Button Text! Submit original article and get paid. Find out More

ယုိယြင္းေနတဲ့ ျမန္မာျပည္က်န္းမာေရးစနစ္ရဲ႕ ေနာက္ထပ္ ေျမစာပင္ေလးတပင္ျဖစ္သြားရတဲ့ သားေလး

ရင္နာတယ္ အေဖ့သားေလးေရ၊ ငါ့သားေလး မသြားခ်င္ပါဘူးလို႔ ခဏခဏေျပာေနတဲ့ၾကားက အေဖတို႔ေခၚသြားမိခဲ့ တာေလ ဒီလိုေတြျဖစ္လာလိမ့္မယ္ဆိုတာကို အေဖသားေလး ႀကိဳမ်ားသိေနသလား သားေလးရယ္၊ သားရယ္ အေဖတို႔က ေကာင္းေစခ်င္တဲ့ ေမတၱာနဲ႔ ဒီေနရာကိုေခၚလာခဲ့မိတာပါ ငါ့သားရယ္၊ ဒါေပမဲ့ေမွ်ာ္လင့္ထားသလို ျဖစ္မလာခဲ့ပဲ မေမွ်ာ္လင့္ ထားတာေတြျဖစ္လာခဲ့ရတယ္ငါ့သားရယ္။ အေဖ့သားေလးလည္းပါတယ္ေလ ခြဲစိတ္ဆရာမႀကီး ဆီသြားေတြ႕ေတာ့ သူကေျပာတယ္ေလကြာ သားရဲ႕ေရာဂါက အူလမ္းေၾကာင္း အာရံုေၾကာအားနည္း ေနတာတဲ့ အဲဒီေနရာေလးကို စအိုကေနတစ္ဆင့္ အေသးစား ခြဲစိတ္လိုက္ရင္ ေကာင္းသြားမွာပါ၊ စိုးရိမ္စရာမရွိပါဘူး ခြဲစိတ္ၿပီး ေဆးရံုမွာေနရ ၅ ရက္ေပါ့ဆိုေတာ့ အေဖတို႔လည္း ဝမ္းသာၿပီး ေပ်ာ္သြား တာေပါ့။ ဆရာမႀကီးကို ေက်းဇူးတင္လြန္းလို႔ အေဖတို႔လက္အုပ္ေလးေတာင္ခ်ီခဲ့ၾကေသးတယ္၊။

ဒါနဲ႔ပဲ သူတို႔ခ်ိန္းလိုက္တဲ့ရက္မွာ ငါ့သားေလးကိုအေဖတို႔ျပန္ ေခၚလာခဲ့မိတာ, က်န္းမာေရး ဗဟုသုတနည္းပါးလြန္း ေတာ့ ကိုယ္ေတြထက ္တတ္ကၽြမ္းတဲ့သူေတြကို ယံုခဲ့မိတာ, ငါ့သားေလး နားလည္ေပးပါကြာ ေဆးရံုမွာလည္း ခြဲရက္ကိုေစာင့္ရင္း အရည္ပဲေသာက္ေနရတာ ၂လနီးပါးဆိုေတာ့ ငါ့သားေလးလည္း ပိန္လာၿပီေပါ့ အေဖစိတ္မေကာင္းဘူး၊၊ အဲဒီလိုေနလာရင္း တစ္ေန႔ သူတို႔ငါ့သားေလးကို ေဆးမွားသြင္းလိုက္ၾကတာ ကံေကာင္းလို႔အသက္ျပန္ရွင္လာ ခဲ့ရတာ အဲဒီအခ်ိန္ထဲက အေဖ စိတ္ထဲမွာ ဒီေဆးရံု ဒီဆရာဝန္ ဆရာမေတြကို အေဖဘဝင္မက်ခဲ့တာ၊ ဒီလိုေဆးမွားထားတဲ့ ကေလးတစ္ေယာက္ကို ေတာင္ က်န္းမာေရးစစ္ေဆးမႈ တစ္စံုတရာမျပဳလုပ္ပဲ ပစ္ထားရက္တဲ့ အဲဒီေဆးရံုက ဆရာ,ဆရာမေတြရဲ႕စိတ္ဓါတ္ကို အေဖအံ့ၾသလို႔မဆံုးျဖစ္ခဲ့ရတယ္ မင္းအေမက ျပႆနာ ႀကီးထြားမွာစိုးၿပီးတားခဲ့လို႔ အေဖဘာမွမေျပာခဲ့တာပါ။

အေဖနဲ႔ေရခ်ိဳးၿပီးတိုင္း ကစားကြင္းမွာေစာ့ေနက်ေလ အဲဒီတုန္းက video ,photo ဖိုင္ေတြ အခုထိအေဖ့ ဖုန္းထဲမွာ ရွိေန ေသးတယ္၊၊ 12.7.19 ေသာၾကာေန႔မွာ ငါ့သားေလးကို ခြဲခန္းထဲေခၚသြားၿပီး ခြဲစိတ္ၾကတယ္၊ ၂နာရီပဲ အေသးစား ခြဲစိတ္ ရမယ္ ေျပာၿပီး ၄ နာရီေက်ာ္ေလာက္ထိ သူတို႔ခြဲစိတ္ခ်ိန္ ၾကာျမင့္ခဲ့တယ္၊ ခြဲခန္းထဲ ဝင္ခါနီး ေၾကာက္ရြံ႕ေနတဲ့ အေဖ့သား မ်က္ႏွာေလးကို မ်က္စိထဲက ခုထိမထြက္ဘူးသားရယ္၊၊ ခြဲတဲ့ေန႔က ေသာၾကာေန႔ စေန တနဂၤေႏြ ၂ရက္လံုးက အစိုးရ ရံုးပိတ္ရက္ဆိုေတာ့, အဲဒီခြဲစိတ္ၿပီး၂ရက္လံုးမွာ လံုေလာက္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈမရရွိခဲ့ဘူးေပါ့ ငါ့သားရယ္။

ကိုယ္ခြဲစိတ္ထားတဲ့ လူနာကေလးေတြရဲ႕ က်န္းမာေရးအေျခအေနေတြကို တစ္ခ်က္ကေလးေတာင္ ဂ႐ုတစိုက္နဲ႔ လာမ ၾကည့္တဲ့ ခြဲစိတ္ဆရာမရဲ႕ ကိုယ့္ကိုယ္ကို ယံုၾကည္ခ်က္လြန္ကဲမႈဟာလဲ အံ့မခန္းပါပဲ၊ ဆီးပိုက္တပ္ထားေပမဲ့ အျပင္ကို ပန္းထြက္ေနလို႔ ရွိတဲ့တာဝန္က်ဆရာမကိုသြားေခၚေတာ့ လာၾကည့္တယ္ သူလုပ္လို႔မရဘူး ဆရာမႀကီးလာမွေျပာျပတဲ့၊ အမေလး ငါ့သားေရ သူတို႔ေျပာစကားနဲ႔ အထင္ႀကီး ယံုၾကည္ထား သမွ်မွားပါေပါ့လား၊ မင္းအေမမွာလဲ တစ္ေယာက္ထဲ ျပဳစုရတာ ပင္ပန္းနဲ႔ ၊ ႏွာေခါင္းပိုက္ျပဳတ္ထြက္လို႔သြားေခၚေတာ့လည္း ဆရာမအခ်ိဳ႕က ရြံသလိုပံုေတြနဲ႔ၾကည့္ၿပီး ျပန္ထြက္ သြားတယ္ေလ၊ ဆရာတစ္ေယာက္ လာလုပ္ေပးလို႔ေပါ့။

ခြဲၿပီးကထဲက အဖ်ားကလည္းတက္လိုက္ထာေနာ္ ပါးစပ္ကလည္းအန္လိုက္ ဖင္ကလည္းထြက္လိုက္ အဖ်ားကလည္း တက္လိုက္နဲ႔ ခြဲထားတာကလည္းနာ ငါ့သားေလး အရမ္းခံစားေနမွာပဲလို႔ေတြးၿပီး အေဖမ်က္ရည္က်ခဲ့မိတယ္။ ဒီၾကားထဲ ေသြးလာေဖါက္တဲ့ဆရာမ အနီမ ငါ့သားေလးကို လက္ေတြေကာ ေျခေထာက္ေတြေကာ ပြေနေအာင္ေနရာ အႏွံ႔အပ္နဲ႔ ထိုးဆြေနတာ ဘာေသြးမွမရဘူး အေဖေျပာေတာ့မွထျပန္သြားတယ္၊ ေနာက္ဆရာမေလးက်ေတာ့ ၂ခ်က္ေလာက္နဲ႔ ေသြးရတယ္၊ အသင္ေတြနဲ႔အတတ္စမ္းေတြေလ ငါ့သားေလးနာလို႔ေအာ္ေနတာ ျမင္ရတာအေဖရင္ထဲမခံစားႏိုင္ဘူး သားရယ္၊၊ကေလးတစ္ခုခုထူးျခားလို႔ သြားေခၚရင္လဲ အေအာ္ အေငါက္ကခံရေသးတယ္၊ ခြဲထားတာပဲ ဒီေလာက္ေတာ့ရွိမွာေပါ့လို႔ သူတို႔ဆရာမေတြ ေျပာၾကေသးတယ္။ စိုးရိမ္စိတ္နဲ႔ ျပာယာခတ္ေနတဲ့ အေမေတြကို မစာနာတဲ့အျပင္ ဆရာမေတြက အကဲပို တယ္လို႔ထင္ၾက ေသးတယ္ေလ။ 15.7.19 ရက္ေန႔မွာ ပါရမီေဆးရံုကို ေသြးသြားစစ္ေနတုန္း မင္းအေမဆီက ဖုန္းဝင္ လာတယ္၊ ကေလးကစိုးရိမ္ရတယ္ တဲ့ ၾကားၾကားခ်င္း ရင္ထဲမီးစနဲ႔အထိုးခံရသလိုမ်ိဳး ခံစားလိုက္ရတယ္ ငါ့သားရယ္။

အေဖေဆးရံုကိုျပန္လာေတာ့ ငါ့သားေလးက အထူးၾကပ္မတ္ေဆာင္,အေရးေပၚအခန္းထဲေရာက္ေနၿပီ၊ အေဖ ယူႀကံဳး မရျဖစ္ခဲ့ရတယ္၊ ခြဲစိတ္ေဆာင္က တာဝန္မဲ့တဲ့ ခြဲစိတ္ဆရာမနဲ႔ သူ၏လက္ေထာက္မ်ားကေတာ့ အေနမပ်က္ အစားမပ်က္ သူတို႔ခြဲစိတ္မႈေၾကာင့္ ဒီလိုျဖစ္ရတာမဟုတ္ပါဘူူးလို႔ ျငင္းၾကေသးတယ္၊ အထူးၾကပ္မတ္ေဆာင္က ဆရာဝန္ ဆရာမေတြရဲ႕ မစင္ကိုေတာင္ စားဘို႔မထိုက္တန္တဲ့ အဲဒီခြဲစိတ္ဆရာဝန္မက ကိုယ္ေတြ ဒီေလာက္ပူေဆြးေနတာေတာင္ ေငြစကားေျပာ သြားလိုက္ေသးတယ္၊ အေဖ စိတ္ကိုထိန္းၿပီး မနည္းသည္းခံလိုက္ရတယ္။

သူကေျပာသြားေသးတယ္ ကေလးရဲ႕ကံနဲ႔ အေဖအေမေတြရဲ႕ကံပဲေပါ့တဲ့ေလ ဘယ္ေလာက္ရင္နာစရာ ခံျပင္းစရာ ေကာင္းလဲ ဆိုတာ၊ ICU ကဆရာမေတြမွာေတာ့ သားေလးအသက္ကို ရတဲ့နည္းနဲ႔ျပန္ယူဘို႔ ႀကိဳးစားေနခ်ိန္မွာ စစ္ေဆးခ်က္ ထြက္ေပၚလာတယ္နဲ႔တူပါတယ္၊ အဲဒီေတာ့မွ ေနာက္တစ္ႀကိမ္ ျပန္ခြဲစိတ္ဘို႔ လာေတာင္းဆိုတယ္လို႔ သိခဲ့ရ တယ္ အေျဖက ေသြးဆိပ္တက္တာတဲ့ ေခတ္မွီစက္ကိရိယာေတြနဲ႔မ်ိဳးစံုကု ေသြးဆိုရင္လဲ ၅၀ လံုးေလာက္သြင္းၿပီး ကုခဲ့ၾက ေငြေၾကးေတြ အေျမာက္အမ်ား အကုန္က်ခံကုခဲ့ၾကေပမယ္လို႔ 25.7.19 ရက္ေန႔ ညေန၅ နာရီအခ်ိန္မွာေတာ့သားေလးဟာ ဆံုးပါးသြားခဲ့ပါတယ္။ သားေလးဆံုးသြားေတာ့ ေရာဂါရွာေဖြဘို႔အတြက္ အလႉခံပါတယ္၊ အားလံုးသေဘာမတူတဲ့ၾကားကေန ငါ့သားေလး ဘာေၾကာင့္ ဘယ္လိုျဖစ္ၿပီး ဆံုးပါးသြားခဲ့ရတာလဲဆိုတာ အေဖသိခ်င္လို႔ ခြင့္ျပဳေပးခဲ့တာပါငါ့သား၊၊ အေဖထင္ထားတဲ့ အတိုင္းပါပဲလား ငါ့သားရယ္။ သူတို႔ ခြဲစိတ္မႈလုပ္စဥ္က ေသြးေၾကာထိသြားရာကေန ေသြးယိုစိမ့္မႈျဖစ္ၿပီး အဲဒီေသြးကေန တဆင့္ ပိုးဝင္ၿပီး ခႏၶာကိုယ္အႏွံ႕အဆိပ္ေတြပ်ံ႕ေနာက္ဆံုး အတြင္းကလီစာေတြကိုထိၿပီး ငါ့သားေလး လူနဲ႔မလိုက္ေအာင္ ေဝဒနာေတြခံစားရၿပီးအသက္ဆံုးရွံုးခဲ့ရတာ၊၊ ေဆးစစ္ခ်က္အေျဖေျပာလို႔အၿပီးမွာ သူတို႔ရဲ႕ခြဲစိတ္မႈ လြဲေခ်ာ္မႈေၾကာင့္ အခုလို ျဖစ္သြားဲ
့ရတဲ့အတြက္ေတာင္းပန္ပါတယ္ တဲ့ ငါ့သားေရ။

အဲဒီစကားကို ခြဲစိတ္ဘို႔လမ္းၫႊန္တဲ့ ဆရာမနဲ႔ ခြဲစိတ္ခဲ့တဲ့ သူရဲ႕လက္ေထာက္ဆရာမက ေျပာတာမဟုတ္ဘဲ အျခား ဆရာဝန္မ ကတဆင့္ေျပာခဲ့တာပါ။ အထူးၾကပ္မတ္ေဆာင္မွာ အပူမီးေတြနဲ႔ ေသာကျဖစ္ေနတဲ့ အခ်ိန္မွာလဲ မ်က္ကြယ္ျပဳ အားေပးစကား ႏွစ္သိမ့္စကားေလး တစ္ခြန္းေတာင္ ေျပာေဖၚမရတဲ့အျပင္၊ သားေလးဆံုးသြားခ်ိန္မွာေတာင္ တာဝန္ယူမႈ တာဝန္ခံမႈမရွိပဲ ေတာင္းပန္စကားကို လူၾကံဳနဲ႔အေျပာခိုင္းခဲ့တဲ့ ခြဲစိတ္ဆရာဝန္မ ၂ ေယာက္ရဲ႕စိတ္ဓါတ္ကေတာ့ ငါ့သားေရ အေဖ ရင္နာရတယ္ ငါ့သားေရ။ ခြဲစိတ္ၿပီးတာနဲ႔ပဲ ၿပီးေရာတဲ့လား? ေသတာ ရွင္တာ သူတို႔နဲ႔မဆိုင္ေတာ့ဘူးလားလို႔ ေမးလိုက္ ခ်င္တယ္ ငါ့သားေရ ၿပီးခဲ့တာေတြ ၿပီးခဲ့ၿပီမို႔ ဒီေလာက္ေလးပဲရင္ဖြင့္ျပခဲ့တာပါ ေတြ႕ၾကံဳခံစားခဲ့ရတာေတြကေတာ့ ဒီထက္မက အဆေပါင္း မ်ားစြာပါ။

ကုိစုိး ျဖဴစင္ေစတနာ (ေလးစားမႈျဖင့္ ခရက္ဒစ္)

……………………………..

unicode

ရင်နာတယ် အဖေ့သားလေးရေ၊ ငါ့သားလေး မသွားချင်ပါဘူးလို့ ခဏခဏပြောနေတဲ့ကြားက အဖေတို့ခေါ်သွားမိခဲ့ တာလေ ဒီလိုတွေဖြစ်လာလိမ့်မယ်ဆိုတာကို အဖေသားလေး ကြိုများသိနေသလား သားလေးရယ်၊ သားရယ် အဖေတို့က ကောင်းစေချင်တဲ့ မေတ္တာနဲ့ ဒီနေရာကိုခေါ်လာခဲ့မိတာပါ ငါ့သားရယ်၊ ဒါပေမဲ့မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပဲ မမျှော်လင့် ထားတာတွေဖြစ်လာခဲ့ရတယ်ငါ့သားရယ်။ အဖေ့သားလေးလည်းပါတယ်လေ ခွဲစိတ်ဆရာမကြီး ဆီသွားတွေ့တော့ သူကပြောတယ်လေကွာ သားရဲ့ရောဂါက အူလမ်းကြောင်း အာရုံကြောအားနည်း နေတာတဲ့ အဲဒီနေရာလေးကို စအိုကနေတစ်ဆင့် အသေးစား ခွဲစိတ်လိုက်ရင် ကောင်းသွားမှာပါ၊ စိုးရိမ်စရာမရှိပါဘူး ခွဲစိတ်ပြီး ဆေးရုံမှာနေရ ၅ ရက်ပေါ့ဆိုတော့ အဖေတို့လည်း ဝမ်းသာပြီး ပျော်သွား တာပေါ့။ ဆရာမကြီးကို ကျေးဇူးတင်လွန်းလို့ အဖေတို့လက်အုပ်လေးတောင်ချီခဲ့ကြသေးတယ်၊။

ဒါနဲ့ပဲ သူတို့ချိန်းလိုက်တဲ့ရက်မှာ ငါ့သားလေးကိုအဖေတို့ပြန် ခေါ်လာခဲ့မိတာ, ကျန်းမာရေး ဗဟုသုတနည်းပါးလွန်း တော့ ကိုယ်တွေထက ်တတ်ကျွမ်းတဲ့သူတွေကို ယုံခဲ့မိတာ, ငါ့သားလေး နားလည်ပေးပါကွာ ဆေးရုံမှာလည်း ခွဲရက်ကိုစောင့်ရင်း အရည်ပဲသောက်နေရတာ ၂လနီးပါးဆိုတော့ ငါ့သားလေးလည်း ပိန်လာပြီပေါ့ အဖေစိတ်မကောင်းဘူး၊၊ အဲဒီလိုနေလာရင်း တစ်နေ့ သူတို့ငါ့သားလေးကို ဆေးမှားသွင်းလိုက်ကြတာ ကံကောင်းလို့အသက်ပြန်ရှင်လာ ခဲ့ရတာ အဲဒီအချိန်ထဲက အဖေ စိတ်ထဲမှာ ဒီဆေးရုံ ဒီဆရာဝန် ဆရာမတွေကို အဖေဘဝင်မကျခဲ့တာ၊ ဒီလိုဆေးမှားထားတဲ့ ကလေးတစ်ယောက်ကို တောင် ကျန်းမာရေးစစ်ဆေးမှု တစ်စုံတရာမပြုလုပ်ပဲ ပစ်ထားရက်တဲ့ အဲဒီဆေးရုံက ဆရာ,ဆရာမတွေရဲ့စိတ်ဓါတ်ကို အဖေအံ့သြလို့မဆုံးဖြစ်ခဲ့ရတယ် မင်းအမေက ပြဿနာ ကြီးထွားမှာစိုးပြီးတားခဲ့လို့ အဖေဘာမှမပြောခဲ့တာပါ။

အဖေနဲ့ရေချိုးပြီးတိုင်း ကစားကွင်းမှာစော့နေကျလေ အဲဒီတုန်းက video ,photo ဖိုင်တွေ အခုထိအဖေ့ ဖုန်းထဲမှာ ရှိနေ သေးတယ်၊၊ 12.7.19 သောကြာနေ့မှာ ငါ့သားလေးကို ခွဲခန်းထဲခေါ်သွားပြီး ခွဲစိတ်ကြတယ်၊ ၂နာရီပဲ အသေးစား ခွဲစိတ် ရမယ် ပြောပြီး ၄ နာရီကျော်လောက်ထိ သူတို့ခွဲစိတ်ချိန် ကြာမြင့်ခဲ့တယ်၊ ခွဲခန်းထဲ ဝင်ခါနီး ကြောက်ရွံ့နေတဲ့ အဖေ့သား မျက်နှာလေးကို မျက်စိထဲက ခုထိမထွက်ဘူးသားရယ်၊၊ ခွဲတဲ့နေ့က သောကြာနေ့ စနေ တနင်္ဂနွေ ၂ရက်လုံးက အစိုးရ ရုံးပိတ်ရက်ဆိုတော့, အဲဒီခွဲစိတ်ပြီး၂ရက်လုံးမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခဲ့ဘူးပေါ့ ငါ့သားရယ်။

ကိုယ်ခွဲစိတ်ထားတဲ့ လူနာကလေးတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို တစ်ချက်ကလေးတောင် ဂရုတစိုက်နဲ့ လာမ ကြည့်တဲ့ ခွဲစိတ်ဆရာမရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်လွန်ကဲမှုဟာလဲ အံ့မခန်းပါပဲ၊ ဆီးပိုက်တပ်ထားပေမဲ့ အပြင်ကို ပန်းထွက်နေလို့ ရှိတဲ့တာဝန်ကျဆရာမကိုသွားခေါ်တော့ လာကြည့်တယ် သူလုပ်လို့မရဘူး ဆရာမကြီးလာမှပြောပြတဲ့၊ အမလေး ငါ့သားရေ သူတို့ပြောစကားနဲ့ အထင်ကြီး ယုံကြည်ထား သမျှမှားပါပေါ့လား၊ မင်းအမေမှာလဲ တစ်ယောက်ထဲ ပြုစုရတာ ပင်ပန်းနဲ့ ၊ နှာခေါင်းပိုက်ပြုတ်ထွက်လို့သွားခေါ်တော့လည်း ဆရာမအချို့က ရွံသလိုပုံတွေနဲ့ကြည့်ပြီး ပြန်ထွက် သွားတယ်လေ၊ ဆရာတစ်ယောက် လာလုပ်ပေးလို့ပေါ့။

ခွဲပြီးကထဲက အဖျားကလည်းတက်လိုက်ထာနော် ပါးစပ်ကလည်းအန်လိုက် ဖင်ကလည်းထွက်လိုက် အဖျားကလည်း တက်လိုက်နဲ့ ခွဲထားတာကလည်းနာ ငါ့သားလေး အရမ်းခံစားနေမှာပဲလို့တွေးပြီး အဖေမျက်ရည်ကျခဲ့မိတယ်။ ဒီကြားထဲ သွေးလာဖေါက်တဲ့ဆရာမ အနီမ ငါ့သားလေးကို လက်တွေကော ခြေထောက်တွေကော ပွနေအောင်နေရာ အနှံ့အပ်နဲ့ ထိုးဆွနေတာ ဘာသွေးမှမရဘူး အဖေပြောတော့မှထပြန်သွားတယ်၊ နောက်ဆရာမလေးကျတော့ ၂ချက်လောက်နဲ့ သွေးရတယ်၊ အသင်တွေနဲ့အတတ်စမ်းတွေလေ ငါ့သားလေးနာလို့အော်နေတာ မြင်ရတာအဖေရင်ထဲမခံစားနိုင်ဘူး သားရယ်၊၊ကလေးတစ်ခုခုထူးခြားလို့ သွားခေါ်ရင်လဲ အအော် အငေါက်ကခံရသေးတယ်၊ ခွဲထားတာပဲ ဒီလောက်တော့ရှိမှာပေါ့လို့ သူတို့ဆရာမတွေ ပြောကြသေးတယ်။ စိုးရိမ်စိတ်နဲ့ ပြာယာခတ်နေတဲ့ အမေတွေကို မစာနာတဲ့အပြင် ဆရာမတွေက အကဲပို တယ်လို့ထင်ကြ သေးတယ်လေ။ 15.7.19 ရက်နေ့မှာ ပါရမီဆေးရုံကို သွေးသွားစစ်နေတုန်း မင်းအမေဆီက ဖုန်းဝင် လာတယ်၊ ကလေးကစိုးရိမ်ရတယ် တဲ့ ကြားကြားချင်း ရင်ထဲမီးစနဲ့အထိုးခံရသလိုမျိုး ခံစားလိုက်ရတယ် ငါ့သားရယ်။

အဖေဆေးရုံကိုပြန်လာတော့ ငါ့သားလေးက အထူးကြပ်မတ်ဆောင်,အရေးပေါ်အခန်းထဲရောက်နေပြီ၊ အဖေ ယူကြုံး မရဖြစ်ခဲ့ရတယ်၊ ခွဲစိတ်ဆောင်က တာဝန်မဲ့တဲ့ ခွဲစိတ်ဆရာမနဲ့ သူ၏လက်ထောက်များကတော့ အနေမပျက် အစားမပျက် သူတို့ခွဲစိတ်မှုကြောင့် ဒီလိုဖြစ်ရတာမဟုတ်ပါဘူူးလို့ ငြင်းကြသေးတယ်၊ အထူးကြပ်မတ်ဆောင်က ဆရာဝန် ဆရာမတွေရဲ့ မစင်ကိုတောင် စားဘို့မထိုက်တန်တဲ့ အဲဒီခွဲစိတ်ဆရာဝန်မက ကိုယ်တွေ ဒီလောက်ပူဆွေးနေတာတောင် ငွေစကားပြော သွားလိုက်သေးတယ်၊ အဖေ စိတ်ကိုထိန်းပြီး မနည်းသည်းခံလိုက်ရတယ်။

သူကပြောသွားသေးတယ် ကလေးရဲ့ကံနဲ့ အဖေအမေတွေရဲ့ကံပဲပေါ့တဲ့လေ ဘယ်လောက်ရင်နာစရာ ခံပြင်းစရာ ကောင်းလဲ ဆိုတာ၊ ICU ကဆရာမတွေမှာတော့ သားလေးအသက်ကို ရတဲ့နည်းနဲ့ပြန်ယူဘို့ ကြိုးစားနေချိန်မှာ စစ်ဆေးချက် ထွက်ပေါ်လာတယ်နဲ့တူပါတယ်၊ အဲဒီတော့မှ နောက်တစ်ကြိမ် ပြန်ခွဲစိတ်ဘို့ လာတောင်းဆိုတယ်လို့ သိခဲ့ရ တယ် အဖြေက သွေးဆိပ်တက်တာတဲ့ ခေတ်မှီစက်ကိရိယာတွေနဲ့မျိုးစုံကု သွေးဆိုရင်လဲ ၅၀ လုံးလောက်သွင်းပြီး ကုခဲ့ကြ ငွေကြေးတွေ အမြောက်အများ အကုန်ကျခံကုခဲ့ကြပေမယ်လို့ 25.7.19 ရက်နေ့ ညနေ၅ နာရီအချိန်မှာတော့သားလေးဟာ ဆုံးပါးသွားခဲ့ပါတယ်။ သားလေးဆုံးသွားတော့ ရောဂါရှာဖွေဘို့အတွက် အလှူခံပါတယ်၊ အားလုံးသဘောမတူတဲ့ကြားကနေ ငါ့သားလေး ဘာကြောင့် ဘယ်လိုဖြစ်ပြီး ဆုံးပါးသွားခဲ့ရတာလဲဆိုတာ အဖေသိချင်လို့ ခွင့်ပြုပေးခဲ့တာပါငါ့သား၊၊ အဖေထင်ထားတဲ့ အတိုင်းပါပဲလား ငါ့သားရယ်။ သူတို့ ခွဲစိတ်မှုလုပ်စဉ်က သွေးကြောထိသွားရာကနေ သွေးယိုစိမ့်မှုဖြစ်ပြီး အဲဒီသွေးကနေ တဆင့် ပိုးဝင်ပြီး ခန္ဓာကိုယ်အနှံ့အဆိပ်တွေပျံ့နောက်ဆုံး အတွင်းကလီစာတွေကိုထိပြီး ငါ့သားလေး လူနဲ့မလိုက်အောင် ဝေဒနာတွေခံစားရပြီးအသက်ဆုံးရှုံးခဲ့ရတာ၊၊ ဆေးစစ်ချက်အဖြေပြောလို့အပြီးမှာ သူတို့ရဲ့ခွဲစိတ်မှု လွဲချော်မှုကြောင့် အခုလို ဖြစ်သွားဲ
့ရတဲ့အတွက်တောင်းပန်ပါတယ် တဲ့ ငါ့သားရေ။

အဲဒီစကားကို ခွဲစိတ်ဘို့လမ်းညွှန်တဲ့ ဆရာမနဲ့ ခွဲစိတ်ခဲ့တဲ့ သူရဲ့လက်ထောက်ဆရာမက ပြောတာမဟုတ်ဘဲ အခြား ဆရာဝန်မ ကတဆင့်ပြောခဲ့တာပါ။ အထူးကြပ်မတ်ဆောင်မှာ အပူမီးတွေနဲ့ သောကဖြစ်နေတဲ့ အချိန်မှာလဲ မျက်ကွယ်ပြု အားပေးစကား နှစ်သိမ့်စကားလေး တစ်ခွန်းတောင် ပြောဖေါ်မရတဲ့အပြင်၊ သားလေးဆုံးသွားချိန်မှာတောင် တာဝန်ယူမှု တာဝန်ခံမှုမရှိပဲ တောင်းပန်စကားကို လူကြုံနဲ့အပြောခိုင်းခဲ့တဲ့ ခွဲစိတ်ဆရာဝန်မ ၂ ယောက်ရဲ့စိတ်ဓါတ်ကတော့ ငါ့သားရေ အဖေ ရင်နာရတယ် ငါ့သားရေ။ ခွဲစိတ်ပြီးတာနဲ့ပဲ ပြီးရောတဲ့လား? သေတာ ရှင်တာ သူတို့နဲ့မဆိုင်တော့ဘူးလားလို့ မေးလိုက် ချင်တယ် ငါ့သားရေ ပြီးခဲ့တာတွေ ပြီးခဲ့ပြီမို့ ဒီလောက်လေးပဲရင်ဖွင့်ပြခဲ့တာပါ တွေ့ကြုံခံစားခဲ့ရတာတွေကတော့ ဒီထက်မက အဆပေါင်း များစွာပါ။

ကိုစိုး ဖြူစင်စေတနာ (လေးစားမှုဖြင့် ခရက်ဒစ်)