Button Text! Submit original article and get paid. Find out More

ONLINE ေပၚမွာ ဘယ္ေတာ့မွ မတင္ သင့္တဲ့ RELATIONSHIP နဲ႔ ပတ္သတ္တဲ့ အရာ (၁၂) ခ်က္…

Online ေပၚမွာ ဘယ္ေတာ့မွ မတင္ သင့္တဲ့ Relationship နဲ႔ ပတ္သတ္တဲ့ အရာ (၁၂) ခ်က္

ကိုယ့္ရဲ႕ relationship အေၾကာင္းကို ဆိုရွယ္မီဒီယာမွာ ပိုစ့္တင္ျခင္းဟာ သာမာန္ ကိစၥသာ ျဖစ္ပါတယ္။ ဒါေပမယ့္ စုံတြဲတိုင္း သတိထားရမယ့္ အခ်က္က ဘယ္အရာေတြ ကိုေတာ့ မွ်ေဝသင့္ၿပီး ဘယ္လိုအရာေတြကို မမွ်ေဝသင့္ဘူး ဆိုတာကိုပါ ပဲ …. ။ တခ်ိဳ႕စုံတြဲေတြ ကေတာ့ မမွ်ေဝသင့္ တာကို မွ်ေဝမိတဲ့ အတြက္ လူအထင္ ေသးမႈ၊ ရႈံ႕ခ်မႈနဲ႔ မလိုလားအပ္တဲ့ ျပႆနာေတြကို ႀကဳံေတြၾက ရတာကို သတိထားၾကည့္ ႏိုင္ပါတယ္။ တကယ္လို႔ ကိုယ့္ရဲ႕ relationship နဲ႔ ပတ္သတ္ၿပီး ပိုစ့္တစ္ခုခု တင္ေတာ့မယ္ ဆိုရင္ အရင္ဆုံး ကိုယ့္ရဲ႕ ခ်စ္သူကို ေမးျမန္းသင့္ၿပီး ႏွစ္ေယာက္စလုံး အတြက္ ထိခိုက္မႈ မရွိတဲ့ အေၾကာင္း အရာေတြကိုသာ မွ်ေဝေပးသင့္ ပါတယ္ေနာ္ ….. ။

၁။ အိပ္ခန္းထဲက ျမင္ကြင္းေတြ

အိပ္ခန္းထဲမွာ ကိုယ့္ရဲ႕ ခ်စ္သူနဲ႔ အတူ သို႔မဟုတ္ တေယာက္တည္း ျဖစ္ေစ လူေတြကို အမ်ိဳးမ်ိဳး ထင္ျမင္ေစမယ့္ ပိုစ့္မ်ိဳးေတြကို စေနာက္ျခင္း အေနနဲ႔ ေတာင္မွ မတင္သင့္ပါဘူး။ ဒီလို တင္ျခင္းေၾကာင့္ သင္နဲ႔သင့္ခ်စ္သူကို အေပါစား ဆန္သူ၊ မရင့္က်က္သူေတြ အျဖစ္ လူေတြက ထင္မွတ္ေစ ႏိုင္ၿပီး သင္တို႔ဆက္ဆံေရးရဲ႕ ယုံၾကည္မႈ ကိုလည္း ပ်က္စီးေစႏိုင္ ပါတယ္ …. ။

၂။ ပုဂၢိဳလ္ေရးဆိုင္ရာ အေသးစိတ္ အခ်က္အလက္မ်ား

တကယ္ေတာ့ ယခုလို ပုဂၢိဳလ္ေရးနဲ႔ ဆိုင္တဲ့ အခ်က္အလက္ေတြ မွ်ေဝျခင္းကို စုံတြဲေတြမွ မဟုတ္ပါဘူး၊ သူငယ္ခ်င္း အခ်င္းခ်င္း ေတာင္မွ ေရွာင္ရွားသင့္ ပါတယ္။ ကိုယ္ငယ္ငယ္က စိတ္လြတ္ ကိုယ္လြတ္ေနပုံေတြ ကိုယ့္ရဲ႕ကေလးဘဝ ပုံေတြကို public ခ်ျပတာကို ဘယ္သူကမွ မႏွစ္သက္မွာ မဟုတ္ပါဘူး။ အျခားသူေတြရဲ႕ personal အေၾကာင္းေတြကို ေလးစားၿပီး ထိန္းသိမ္းေပးဖို႔ လိုအပ္ပါတယ္ေနာ္ …. ။

၃။ ခြၽဲႏြဲ႕ၿပီး ႐ိုျပေနတာေတြကို အရမ္းမတင္ပါနဲ႔

သင္တို႔ႏွစ္ေယာက္က တစ္ေယာက္ကို တစ္ေယာက္ ခ်စ္စႏိုးတဲ့ ေခၚတဲ့နာမည္ေျပာင္ေတြ၊ ႏွစ္ေယာက္တည္းေျပာတတ္တဲ့ လႈိ႕ဝွက္ စကားလုံးေတြကို ထိန္းသိမ္းထားသင့္ ပါတယ္။ ဒီလိုအရာေတြကို ဆိုရွယ္မီဒီယာမွာ share လိုက္ရင္ သင့္ရဲ႕ relationship အတြက္ မည္သည့္ ေလးစားမႈနဲ႔ ယုံၾကည္မႈကိုမွ ရရွိလိမ့္မည္ မဟုတ္ပါ။ ဒါ့အျပင္ သင္တို႔ ႏွစ္ေယာက္ရဲ႕ ထူးျခားတဲ့ connection ကိုလည္း ေလ်ာ့က်ေစပါလိမ့္မယ္ …. ။

၄။ သင့္ခ်စ္သူ သေဘာမက်တဲ့ ပုံေတြကို မတင္ပါနဲ႔

သင့္ရဲ႕ခ်စ္သူ ပါးစပ္ဟၿပီး အိပ္ေနတဲ့ပုံဟာ သင့္အတြက္ေတာ့ ခ်စ္စရာေကာင္းခ်င္ ေကာင္းပါလိမ့္မယ္။ ဒါ့ေပမယ့္ သူမအတြက္ေတာ့ ယခုလို ပုံပ်က္ ပန္းပ်က္ ပုံမ်ိဳးေတြကို အျခားသူေတြ ျမင္သြားမွာ မႏွစ္ၿမိဳပါဘူး။ ဒါ့ေၾကာင့္ အမွား တစ္ခုကို မလုပ္မိခင္ သူမဆီက အရင္ဆုံး ခြင့္ေတာင္းဖို႔ လိုအပ္ပါတယ္ေနာ္ …. ။

၅။ ကေတာက္ကဆ ျဖစ္တာေတြ

ကေတာက္ကဆ ျဖစ္တာေတြကို public မွာ မွ်ေဝတတ္ၿပီး မၾကာခဏ ျပန္တည့္ၾကတဲ့ စုံတြဲေတြကို သင္ျမင္ဖူး ပါလိမ့္မယ္။ တကယ္ေတာ့ ဆိုရွယ္မီဒီယာ ဆိုတာ သင္တို႔ရဲ႕ အရႈပ္ထုပ္ေတြကို ရွင္းဖို႔နဲ႔ ရင္ဖြင့္ဖို႔အတြက္ ေနရာေကာင္း တစ္ခု မဟုတ္ပါဘူး။ ယခုလို တင္တာဟာ သင့္နဲ႔ သူ႔ရဲ႕ မိသားစု၊ သူငယ္ခ်င္း၊ သူစိမ္းအားလုံး ျမင္ေတြ႕ေနရတာကို သတိရပါ။ သင္ယခုလို တင္လို႔လည္း သင့္ခ်စ္သူကလြယ္လြယ္နဲ႔ သင့္ကို ျပန္ခြင့္လႊတ္မွာ မဟုတ္ပါဘူး။ လူေတြရဲ႕ ကဲ့ရဲ႕မႈ ကိုသာ ခံရ ပါလိမ့္မယ္ …. ။

၆။ နမ္းေနတဲ့ ဆယ္ဖီေတြ

သင္တို႔ႏွစ္ေယာက္ နမ္းေနတဲ့ ဆယ္ဖီေတြကို ဘယ္သူမွျမင္ေတြ႕လိုၾကမွာမဟုတ္ပါဘူး။ အထူးသျဖင့္ သင့္ထက္အႀကီးေတြ မိဘေတြျမင္အတြက္ မေကာင္းသလို အေပါစားဆန္ေစပါတယ္။ သင့္ fri list ထဲက single fri ေတြအတြက္လည္း ယခုလိုပုံမ်ိဳးေတြကို ျမင္ရတဲ့အခါ ေကာင္းတဲ့ခံစားခ်က္ျဖစ္လာမွာမဟုတ္ပါဘူး …. ။

၇။ လက္ေဆာင္ေတြအေၾကာင္း

စုံတြဲ အေျမာက္ အမ်ားဟာ ခ်စ္သူကေဈးႀကီးတဲ့ လက္ေဆာင္ေတြ ဝယ္ေပးတဲ့ အခ်ိန္တိုင္း ဝမ္းသာအားရနဲ႔ ဆိုရွယ္မီဒီယာမွာ ႂကြားဝါ တတ္ပါတယ္။ ဒီလို တင္ျခင္းေၾကာင့္ သင့္ fri list ထဲမွာ ရွိေနတဲ့ ယခုလိုမ်ိဳး မေပးႏိုင္တဲ့ အျခား စုံတြဲေတြမွာ စိတ္ဓါတ္ က်မႈေတြ ျပႆနာေတြ ျဖစ္ေစႏိုင္ပါတယ္။ သင္တို႔ရဲ႕ႂကြယ္ဝမႈကို လူေတြ အာ႐ုံစိုက္လာေအာင္ လုပ္ေနသလို မ်ိဳးလည္း ျဖစ္ေစႏိုင္ၿပီး ငႂကြားစုံတြဲလို႔ ယူဆၾက ပါလိမ့္မယ္ ….. ။

၈။ ရန္လိုတဲ့ အေၾကာင္းအရာမ်ား

လူေတြ အေတာ္မ် ားမ်ားဟာ သူတို႔ခ်စ္သူကို ဘယ္လိုလုပ္ရင္ ဘယ္လိုျဖစ္မယ္ ဆိုတဲ့ ခ်ိန္းေျခာက္မႈဆန္ဆန္ ပိုစ့္ေတြကို တင္တတ္ၾကတာ သင္သတိထားမိ ပါလိမ့္မယ္။ တခါတေလ ခ်စ္သူနဲ႔ ပတ္သတ္ၿပီး တစ္ေယာက္ေယာက္ကို အမည္မပါပဲ ႀကိမ္းဝါးေနတာေတြ ကိုလည္း သင္ျမင္ေတြ႕ႏိုင္ ပါတယ္။ ဒီလိုပိုစ့္ေတြဟာ ကိုယ့္ရဲ႕ သဝန္တိုမႈကို ျပသရာေရာက္တယ္လို႔ ထင္မွတ္ေပမယ့္ လူအမ်ား အျမင္မွာေတာ့ သင့္ခ်စ္သူကို အထင္ေသးမႈေတြ စက္ဆုပ္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။ relationship နဲ႔ပတ္သတ္ၿပီး အျခားသူေတြရဲ႕ မွတ္ခ်က္ေတြ နဲ႔လည္း ခ်စ္သူကို ပညာေပးဟန္ေတြ မေျပာမိဖို႔ လိုပါတယ္ေနာ္ ….. ။

၉။ အေထာက္အထား သက္ေသျပတဲ့ ပိုစ့္ေတြကိုလည္း မတင္ပါနဲ႔

ေဖ့ဘြတ္က like နဲ႔ share အေရအတြက္ဟာ သင့္တို႔ relationship ဘယ္ေလာက္ထိ ေအာင္ျမင္ေနလဲဆိုတာကို တိုင္းတာလို႔ မရပါဘူး။ ကမာၻႀကီးကို သက္ေသျပဖို႔ မႀကိဳးစားပါနဲ႔။ လူေတြ ႏွစ္သက္အားက်လာေအာင္ အၿမဲတမ္း ႀကိဳးစားေနျခင္းေၾကာင့္ မစစ္မွန္တဲ့ ခံစားခ်က္နဲ႔ လုပ္ရပ္ေတြ အျမစ္တြယ္လာ တတ္ပါတယ္ …. ။

၁၀။ ေယာကၡမအေၾကာင္း အဆိုးျမင္ပိုစ့္ေတြ

တကယ္လို႔ ေယာကၡမအေၾကာင္း အဆိုးျမင္ေတြကို တင္တတ္ ရင္ေတာ့ သင္ျပဳတဲ့ ကံတရားက သင့္ေနာက္ကေန ေရာက္လာတတ္ ပါတယ္။ သင့္ေယာကၡမဟာ သင့္လက္တြဲေဖာ္ရဲ႕ မိဘေတြ ျဖစ္ပါတယ္။ ဒီလိုတင္ျခင္းဟာ သင့္လက္တြဲေဖာ္ကို နာက်င္ေစယုံ သာမက အနာဂါတ္မွာ မိသားစုအတြင္း ပဋိပကၡေတြကို ျဖစ္လာေစႏိုင္တယ္ ဆိုတာကို သတိရေပးပါတယ္ …. ။

၁၁။ သင္တို႔ လမ္းခြဲျခင္း အေၾကာင္း အေသးစိတ္ေတြ

မၾကာခင္က လမ္းခြဲလိုက္တဲ့ အတြက္ သင္ရင္ဖြင့္ခ်င္ တာေတြကို သင့္ရဲ႕ သူငယ္ခ်င္း အရင္းႀကီးေတြအား အျပင္မွာ ရင္ဖြင့္လို႔ ရပါတယ္။ ဆိုရွယ္ မီဒီယာမွာေတာ့ မဟုတ္ပါဘူး။ တကယ္လို႔ သင္ကလမ္းခြဲရတဲ့ အေၾကာင္းရင္း အေသးစိတ္ေတြကို ဆိုရွယ္မီဒီယာမွာ တင္ရင္ သင့္ရဲ႕ သူငယ္ခ်င္းေတြက သင့္ဖက္ကေန ေထာက္ခံတာေတြ၊ နာတာေတြ ရွိလာတဲ့ အတြက္ ကြန္းမန႔္ေပးၾက ပါလိမ့္မယ္။ ဒါ့အျပင္ သင့္ရဲ႕ပုံရိပ္နဲ႔ တန္ဖိုးဟာလည္း ပိုမို က်ဆင္းႏိုင္ ပါတယ္ …. ။

၁၂။ အေသးအဖြဲ႕ကိစၥတိုင္းကိုလည္း မတင္ပါနဲ႔

စုံတြဲတိုင္းဟာ ခ်စ္သူသက္တမ္ းႏွစ္ပတ္လည္ေတြ၊ ေမြးေန႔ေတြ ဆိုရင္ ပိုစ့္တင္ဖို႔ အဆင္သင့္ျဖစ္ေနတတ္ ၾကပါတယ္။ ဒီလိုအရာေတြကို တစ္ခါတစ္ေလ တင္တာက ျပႆနာ မဟုတ္ေပမယ့္ တစ္ေနကုန္ ျဖစ္ေနတာေတြကို တင္ေနရင္ေတာ့ လူေတြ မ်က္စိေနာက္ သလို သင့္တို႔ ႏွစ္ေယာက္လည္း တစ္ေယာက္ကို တစ္ေယာက္ ၿငီးေငြ႕လာ ပါလိမ့္မယ္ ေနာ္ …. ။ လူတိုင္းဟာ ကိုယ္ပိုင္ဘဝေတြ ကိုယ္စီ ရွိၾကပါတယ္။ ေန႔စဥ္ ျဖစ္ပ်က္ေနတဲ့ အရာေတြ အေသးစိတ္ကို မွ်ေဝေနဖို႔ မလိုအပ္ပါဘူး။ သင္တို႔ရဲ႕ ကိုယ္ရည္ေသြးတဲ့ ပိုစ့္ေတြကို တင္ေနမယ့္ အစား ပညာပါတဲ့ပိုစ့္ ဆင္ျခင္တုံ တရား ရွိတဲ့ ပိုစ့္ေတြကိုသာ တင္ဖို႔ တိုက္တြန္းလိုက္ ပါတယ္ေနာ္ ….. ။

Crd LM Naung Naung Lifestyle Myanmar

……………………….

unicode

Online ပေါ်မှာ ဘယ်တော့မှ မတင် သင့်တဲ့ Relationship နဲ့ ပတ်သတ်တဲ့ အရာ (၁၂) ချက်

ကိုယ့်ရဲ့ relationship အကြောင်းကို ဆိုရှယ်မီဒီယာမှာ ပိုစ့်တင်ခြင်းဟာ သာမာန် ကိစ္စသာ ဖြစ်ပါတယ်။ ဒါပေမယ့် စုံတွဲတိုင်း သတိထားရမယ့် အချက်က ဘယ်အရာတွေ ကိုတော့ မျှဝေသင့်ပြီး ဘယ်လိုအရာတွေကို မမျှဝေသင့်ဘူး ဆိုတာကိုပါ ပဲ …. ။ တချို့စုံတွဲတွေ ကတော့ မမျှဝေသင့် တာကို မျှဝေမိတဲ့ အတွက် လူအထင် သေးမှု၊ ရှုံ့ချမှုနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကို ကြုံတွေကြ ရတာကို သတိထားကြည့် နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ relationship နဲ့ ပတ်သတ်ပြီး ပိုစ့်တစ်ခုခု တင်တော့မယ် ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ ချစ်သူကို မေးမြန်းသင့်ပြီး နှစ်ယောက်စလုံး အတွက် ထိခိုက်မှု မရှိတဲ့ အကြောင်း အရာတွေကိုသာ မျှဝေပေးသင့် ပါတယ်နော် ….. ။

၁။ အိပ်ခန်းထဲက မြင်ကွင်းတွေ

အိပ်ခန်းထဲမှာ ကိုယ့်ရဲ့ ချစ်သူနဲ့ အတူ သို့မဟုတ် တယောက်တည်း ဖြစ်စေ လူတွေကို အမျိုးမျိုး ထင်မြင်စေမယ့် ပိုစ့်မျိုးတွေကို စနောက်ခြင်း အနေနဲ့ တောင်မှ မတင်သင့်ပါဘူး။ ဒီလို တင်ခြင်းကြောင့် သင်နဲ့သင့်ချစ်သူကို အပေါစား ဆန်သူ၊ မရင့်ကျက်သူတွေ အဖြစ် လူတွေက ထင်မှတ်စေ နိုင်ပြီး သင်တို့ဆက်ဆံရေးရဲ့ ယုံကြည်မှု ကိုလည်း ပျက်စီးစေနိုင် ပါတယ် …. ။

၂။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အသေးစိတ် အချက်အလက်များ

တကယ်တော့ ယခုလို ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တဲ့ အချက်အလက်တွေ မျှဝေခြင်းကို စုံတွဲတွေမှ မဟုတ်ပါဘူး၊ သူငယ်ချင်း အချင်းချင်း တောင်မှ ရှောင်ရှားသင့် ပါတယ်။ ကိုယ်ငယ်ငယ်က စိတ်လွတ် ကိုယ်လွတ်နေပုံတွေ ကိုယ့်ရဲ့ကလေးဘဝ ပုံတွေကို public ချပြတာကို ဘယ်သူကမှ မနှစ်သက်မှာ မဟုတ်ပါဘူး။ အခြားသူတွေရဲ့ personal အကြောင်းတွေကို လေးစားပြီး ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်နော် …. ။

၃။ ချွဲနွဲ့ပြီး ရိုပြနေတာတွေကို အရမ်းမတင်ပါနဲ့

သင်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ချစ်စနိုးတဲ့ ခေါ်တဲ့နာမည်ပြောင်တွေ၊ နှစ်ယောက်တည်းပြောတတ်တဲ့ လှို့ဝှက် စကားလုံးတွေကို ထိန်းသိမ်းထားသင့် ပါတယ်။ ဒီလိုအရာတွေကို ဆိုရှယ်မီဒီယာမှာ share လိုက်ရင် သင့်ရဲ့ relationship အတွက် မည်သည့် လေးစားမှုနဲ့ ယုံကြည်မှုကိုမှ ရရှိလိမ့်မည် မဟုတ်ပါ။ ဒါ့အပြင် သင်တို့ နှစ်ယောက်ရဲ့ ထူးခြားတဲ့ connection ကိုလည်း လျော့ကျစေပါလိမ့်မယ် …. ။

၄။ သင့်ချစ်သူ သဘောမကျတဲ့ ပုံတွေကို မတင်ပါနဲ့

သင့်ရဲ့ချစ်သူ ပါးစပ်ဟပြီး အိပ်နေတဲ့ပုံဟာ သင့်အတွက်တော့ ချစ်စရာကောင်းချင် ကောင်းပါလိမ့်မယ်။ ဒါ့ပေမယ့် သူမအတွက်တော့ ယခုလို ပုံပျက် ပန်းပျက် ပုံမျိုးတွေကို အခြားသူတွေ မြင်သွားမှာ မနှစ်မြိုပါဘူး။ ဒါ့ကြောင့် အမှား တစ်ခုကို မလုပ်မိခင် သူမဆီက အရင်ဆုံး ခွင့်တောင်းဖို့ လိုအပ်ပါတယ်နော် …. ။

၅။ ကတောက်ကဆ ဖြစ်တာတွေ

ကတောက်ကဆ ဖြစ်တာတွေကို public မှာ မျှဝေတတ်ပြီး မကြာခဏ ပြန်တည့်ကြတဲ့ စုံတွဲတွေကို သင်မြင်ဖူး ပါလိမ့်မယ်။ တကယ်တော့ ဆိုရှယ်မီဒီယာ ဆိုတာ သင်တို့ရဲ့ အရှုပ်ထုပ်တွေကို ရှင်းဖို့နဲ့ ရင်ဖွင့်ဖို့အတွက် နေရာကောင်း တစ်ခု မဟုတ်ပါဘူး။ ယခုလို တင်တာဟာ သင့်နဲ့ သူ့ရဲ့ မိသားစု၊ သူငယ်ချင်း၊ သူစိမ်းအားလုံး မြင်တွေ့နေရတာကို သတိရပါ။ သင်ယခုလို တင်လို့လည်း သင့်ချစ်သူကလွယ်လွယ်နဲ့ သင့်ကို ပြန်ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ လူတွေရဲ့ ကဲ့ရဲ့မှု ကိုသာ ခံရ ပါလိမ့်မယ် …. ။

၆။ နမ်းနေတဲ့ ဆယ်ဖီတွေ

သင်တို့နှစ်ယောက် နမ်းနေတဲ့ ဆယ်ဖီတွေကို ဘယ်သူမှမြင်တွေ့လိုကြမှာမဟုတ်ပါဘူး။ အထူးသဖြင့် သင့်ထက်အကြီးတွေ မိဘတွေမြင်အတွက် မကောင်းသလို အပေါစားဆန်စေပါတယ်။ သင့် fri list ထဲက single fri တွေအတွက်လည်း ယခုလိုပုံမျိုးတွေကို မြင်ရတဲ့အခါ ကောင်းတဲ့ခံစားချက်ဖြစ်လာမှာမဟုတ်ပါဘူး …. ။

၇။ လက်ဆောင်တွေအကြောင်း

စုံတွဲ အမြောက် အများဟာ ချစ်သူကဈေးကြီးတဲ့ လက်ဆောင်တွေ ဝယ်ပေးတဲ့ အချိန်တိုင်း ဝမ်းသာအားရနဲ့ ဆိုရှယ်မီဒီယာမှာ ကြွားဝါ တတ်ပါတယ်။ ဒီလို တင်ခြင်းကြောင့် သင့် fri list ထဲမှာ ရှိနေတဲ့ ယခုလိုမျိုး မပေးနိုင်တဲ့ အခြား စုံတွဲတွေမှာ စိတ်ဓါတ် ကျမှုတွေ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ သင်တို့ရဲ့ကြွယ်ဝမှုကို လူတွေ အာရုံစိုက်လာအောင် လုပ်နေသလို မျိုးလည်း ဖြစ်စေနိုင်ပြီး ငကြွားစုံတွဲလို့ ယူဆကြ ပါလိမ့်မယ် ….. ။

၈။ ရန်လိုတဲ့ အကြောင်းအရာများ

လူတွေ အတော်မျ ားများဟာ သူတို့ချစ်သူကို ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ် ဆိုတဲ့ ချိန်းခြောက်မှုဆန်ဆန် ပိုစ့်တွေကို တင်တတ်ကြတာ သင်သတိထားမိ ပါလိမ့်မယ်။ တခါတလေ ချစ်သူနဲ့ ပတ်သတ်ပြီး တစ်ယောက်ယောက်ကို အမည်မပါပဲ ကြိမ်းဝါးနေတာတွေ ကိုလည်း သင်မြင်တွေ့နိုင် ပါတယ်။ ဒီလိုပိုစ့်တွေဟာ ကိုယ့်ရဲ့ သဝန်တိုမှုကို ပြသရာရောက်တယ်လို့ ထင်မှတ်ပေမယ့် လူအများ အမြင်မှာတော့ သင့်ချစ်သူကို အထင်သေးမှုတွေ စက်ဆုပ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ relationship နဲ့ပတ်သတ်ပြီး အခြားသူတွေရဲ့ မှတ်ချက်တွေ နဲ့လည်း ချစ်သူကို ပညာပေးဟန်တွေ မပြောမိဖို့ လိုပါတယ်နော် ….. ။

၉။ အထောက်အထား သက်သေပြတဲ့ ပိုစ့်တွေကိုလည်း မတင်ပါနဲ့

ဖေ့ဘွတ်က like နဲ့ share အရေအတွက်ဟာ သင့်တို့ relationship ဘယ်လောက်ထိ အောင်မြင်နေလဲဆိုတာကို တိုင်းတာလို့ မရပါဘူး။ ကမ္ဘာကြီးကို သက်သေပြဖို့ မကြိုးစားပါနဲ့။ လူတွေ နှစ်သက်အားကျလာအောင် အမြဲတမ်း ကြိုးစားနေခြင်းကြောင့် မစစ်မှန်တဲ့ ခံစားချက်နဲ့ လုပ်ရပ်တွေ အမြစ်တွယ်လာ တတ်ပါတယ် …. ။

၁၀။ ယောက္ခမအကြောင်း အဆိုးမြင်ပိုစ့်တွေ

တကယ်လို့ ယောက္ခမအကြောင်း အဆိုးမြင်တွေကို တင်တတ် ရင်တော့ သင်ပြုတဲ့ ကံတရားက သင့်နောက်ကနေ ရောက်လာတတ် ပါတယ်။ သင့်ယောက္ခမဟာ သင့်လက်တွဲဖော်ရဲ့ မိဘတွေ ဖြစ်ပါတယ်။ ဒီလိုတင်ခြင်းဟာ သင့်လက်တွဲဖော်ကို နာကျင်စေယုံ သာမက အနာဂါတ်မှာ မိသားစုအတွင်း ပဋိပက္ခတွေကို ဖြစ်လာစေနိုင်တယ် ဆိုတာကို သတိရပေးပါတယ် …. ။

၁၁။ သင်တို့ လမ်းခွဲခြင်း အကြောင်း အသေးစိတ်တွေ

မကြာခင်က လမ်းခွဲလိုက်တဲ့ အတွက် သင်ရင်ဖွင့်ချင် တာတွေကို သင့်ရဲ့ သူငယ်ချင်း အရင်းကြီးတွေအား အပြင်မှာ ရင်ဖွင့်လို့ ရပါတယ်။ ဆိုရှယ် မီဒီယာမှာတော့ မဟုတ်ပါဘူး။ တကယ်လို့ သင်ကလမ်းခွဲရတဲ့ အကြောင်းရင်း အသေးစိတ်တွေကို ဆိုရှယ်မီဒီယာမှာ တင်ရင် သင့်ရဲ့ သူငယ်ချင်းတွေက သင့်ဖက်ကနေ ထောက်ခံတာတွေ၊ နာတာတွေ ရှိလာတဲ့ အတွက် ကွန်းမန့်ပေးကြ ပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့ပုံရိပ်နဲ့ တန်ဖိုးဟာလည်း ပိုမို ကျဆင်းနိုင် ပါတယ် …. ။

၁၂။ အသေးအဖွဲ့ကိစ္စတိုင်းကိုလည်း မတင်ပါနဲ့

စုံတွဲတိုင်းဟာ ချစ်သူသက်တမ် းနှစ်ပတ်လည်တွေ၊ မွေးနေ့တွေ ဆိုရင် ပိုစ့်တင်ဖို့ အဆင်သင့်ဖြစ်နေတတ် ကြပါတယ်။ ဒီလိုအရာတွေကို တစ်ခါတစ်လေ တင်တာက ပြဿနာ မဟုတ်ပေမယ့် တစ်နေကုန် ဖြစ်နေတာတွေကို တင်နေရင်တော့ လူတွေ မျက်စိနောက် သလို သင့်တို့ နှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက် ငြီးငွေ့လာ ပါလိမ့်မယ် နော် …. ။ လူတိုင်းဟာ ကိုယ်ပိုင်ဘဝတွေ ကိုယ်စီ ရှိကြပါတယ်။ နေ့စဉ် ဖြစ်ပျက်နေတဲ့ အရာတွေ အသေးစိတ်ကို မျှဝေနေဖို့ မလိုအပ်ပါဘူး။ သင်တို့ရဲ့ ကိုယ်ရည်သွေးတဲ့ ပိုစ့်တွေကို တင်နေမယ့် အစား ပညာပါတဲ့ပိုစ့် ဆင်ခြင်တုံ တရား ရှိတဲ့ ပိုစ့်တွေကိုသာ တင်ဖို့ တိုက်တွန်းလိုက် ပါတယ်နော် ….. ။

Crd LM Naung Naung Lifestyle Myanmar