Button Text! Submit original article and get paid. Find out More

အခ်စ္က ကိုယ့္ကို႐ွာမေတြ႔ေသးတာ ေအာက္က်ခံၿပီးလိုက္႐ွာေနစရာလိုလို႔လား?

အခ်စ္က ကိုယ့္ကို႐ွာမေတြ႔ေသးတာ ေအာက္က်ခံၿပီးလိုက္႐ွာေနစရာလိုလို႔လား?

အတုအစစ္ခြဲရခက္ခက္ေတြၾကား ဘယ္သူ႔အခ်စ္ကေရာ အစစ္လို႔ယံုၾကည္ရသလဲ?

ေမ်ွာ္လင့္ျခင္းနဲ႔ ျဖစ္တည္လာမဲ့အရာတိုင္းကို

သေဘာမက်တတ္တဲ့ အခါ

အတၱ နဲ႔တပ္မက္မႈတို႔ရဲ႕အ႐ႈံးအျမတ္ေစ်းကစားပြဲေတြမွာ

႐ိုးသား လြန္းတဲ့ႏွလံုးသားေလး

ကြၽန္အျဖစ္ေတာ့ေရာင္းစား့မခံႏိုင္ဘူးေလ

ကိုယ့္ဘဝကို

ကိုယ့္ခြန္အားနဲ႔

ကိုယ့္လမ္းကိုယ္ေဖာက္ႏိုင္တဲ့သူတစ္ေယာက္အတြက္

အခ်စ္ဆိုတာ—–ကဗ်ာေရးၿပီးfeelေလာက္ရံုထက္မပိုေတာ့ဘူး

စိတ္ကူး ေတြ အစီအစဥ္ေတြ႐ွိတာေပါ့

မုန္႔စားၿပီးစာအုပ္ဖတ္မယ္

ခရီးထြက္ၿပီး႐ႈခင္းၾကည့္မယ္

အလုပ္ႀကိဳးစားၿပီးကုသိုလ္ျပဳမယ္

ဘယ္အခ်ိန္ၾကည့္ၾကည့္လွေအာင္ျပံဳးမယ္

သမာအာဇီက်က်ေငြ႐ွာၿပီးႏြမ္းပါးသူေတြရဲ႕

အပူေတြကိုကူညီေျဖေလ်ာ့ေပးမယ္

မိဘမဲ့ ပညာမဲ့ေတြအတြက္ အားေပးသူအျဖစ္ရပ္တည္မယ္

ေဖေဖနဲ႔ေမေမ အတြက္

စိတ္ပါလက္ပါFA လုပ္မယ္

ရခဲလွတဲ့လူ႔ဘဝ

အခ်စ္ထက္ပိုလိုအပ္တာေတြအမ်ားႀကီးပါ။

အခ်စ္ အခ်စ္ အခ်စ္နဲ႔

ကိုယ့္ကိုယ္ကိုယ္ႏွစ္ေနတဲ့အထဲလံုးဝမပါဘူးကြယ္

စႏိုးျဖဴ

————————–

unicode

အချစ်က ကိုယ့်ကိုရှာမတွေ့သေးတာ အောက်ကျခံပြီးလိုက်ရှာနေစရာလိုလို့လား?

အတုအစစ်ခွဲရခက်ခက်တွေကြား ဘယ်သူ့အချစ်ကရော အစစ်လို့ယုံကြည်ရသလဲ?

မျှော်လင့်ခြင်းနဲ့ ဖြစ်တည်လာမဲ့အရာတိုင်းကို

သဘောမကျတတ်တဲ့ အခါ

အတ္တ နဲ့တပ်မက်မှုတို့ရဲ့အရှုံးအမြတ်စျေးကစားပွဲတွေမှာ

ရိုးသား လွန်းတဲ့နှလုံးသားလေး

ကျွန်အဖြစ်တော့ရောင်းစား့မခံနိုင်ဘူးလေ

ကိုယ့်ဘဝကို

ကိုယ့်ခွန်အားနဲ့

ကိုယ့်လမ်းကိုယ်ဖောက်နိုင်တဲ့သူတစ်ယောက်အတွက်

အချစ်ဆိုတာ—–ကဗျာရေးပြီးfeelလောက်ရုံထက်မပိုတော့ဘူး

စိတ်ကူး တွေ အစီအစဉ်တွေရှိတာပေါ့

မုန့်စားပြီးစာအုပ်ဖတ်မယ်

ခရီးထွက်ပြီးရှုခင်းကြည့်မယ်

အလုပ်ကြိုးစားပြီးကုသိုလ်ပြုမယ်

ဘယ်အချိန်ကြည့်ကြည့်လှအောင်ပြုံးမယ်

သမာအာဇီကျကျငွေရှာပြီးနွမ်းပါးသူတွေရဲ့

အပူတွေကိုကူညီဖြေလျော့ပေးမယ်

မိဘမဲ့ ပညာမဲ့တွေအတွက် အားပေးသူအဖြစ်ရပ်တည်မယ်

ဖေဖေနဲ့မေမေ အတွက်

စိတ်ပါလက်ပါFA လုပ်မယ်

ရခဲလှတဲ့လူ့ဘဝ

အချစ်ထက်ပိုလိုအပ်တာတွေအများကြီးပါ။

အချစ် အချစ် အချစ်နဲ့

ကိုယ့်ကိုယ်ကိုယ်နှစ်နေတဲ့အထဲလုံးဝမပါဘူးကွယ်

စနိုးဖြူ