Button Text! Submit original article and get paid. Find out More

ကေလးဆန္ၿပီး ခ်စ္စရာေကာင္းတဲ့ခ်စ္သူေကာင္မေလးေတြရဲ႕ အျပဳအမူ(၇)မ်ိဳး

ကေလးဆန္ၿပီး ခ်စ္စရာေကာင္းတဲ့ခ်စ္သူေကာင္မေလးေတြရဲ႕ အျပဳအမူ(၇)မ်ိဳး …

ခ်စ္သူစုံတြဲတစ္တြဲမွာ ႏွစ္ေယာက္လုံးက ကေလးဆန္ၿပီး မရင့္က်က္ဘူးဆိုရင္လည္း မေကာင္းသလို၊ ႏွစ္ေယာက္လုံးက ရင့္က်က္လြန္း၊ တည္ၿငိမ္လြန္းေနရင္လည္း ပ်င္းစရာ၊ၿငီးေငြ႕စရာႀကီးျဖစ္ေနမွာပါ။ တစ္ေယာက္ကရင့္က်က္တဲ့ပုံစံမ်ိဳးျဖစ္ၿပီး ေနာက္တစ္ေယာက္က ကေလးဆန္ၿပီးဆိုးႏြဲ႕တတ္တဲ့ပုံစံမ်ိဳးဆိုရင္ အရမ္းလိုက္ဖက္တဲ့စုံတြဲေလးလို႔ေျပာရမွာပါ။ ဒီေတာ့ သင္တို႔စုံတြဲမွာ သင့္ေကာင္မေလးက ကေလးဆန္ၿပီးခ်စ္စရာေကာင္းလြန္းတဲ့သူဆိုတာသိႏိုင္မယ့္ အခ်က္ေလးေတြကိုေဖာ္ျပလိုက္ပါတယ္။

(၁) အရာအားလုံးသိခ်င္တယ္ …

ကေလးဆန္ၿပီးဆိုးတဲ့ေကာင္မေလးေတြဟာ သူတို႔ခ်စ္သူေကာင္ေလး ဘယ္သြားတယ္၊ ဘာလုပ္တယ္၊ ဘယ္သူေတြနဲ႔ဖုန္းေျပာတယ္၊ မက္ေဆ့ပို႔တယ္ ၊ အဲ့ဒါေတြကို အစအဆုံးအကုန္လုံးသိခ်င္ၾကတာေၾကာင့္ လိုက္စပ္စုတတ္တယ္။ ေတြ႕တာနဲ႔ဖုန္းကိုယူၾကည့္တတ္ၿပီး ရွိသမွ် account passward ေတာင္းတတ္တဲ့သူေတြေပါ့။

(၂) စိတ္ေကာက္လြယ္ေပမယ့္ စိတ္ေျပလြယ္တယ္အျပင္မွာပဲေတြ႕ေတြ႕၊ဖုန္းေျပာေနရင္းပဲျဖစ္ျဖစ္၊ မက္ေဆ့ပို႔ရင္းပဲျဖစ္ျဖစ္ စကားမွားသြားတာနဲ႔ ထစ္ခနဲရွိစိတ္ေကာက္တတ္တယ္။ ၿပီးရင္လည္း ခဏေလာက္ေခ်ာ့လိုက္တာနဲ႔ စိတ္ျပန္ေျပသြားမယ္။ ဒါကလည္း ျပႆနာရွာခ်င္လို႔မဟုတ္ဘဲ သူ႔အေပၚမွာ စိတ္ရွည္တာ၊ ဂ႐ုစိုက္တာကိုလိုခ်င္လို႔ပဲျဖစ္ပါတယ္။

(၃) သဝန္တိုတတ္လြန္းတယ္ …

သူငယ္ခ်င္းေတြနဲ႔အျပင္သြားတာလည္း မႀကိဳက္ဘူး၊လိုက္ခ်ဳပ္ခ်ယ္ခ်င္တယ္။ မိန္းကေလးေတြနဲ႔စကားေျပာရင္မႀကိဳက္ဘူး။ သူမႀကိဳက္တဲ့သူေတြနဲ႔ အေပါင္းအသင္းလုပ္ရင္မႀကိဳက္ဘူး။ အခ်ိန္တိုင္းသဝန္တိုလြန္းတဲ့မိန္းကေလးမ်ိဳးလည္းျဖစ္တယ္။

(၄) အလိုလိုက္ခံခ်င္တယ္ …

ကေလးဆန္တယ္ဆိုတာ အသက္အ႐ြယ္နဲ႔မဆိုင္ပါဘူး။ ကိုကိုေတြကို ဆိုးႏြဲ႕ေနတဲ့ညီမေလးေတြရွိသလို၊ ေမာင္ေလးကိုမွ ဆိုးခ်င္တဲ့ မမ ေတြလည္းရွိတာပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ အၿမဲတမ္း အလိုလိုက္အေလွ်ာ့ေပးတာကိုလိုခ်င္တဲ့ မိန္းကေလးမ်ိဳးေပါ့။

(၅) ဦးစားေပးေစခ်င္တယ္ …

ဘယ္သူနဲ႔ပဲယွဥ္လာယွဥ္လာ သူတို႔က အေရးႀကီးဆုံး၊နံပါတ္ ၁ ျဖစ္ေနတာမ်ိဳးပဲလိုခ်င္တယ္၊ နည္းနည္းေလးမွမေလွ်ာ့ႏိုင္ဘူးဆိုတဲ့သူေလးေတြေပါ့။ ဘယ္အခ်ိန္ေမးေမး သူတို႔ကိုပိုခ်စ္တယ္လို႔ပဲၾကားခ်င္တဲ့သူ၊ သူကပထမဦးစားေပးဆိုတာမ်ိဳးပဲျဖစ္ခ်င္တဲ့သူေလးေပါ့။

(၆) ေျပာသမွ်နားေထာင္ေပးေစခ်င္တယ္ …

တစ္ေန႔တာျဖစ္ခဲ့သမွ်အျဖစ္အပ်က္ေတြ၊ သူငယ္ခ်င္းေတြအေၾကာင္း၊ အလုပ္ခြင္မွာျဖစ္ပ်က္ခဲ့သမွ်အေၾကာင္းအရာေတြ၊ အလုပ္ခြင္က လူေတြအေၾကာင္းေတြအပါအဝင္ သူတို႔မႀကိဳက္တဲ့သူေတြအေၾကာင္းအတင္းေျပာတာေတြကိုပါနားေထာင္ေစခ်င္တယ္။ ဒါကလည္း နားပူေအာင္လုပ္တာမဟုတ္ဘဲ သင့္တစ္ေယာက္တည္းကိုပဲ သူ႔အေၾကာင္းေတြအားလုံးေျပာျပခ်င္လို႔ဆိုတာ သိထားသင့္ပါတယ္။

(၇) ရစ္တယ္၊ အ႐ြဲ႕တိုက္တယ္ …

သူတို႔ေလးေတြက စိတ္ေကာက္လြယ္႐ုံတင္မကဘူး၊ စိတ္ဆိုးလာရင္၊ စိတ္တိုင္းမက်တာတစ္ခုခုေတြ႕ရင္ မၿပီးႏိုင္ေအာင္ရစ္တတ္၊ အ႐ြဲ႕တိုက္တတ္ပါေသးတယ္။ ဒီလိုလုပ္တာကလည္း တမင္ျပႆနာဖန္တီးခ်င္လို႔ဆိုတာထက္ သူတို႔ကိုစိတ္ရွည္ရွည္ရွင္းျပတာကိုလိုခ်င္လို႔၊ ခ်စ္သူဆီက attention လိုခ်င္လို႔ျဖစ္ပါတယ္။

MAY THAZINHTOO

………………………….

unicode

ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ချစ်သူကောင်မလေးတွေရဲ့ အပြုအမူ(၇)မျိုး

ချစ်သူစုံတွဲတစ်တွဲမှာ နှစ်ယောက်လုံးက ကလေးဆန်ပြီး မရင့်ကျက်ဘူးဆိုရင်လည်း မကောင်းသလို၊ နှစ်ယောက်လုံးက ရင့်ကျက်လွန်း၊ တည်ငြိမ်လွန်းနေရင်လည်း ပျင်းစရာ၊ငြီးငွေ့စရာကြီးဖြစ်နေမှာပါ။ တစ်ယောက်ကရင့်ကျက်တဲ့ပုံစံမျိုးဖြစ်ပြီး နောက်တစ်ယောက်က ကလေးဆန်ပြီးဆိုးနွဲ့တတ်တဲ့ပုံစံမျိုးဆိုရင် အရမ်းလိုက်ဖက်တဲ့စုံတွဲလေးလို့ပြောရမှာပါ။ ဒီတော့ သင်တို့စုံတွဲမှာ သင့်ကောင်မလေးက ကလေးဆန်ပြီးချစ်စရာကောင်းလွန်းတဲ့သူဆိုတာသိနိုင်မယ့် အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။

(၁) အရာအားလုံးသိချင်တယ်

ကလေးဆန်ပြီးဆိုးတဲ့ကောင်မလေးတွေဟာ သူတို့ချစ်သူကောင်လေး ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘယ်သူတွေနဲ့ဖုန်းပြောတယ်၊ မက်ဆေ့ပို့တယ် ၊ အဲ့ဒါတွေကို အစအဆုံးအကုန်လုံးသိချင်ကြတာကြောင့် လိုက်စပ်စုတတ်တယ်။ တွေ့တာနဲ့ဖုန်းကိုယူကြည့်တတ်ပြီး ရှိသမျှ account passward တောင်းတတ်တဲ့သူတွေပေါ့။

(၂) စိတ်ကောက်လွယ်ပေမယ့် စိတ်ပြေလွယ်တယ်

အပြင်မှာပဲတွေ့တွေ့၊ဖုန်းပြောနေရင်းပဲဖြစ်ဖြစ်၊ မက်ဆေ့ပို့ရင်းပဲဖြစ်ဖြစ် စကားမှားသွားတာနဲ့ ထစ်ခနဲရှိစိတ်ကောက်တတ်တယ်။ ပြီးရင်လည်း ခဏလောက်ချော့လိုက်တာနဲ့ စိတ်ပြန်ပြေသွားမယ်။ ဒါကလည်း ပြဿနာရှာချင်လို့မဟုတ်ဘဲ သူ့အပေါ်မှာ စိတ်ရှည်တာ၊ ဂရုစိုက်တာကိုလိုချင်လို့ပဲဖြစ်ပါတယ်။

(၃) သဝန်တိုတတ်လွန်းတယ်

သူငယ်ချင်းတွေနဲ့အပြင်သွားတာလည်း မကြိုက်ဘူး၊လိုက်ချုပ်ချယ်ချင်တယ်။ မိန်းကလေးတွေနဲ့စကားပြောရင်မကြိုက်ဘူး။ သူမကြိုက်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ရင်မကြိုက်ဘူး။ အချိန်တိုင်းသဝန်တိုလွန်းတဲ့မိန်းကလေးမျိုးလည်းဖြစ်တယ်။

(၄) အလိုလိုက်ခံချင်တယ်

ကလေးဆန်တယ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ပါဘူး။ ကိုကိုတွေကို ဆိုးနွဲ့နေတဲ့ညီမလေးတွေရှိသလို၊ မောင်လေးကိုမှ ဆိုးချင်တဲ့ မမ တွေလည်းရှိတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်း အလိုလိုက်အလျှော့ပေးတာကိုလိုချင်တဲ့ မိန်းကလေးမျိုးပေါ့။

(၅) ဦးစားပေးစေချင်တယ်

ဘယ်သူနဲ့ပဲယှဉ်လာယှဉ်လာ သူတို့က အရေးကြီးဆုံး၊နံပါတ် ၁ ဖြစ်နေတာမျိုးပဲလိုချင်တယ်၊ နည်းနည်းလေးမှမလျှော့နိုင်ဘူးဆိုတဲ့သူလေးတွေပေါ့။ ဘယ်အချိန်မေးမေး သူတို့ကိုပိုချစ်တယ်လို့ပဲကြားချင်တဲ့သူ၊ သူကပထမဦးစားပေးဆိုတာမျိုးပဲဖြစ်ချင်တဲ့သူလေးပေါ့။

(၆) ပြောသမျှနားထောင်ပေးစေချင်တယ်

တစ်နေ့တာဖြစ်ခဲ့သမျှအဖြစ်အပျက်တွေ၊ သူငယ်ချင်းတွေအကြောင်း၊ အလုပ်ခွင်မှာဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေ၊ အလုပ်ခွင်က လူတွေအကြောင်းတွေအပါအဝင် သူတို့မကြိုက်တဲ့သူတွေအကြောင်းအတင်းပြောတာတွေကိုပါနားထောင်စေချင်တယ်။ ဒါကလည်း နားပူအောင်လုပ်တာမဟုတ်ဘဲ သင့်တစ်ယောက်တည်းကိုပဲ သူ့အကြောင်းတွေအားလုံးပြောပြချင်လို့ဆိုတာ သိထားသင့်ပါတယ်။

(၇) ရစ်တယ်၊ အရွဲ့တိုက်တယ်

သူတို့လေးတွေက စိတ်ကောက်လွယ်ရုံတင်မကဘူး၊ စိတ်ဆိုးလာရင်၊ စိတ်တိုင်းမကျတာတစ်ခုခုတွေ့ရင် မပြီးနိုင်အောင်ရစ်တတ်၊ အရွဲ့တိုက်တတ်ပါသေးတယ်။ ဒီလိုလုပ်တာကလည်း တမင်ပြဿနာဖန်တီးချင်လို့ဆိုတာထက် သူတို့ကိုစိတ်ရှည်ရှည်ရှင်းပြတာကိုလိုချင်လို့၊ ချစ်သူဆီက attention လိုချင်လို့ဖြစ်ပါတယ်။

MAY THAZINHTOO