Button Text! Submit original article and get paid. Find out More

“သူ့အတွက်”…… တစ်ယောက်ယောက်ကို မျှော်လင့်ချက်နည်းနည်းလေးနဲ့ ဖြူဖြူစင်စင်လေး ချစ်ကြည့်ပါ….

“သူ့အတွက်”……

တစ်ယောက်ယောက်ကို မျှော်လင့်ချက်နည်းနည်းလေးနဲ့ ဖြူဖြူစင်စင်လေး ချစ်ကြည့်ပါ….

ဘာဖြစ်လို့ သူ့ဘဝထဲအတင်းဝင်ချင်ရတာလဲ…ဘာဖြစ်လို့ သူ့ရဲ့အရာအားလုံး ကိုယ်ပိုင်ဆိုင်ချင်ရတာလဲ…ဘာဖြစ်လို့ သူ့ရဲ့အချိန်အားလုံး ကိုယ်ပိုင်ဆိုင်ချင်ရတာလဲ..

ပင်ပန်းလွန်းပါတယ်..ထားလိုက်ပါ…သူ့ဘဝမှာ မင်းမသိတဲ့ အမှောင်ချထားတဲ့အပိုင်းတွေ ရှိချင်ရှိနေမှာ…မင်းမလိုချင်တဲ့ အားနည်းချက်တွေ ချွတ်ယွင်းချက်တွေ ရှိချင်ရှိနေမှာ…

သူ့ရဲ့အချိန်တွေက သူချစ်တဲ့တခြားတစ်ယောက်အတွက် သူ့ရဲ့ဝါသနာတစ်ခုခုအတွက် သူ့ရဲ့မိတ်ဆွေသူငယ်ချင်းတွေအတွက် သူ့ရဲ့မိသားစုအတွက် ဖြစ်ချင်ဖြစ်နေနိုင်တယ်

သေချာတာကတော့ မင်းအတွက်မဟုတ်နိုင်ဘူး ဟုတ်ရင်လည်း ခဏပဲ စိတ်မပျက်ပါနဲ့ ဒါသူ့ဘဝ သူ့အချိန်မို့ပါ….သူ့ဘဝထဲ အတင်းဝင်ပြီးမှ မင်းမနေနိုင်တဲ့ဘဝမျိုးဖြစ်နေရင်….

သူ့ပတ်ဝန်းကျင်ထဲ အတင်းဝင်ပြီးမှ မင်းနဲ့မကိုက်ညီတဲ့ပတ်ဝန်းကျင်မျိုးဖြစ်နေရင် သူ့အချိန်တွေအတင်းလုယူပြီးမှ မင်းဆီမှာနေရတာ သူမပျော်တော့ဘူးဆိုရင်…

သူ့အချစ်ကိုအတင်းယူခဲ့ပြီးမှ သူတကယ်ချစ်နေတာ မင်းမဟုတ်နေဘူးဆိုရင်…ဘာလုပ်မလဲ….

ရိုးရိုးလေးပဲချစ်ကြည့်ပါ….သူ့ရဲ့အောင်မြင်မှုတွေကို အဝေးကပဲကြည်နူးနေတာမျိုး…သူပျော်ရွှင်နေတာကို တိတ်တိတ်ကလေး မျက်ရည်ဝဲပြီး လိုက်ပျော်နေတာမျိုး….

သူအဆင်မပြေဖြစ်နေချိန်မှာ ကိုယ်ကပါ လိုက်ပြီးပူပန်ပေးတာမျိုး…နောက်ဆုံး…သူ သူ့ချစ်သူနဲ့ လက်တွဲသွားတာတောင် Couple photo လေးတွေကို

ကိုယ့် ph ထဲမှာ save ထားတာမျိုး…တကယ်အေးချမ်းပါတယ်လေ..💙

ခံစားဖူးသလား…သူပျော်ရွှင်နေတဲ့ပုံလေးတွေမြင်ရင် ကိုယ်ပြုံးမိတာမျိုး…သူခရီးတွေသွားနေရင် ကိုယ်က အဝေးကဆုတောင်းပေးနေတာမျိုး

သူအဆင်မပြေတဲ့စာသားတွေတင်ရင် ကိုယ်ကပါ ဝမ်းနည်းလာတတ်တာမျိုး…သူ့ရဲ့ my day မှာ ကိုယ်နဲ့မဆိုင်တာတင်ထားရင်တောင် ကိုယ်ကလွမ်းနေမိတာမျိုး…

သူဆိုညည်းဖူးတဲ့သီချင်းတွေကို တနေရာရာမှာ အမှတ်တမဲ့ပြန်ကြားမိရင် ငိုင်ကျသွားတာမျိုး ပြီးတော့ နာကြင်စွာပြုံးမိတာမျိုး….

သူသုံးခဲ့တဲ့ရေမွှေးရနံ့ကို တနေရာရာမှာ ပြန်ရှူရှိုက်မိရင် ရင်ထဲကအောင့်သွားတဲ့အထိ ပြန်လွမ်းမိတာမျိုး……

ပန်းခြံထဲမှာပန်းလေးတွေအများကြီးရှိတယ် အဲဒီအထဲက ပန်းလေးတပွင့်လိုပါပဲ မြတ်နိုးလွန်းအားကြီးလို့ မခူးရက်ဘူး ခပ်ဝေးဝေးကပဲ ရနံ့လေးခံကြည့်မိတယ်

အမြဲတမ်းလည်းကြည့်နေတယ် အချိန်တန်လို့ ပန်းလေးနွမ်းသွားရင်တောင် ပွင့်ဖက်လေးတွေကြွေကြသွားရင်တောင် တယုတယနဲ့ကောက်ပြီး

သူ့အပင်ခြေရင်းနားမှာ စုပုံထားလိုက်တဲ့ ဥယျာဉ်မှူးတစ်ယောက်ရဲ့အချစ်မျိုး…အလွန်အပြစ်ကင်းလွန်းတယ် အလွန်ဖြူစင်တယ်…

အဆိပ်မရှိတဲ့ ချစ်ခြင်း….ချစ်ကြည့်ပါလား…အတူတူလက်ထပ်ဖြစ်ကြတာ တကယ်အချစ်တွေ တူညီနားလည်သွားကြတာ

ဘဝကိုနှစ်ယောက်စလုံးရဲ့ခွန်အားတွေနဲ့ ဖြတ်ကျော်ဖြစ်ကြရင်တော့ အကောင်းဆုံးပါ…

ဒါပေမယ့် မဖြစ်ခဲ့ရင်တော့………..ဝမ်းနည်းခြင်း ၊ မုန်းတီးခြင်း ၊ ကလဲ့စားချေခြင်းတွေမပါဘဲ အဖြူရောင်သက်သက်နဲ့ သူ့ကိုဆက်ချစ်နေလိုက်ပါ😊

Min Yel Kyaw Swar ❤