Button Text! Submit original article and get paid. Find out More

သင့်ကိုပြန်မချစ်တဲ့ Crush ကို ဒီနည်းလမ်းတွေနဲ့ ပြန်ချေခဲ့လိုက်ပါ…

လူတိုင်းမှာ ကိုယ့်ဖက်က တစ်ဖက်သတ်ကြိတ်ကြွေနေရတဲ့ Crush လေးတစ်ယောက်တော့ ရှိဖူးကြမှာပါ။ လူတစ်ယောက်ကို တစ်ဖက်သတ်ချစ်ရတာ လုံးဝကိုမလွယ်ကူမှန်း ချစ်ဖူးတဲ့သူတိုင်း သိကြပါတယ်။ ကိုယ့်ဖက်က ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုချေနေတာမျိုး၊ ချစ်မှန်းသိလို့ ကလိကလိဖြစ်အောင် လုပ်ပြီးမှ နောက်တစ်ယောက် တွဲသွားတာမျိုးတွေကတော့ လုံးဝမခံချင်စရာပါပဲနော်။ ဒီတော့ ကိုယ့်ကိုပြန်မချစ်တဲ့ Crush ကိုပြန်ချေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

(၁) လုံးဝစကားမပြောပါနဲ့တော့

ကိုယ့်ကို လုံးဝပြန်မချစ်မှန်းသေချာနေပြီ၊ ကိုယ့်ကို ချစ်သလိုလို၊ ဟိုလိုလိုဒီလိုလို မျှော်လင့်ချက်တွေပေးပြီး ကြိုးရှည်ရှည်နဲ့ ဆွဲထားတဲ့ Crush မျိုးဆိုရင်တော့ ခုကစပြီး စကားမပြောပါနဲ့တော့။ ကိုယ့်ဖက်ကစပြီး စကားသွားမပြောမိစေဖို့ သတိထားပါ။ ပြီးရင် သူ့ရဲ့ post တွေအောက်မှာ Like , comment တွေပေးတာမျိုး လုံးဝမလုပ်ပါနဲ့။ သင့်ဖက်က ရုတ်တရက် အဆက်ဖြတ်လိုက်တဲ့အခါ သူ့စိတ်ထဲ ဟာတာတာဖြစ်နေမှာပါ

(၂) သူစကားလာပြောတဲ့အခါ

သင့်ဖက်က စကားမပြောတော့တဲ့အခါ သူ့ဖက်က စကားလာပြောပါလိမ့်မယ်။ ဘယ်လိုစကားမျိုးပဲဖြစ်ဖြစ် ဥပမာ-ရည်းစားရသွားပြီ၊ အရမ်းလွမ်းတယ် ဆိုရင်တောင်မှ လုံးဝ မျက်စိပျက်မျက်နှာပျက် မဖြစ်မိအောင် အထူးသတိပြုပါ။ အေးအေးဆေးဆေးနဲ့ ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောပါ။ ဘယ်လောက်ပဲ ရင်ထဲမှာ ခံစားနေရရင်တောင် အပြင်ပန်းမှာတော့ အေးအေးဆေးဆေးပဲ ပြုမူနေထိုင်ပါ။ Bye ဆိုတဲ့ စကားကို သူမပြောခင် ကိုယ့်ဖက်က စပြောဖြစ်အောင်ပြောပါ

(၃) တခြားတစ်ယောက်ကို ပြောင်း Crush ကြောင်း အသိပေးလိုက်ပါ

အသိပေးလိုက်ပါ ဆိုတဲ့နေရာမှာသူ့ကို သွားပြောခိုင်းတာမဟုတ်ပါဘူး။ FB မှာ တခြားတစ်ယောက်နဲ့ပတ်သက်တဲ့ ကြည်နူးစရာခံစားချက်လေးတွေ တင်တာမျိုး၊ ကိုယ့် Idol ပုံလေးတွေတင်ပြီး သူ့ကို ဘယ်လောက်ကြွေတယ်ဆိုတာမျိုးလေးတွေပဲ များများတင်ပါ။ Crush အကြောင်းတွေ၊ Crush နဲ့ပတ်သက်တဲ့ ခံစားချက်တွေ လုံးဝလုံးဝမတင်ပါနဲ့။ တင်ချင်သပဆိုရင်တောင် only me နဲ့ပဲ တင်ပါ။ ဒါဆိုရင်တော့ သူ့စိတ်ထဲမှာ သူ့ကို သင်မချစ်တော့ဘူးဆိုတဲ့ စိုးရိမ်စိတ်မျိုးလေးဝင်လာမှာဖြစ်ပါတယ်

(၄) လုံးဝအပြုံးမပျက်ပါနဲ့

သူနဲ့စကားမပြောတော့တာနဲ့ပဲ လွမ်းပြ၊ ဆွေးပြ၊ ဝမ်းနည်းပြစရာ လုံးဝမလိုပါဘူး။ ရင်ထဲမှာ ခံစားနေရရင်တောင် လုံးဝအပြုံးမပျက်ပါနဲ့။ မဟုတ်ရင် သူ့စိတ်ထဲမှာ ဒီမိန်းကလေးက သူကြိုးဆွဲရာကမယ့် အရုပ်တစ်ရုပ်လို့ သင့်ကိုမြင်သွားမှာပါ။ ဒါကြောင့် သင့်ရဲ့ ပျော်ရွှင်ခြင်းဟာ သူ့အပေါ်မှာ မူတည်နေတာမဟုတ်ဘူးဆိုတာကို သူမြင်အောင်ပြလိုက်ပါ

(၅) အရင်ထက်ပိုလှအောင်နေပြီး ခပ်ချေချေပဲနေပါ

သင့်ရဲ့ ပုံတုံးတုံးပုံစံ၊ ရှုပ်ပွနေတဲ့ ဆံပင်၊ အဝတ်အစားတွေအားလုံးကို ပြောင်းလဲလိုက်ပါ။ ပြီးရင်တော့ အရင်ကနဲ့မတူတဲ့ တက်ကြွ၊ လန်းဆန်းတဲ့ ပုံစံအသစ်နဲ့ လှလှပပနေလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ပုန်းကွယ်နေတဲ့အလှကိုမြင်ပြီး သင့်ကို ပြန် Crush လာနိုင်ပါတယ်။ ဒီလိုမဟုတ်ရင်တောင် သင်ဟာ ခေသူမဟုတ်ဘူးဆိုတာကို သိသွားတာပေါ့

Em Em