချစ်နေလို့မရဘူး

လူ့စိတ်ဆိုတာအမြဲတမ်းပြောင်းလဲနေတတ်တာ အမြဲတမ်းကောင်းနေလို့ဘဝတစ်လျှောက်လုံးကောင်းမှာပါလေလို့လည်းယုံကြည်လိုက်လို့မရဘူး။

ကိုယ့်ကိုသိပ်ချစ်တဲ့လူတစ်ယောက်ဟာ ကိုယ်သိပ်ချစ်ပြီဆို ပြောင်းလဲသွားတာမျိုးတွေလည်းရှိတယ်။

သူကိုယ့်ကိုသေမလောက်ချစ်တာ သူကိုယ့်အပေါ်သေမလောက်ကောင်းတာ ဘာလို့ကိုယ့်ကိုထားသွားမှာလဲ ဘယ်တော့မှထားခဲ့မှာမဟုတ်ဘူးဆိုပြီး အပြည့်အဝယုံကြည်တတ်ကြတယ်။

အချစ်မှာ ဘယ်လိုအရာကိုမျက်လုံးစုံမှိတ်ယုံကြည်လို့မရဘူး။ ကိုယ်ယုံကြည်ပြီးခါမှ ကိုယ့်ယုံကြည်မှုကိုအလွဲသုံးစားလုပ်တတ်တဲ့လူနဲ့တွေ့တဲ့အခါ နာကျင်ခံစားမျက်ရည်ကျရမှာကိုယ်ပါ။