Button Text! Submit original article and get paid. Find out More

သတိမထားမိဘဲ ချစ်သူအပေါ် သစ္စာမဲ့နေတဲ့ အပြုအမူ(၅)မျိုး

ကိုယ့်ကိုယ်ကိုတောင် သတိမထားမိဘဲ ချစ်သူအပေါ် သစ္စာမဲ့နေတဲ့ အပြုအမူ(၅)မျိုး …..

ချစ်သူရှိတဲ့ သူတိုင်းက ကိုယ့်ချစ်သူကို သူများနောက်ပါသွားမှာ စိုးရိမ်ပြီး သဝန်တိုတတ်တာက ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ချစ်သူတစ်ယောက် သင့်ကို သစ္စာမဲ့သွားမှာကို စိုးရိမ်နေပေမယ့် သင်ကိုယ်တိုင်ကရောသူ့အပေါ် သစ္စာရှိတာသေချာနေပြီလားဆိုတာ စဉ်းစားကြည့်ပါဦး။ လူတစ်ယောက်က ချစ်သူအပေါ် ကိုယ်တိုင်တောင် မသိဘဲနဲ့ သစ္စာဖောက်တဲ့အပြုအမူတွေလုပ်မိနေတတ်ပါတယ်။ သင့်ချစ်သူအပေါ်သစ္စာမဲ့သလိုဖြစ်နေတဲ့အပြုအမူတွေကတော့ ဒါတွေပါပဲ။

(၁) တခြားတစ်ယောက်နဲ့ နာရီပေါင်းများစွာ ချက်တင်လုပ်တာမျိုး …

ကိုယ့်ချစ်သူမဟုတ်တဲ့ သူတစ်ယောက်နဲ့ နာရီပေါင်းများစွာ chat နေတာကလည်း တစ်ခြားသူရဲ့အပြောအဆိုတွေမှာ သာယာနေတာကြောင့် သူ့အပေါ်သစ္စာမဲ့တာပါပဲ။ ချစ်သူမဟုတ်တဲ့သူနဲ့ အပျင်းပြေစကားတွေ အများကြီးပြောတာက ကောင်းကျိုးလည်း ဖြစ်စေမှာမဟုတ်ပါဘူး။

(၂) ချစ်သူမဟုတ်တဲ့သူနဲ့ မကြာခဏတွေ့ပြီးလည်ပတ်တာမျိုး …

ကိုယ့်ချစ်သူက ကိုယ့်ကိုဂရုမစိုက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ချစ်သူမဟုတ်တဲ့သူနဲ့ နှစ်ယောက်တည်း တွေ့တာ၊ လည်ပတ်တာတွေမလုပ်သင့်ပါဘူး။ အဲ့လိုတွေလုပ်တာကလည်း သစ္စာမရှိခြင်းတစ်မျိုးပါပဲ။

(၃) သင့်အပေါ်မရိုးသားတဲ့သူတစ်ယောက်နဲ့မျက်လုံးချင်းစကားပြောနေတာမျိုး …

love at first sight ဆိုတာ အလကားရှိနေတဲ့စကားမဟုတ်ပါဘူးနော်။ မျက်လုံးချင်းဆုံရာက ရင်တွေခုန်တတ်တာမို့ ကြည့်ရုံလေးနဲ့ သစ္စာဖောက်တာမဟုတ်ဘူးလို့ မငြင်းပါနဲ့။ ကြည့်ရုံနဲ့ သစ္စာဖောက်တယ်လို့ စွပ်စွဲတာမဟုတ်ပါဘူး။ ကြည့်တဲ့နေရာမှာ မရပ်ဘဲ မျက်လုံးချင်းစကားတွေပြောနေရင်တော့ ချစ်သူအပေါ်သစ္စာဖောက်မိဖို့ လမ်းစပေါ်ရောက်နေပြီဆိုတာ သိထားပါ။

(၄) ကိုယ့်ချစ်သူမဟုတ်တဲ့သူတစ်ယောက်ရဲ့အကြောင်းကိုမကြာခဏပြောနေတာမျိုး …

စကားအဖြစ်နဲ့ပြောတယ်ဆိုတာ စိတ်ထဲမှာရှိလို့ပါ။ ဒါကြောင့် သင့်အနေနဲ့ သင့်ချစ်သူမဟုတ်တဲ့တခြားသူတစ်ယောက်ရဲ့အကြောင်းကို မကြာခဏပြောမိနေတယ်ဆိုရင်တော့ သင့်စိတ်ခံစားချက်တွေကို သတိထားပြီး ထိန်းချုပ်သင့်နေပါပြီ။

(၅) ကိုယ့်ချစ်သူနဲ့တွေ့တဲ့အချိန်မှာတောင်တခြားတစ်ယောက်ကိုသတိရနေတာမျိုး …

အဲ့ဒီလိုအချိန်တွေဆို စိတ်အာရုံတွေက ကိုယ့်ချစ်သူဆီမှာမရှိတော့ဘဲ ပျံ့လွင့်နေတာကြောင့် ချစ်သူအပေါ်စိတ်မရှည်တာမျိုးတွေဖြစ်လာပြီး နှစ်ယောက်သားပြဿနာဖြစ်နိုင်ပါတယ်။ တခြားတစ်ယောက်အကြောင်းတွေးနေလို့ ချစ်တဲ့သူနဲ့ရန်ဖြစ်ရတဲ့အဖြစ်မျိုးတွေရှိလာပြီဆိုရင်တော့ သင်ဟာသစ္စာဖောက်တဲ့သူဖြစ်နေပါပြီ။

ကိုယ့်ကိုယ်ကိုတောင် သတိမထားမိဘဲ ချစ်သူအပေါ် သစ္စာမဲ့နေတဲ့ အပြုအမူ(၅)မျိုး …..

MAY THAZINHTOO