Button Text! Submit original article and get paid. Find out More
ဆက် PACK ကိုမှကြိုက်တဲ့မိန်းမဟာ. မင်းဗိုက်ပူလာ တဲ့အချိန်ထားခဲ့မှာပဲ … ရုပ်ချောတာကြိုက်တဲ့မိန်းမဟာ မင်းအိုမင်းလာချိန်
သိန်း၈၀၀၀တန်ကားလက်ဆောင်ပေးတဲ့ ယောက်ျားကိုလိုချင်ရင် …ကိုယ် ကိုယ်​တိုင်၌က ရုပ်ပိုင်းဆိုင်​ရာရော …စိတ်ပိုင်းဆိုင်​ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက်တန်အောင်ကြိုးစားကြပါ။
……………………….
unicode
စာသားတွေက ကြမ်းထော်နေတာပဲ
မိုက်တယ် … ရေးချက်ကို ကြိုက်လို့ ကူးပြီးပြန်တင်တာ
သိန်း၈ဝဝဝတန်ကားလက်ဆောင်ပေးတဲ့ ယောကျ်ားကိုလိုချင်ရင် …ကိုယ် ကိုယ်​တိုင်၌က ရုပ်ပိုင်းဆိုင်​ရာရော …စိတ်ပိုင်းဆိုင်​ရာပါ အနည်းဆုံး တော့သိန်း ၄ဝဝဝလောက်တန်အောင်ကြိုးစားကြပါ။
ကိုယ်တိုင်က ၁ဝတန်းလည်းမအောင် ဝင်ငွေက တလ ၂သိန်းမပြည့် ၊ ရုပ်ရည်ကရွက်ကြမ်း ရည်ကြို …မိဘကလည်း လက်လုပ် လက်စား ဘဝသမား၊
အဲ့လိုလူမျိုးတွေက သိန်း ၈၀၀၀ တန် ကားလက်ဆောင်ပေးတဲ့postကို …သူတို့ရည်းစား ကောင်လေးတွေဝေါမှာ လာလာ Tag ကြတာမြင်တော့၊
ငါ့တပည့်တွေအစားရင်နာမိတယ် …Ro ခွင့်ရှိတယ် Overtine ခွင့်မရှိဘူး။လက်ချင်းချိတ်ပြီး 200 တန်​ YBS တူတူစီးရဲတဲ့ လက်တွဲဖော် အစစ်ကိုသာရှာကြပါ သားတို့…..
မင်းဆီမှာငွေတသောင်းပဲရှိမှန်းသိရက်နဲ့ငွေ၈ဝဝဝသုံးရက်တဲ့မိန်းမဟာ မင်းသိန်း၁ဝဝရှိရင် သူ သိန်း၈ဝဖြုန်းဖို့ ဝန်လေးမှာမဟုတ်ဘူး။
မင်းမှာရှိတဲ့ငွေ၁ဝဝဝဝကိုမုန့်၂ဝဝဝဖိုးလောက်စားပြီး ကျန်တဲ့ပိုက်ဆံကိုမင်းအဆင်ပြေဖို့ အလိုက်တသိချန်ထားပေးတဲ့မိန်းမမျိုးသာ လက်တွဲဖော်ဖြစ်သင့်တယ်။
ဘူဖေးအဝစားဘယ်လောက် ဟိုဆိုင်​မှာ စားရင် ဘယ်လောက် ဒါတွေ Share ပြီး “လိုက်ကျွေးကိုကို” ဆိုတာမျိုးထက် “ကို့ကို သဲဒါမျိုးလေးချက်ကျွေးမယ်”
“ကို ဒါမျိုးလေးကြိုက်လား သဲချက်ပေးမယ်” ဆိုတာပဲ ရေးသင့်တယ်​ …တင်သင့်တယ် …Ro သင်​့တယ်။
မိန်းကလေးဖိနပ်ကို ဒူးထောက်ပြီးစီးပေးတဲ့ postတွေကို ထိုင် Share ပြီး ဒါမျိုးမှ Ro တယ်ထင်နေတာမျိုးထက်၊
ရွှေတိဂုံဘုရားကို ဖိနပ်လေးကိုယ်စီကိုင်ပြီး လှေကားထစ် တွေပေါ်တက်တိုင်​း မင်းမျက်နှာလေးကိုတစိမ့်စိမ့်ကြည့် ပြီး ပီတိဖြစ်မယ့်မိန်းကလေးမျိုးကိုသာရှာသင့်တယ်။
ကားသိပ်မက်တဲ့မိန်းမမျိုးဟာကားရှိတဲ့လူတွေ့ရင်ပါသွားမှာပဲ…ကားစုတ် ရှိတဲ့သူဆီကနေ နောက်ဆုံးပေါ် ကား​ကောင်​းရှိတဲ့သူဆီပါသွားမှာပဲ။
မင်းကိုတော့ ကျော်သူ့ ကားပေါ်တင်ရင် တင်ပေးလိမ့်မယ် …သူကတော့ ဇိမ်​ခံကားပေါ်ကနေမင်းကိုတာ့တာပြသွား မှာ​အ​သေချာဘဲ။
စည်​းစိမ်​ ချမ်းသာတာကိုမက်တဲ့မိန်းမဟာ …. မင်းထက်ချမ်းသာတဲ့သူနဲ့တွေ့ရင်ပါသွားမှာ …ဆက် pack ကိုမှကြိုက်တဲ့မိန်းမဟာ….
မင်းဗိုက်ပူလာ တဲ့အချိန်ထားခဲ့မှာပဲ … ရုပ်ချောတာကြိုက်တဲ့မိန်းမဟာ မင်းအိုမင်းလာချိန်…မင်းထက်ပိုမိုချောမောတဲ့သူနဲ့ ​တွေ့ရင်ပါသွားမှာပဲ။
မင်းမှမင်​းဘဲဖြစ်နေလို့ မင်းကို ချစ်နေတဲ့မိန်းမမျိုးကသာမင်းကိုတသက်လုံးချစ်နေမှာ ​သေချာတယ်။
မင်းဆီမှာရှိတဲ့ မင်းမလုပ်နိုင်တဲ့အရာတွေကို အပြစ်မြင် ငြူစူစောင်းမြောင်းပီး ​သောက​တွေ​ပေနေမယ့်အစား
မင်းမလုပ်နိုင်တာတွေကိုသူဝိုင်းကူပြီးမင်းလုပ်နိုင်စွမ်း ရှိတာတွေကိုအပြုံးတွေနဲ့ချီးကျူးနေမယ့်မိန်းမမျိုးကသာလျှင်မင်းကိုတဘဝလုံးစာလက်တွဲထားနိုင်မှာပါ။
ချောကလတ်နဲ့ပန်းစည်းမျှော်နေတာထက် မင်းစာမေးပွဲ မင်းအလုပ် …မင်​းရဲ့ဘဝ​နောင်​​ရေး​တွေအတွက် ဘုရားဆွမ်းတော်ကပ် ပန်းပူဇော်ပြီး ။
မင်းကွယ်ရာမှာ မင်းတဦးတည်​းအတွက် သစ္စာရှိရှိ ဆုတောင်းပေးနေမယ့်မိန်းမမျိုး ကသာ အမိနဲ့တူသောမိန်းမ…ညီမနှင့်တူသောမိန်းမ … ကျွန်​နဲ့တူ​သောမိန်​းမ မျိုးပါ။
အဲတော့ ၃သောင်းတန် ပီဇာတစ်ပြားစားရဖို့အငတ်ခံငွေ စုရဦးမယ့်အစား …၁၀၀ ကျပ်​တန် ဆမူစာလေးစားပြီး အပိုငွေကိုစုကြပါ။ ။
သားတို့ရဲ့ဆရာစွာEditing…Michael Moe Hein